Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် ICC ၏ အစီအစဉ် ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအား ထိုးနှက်ရန် အမေရိကန်အစိုးရပြင်ဆင်

Htay Oung (NSS) - မေ ၂၇

ယခု အမေရိကန်သမ္မတလောင်း ယခင် သမ္မတဖြစ်ခဲ့သူ ဒေါ်နယ်ထရမ့်ဟာ ICC လို့ ခေါ်တဲ့ နိုင်ငံတကာ ရာဇ ဝတ်ခုံရုံးရဲ့ ဥပဒေအရာရှိများနဲ့ တရားရုံးများအပေါ် အပုပ်ချပြောဆိုခြင်း၊ ခုံရုံးရဲ့ ဆုံးဖြတ်ချက်များကို ပျက်ပြား စေခြင်း၊ ICC အဖွဲ့အစည်းရဲ့ လွတ်လပ်မှုအပေါ် မလေးမစားပြုလုပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားလှပါတယ်။ အခုလည်း လက်ရှိသမ္မတဖြစ်နေသူ ဂျိုးဘိုင်ဒင်ဟာ ဒေါ်နယ်ထရမ့်ရဲ့ (ချီးပေနေတဲ့) ပုဆိုးဟောင်းကြီးကိုပဲ ထုတ်ဝတ်လာပြန်တယ်လို့ သြစတြေးလျအခြေစိုက် abc သတင်းဌာနရဲ့ မြောက်အမေရိကဆိုင်ရာ ဒစ်ဂျစ် တယ်သတင်း အယ်ဒီတာ ဘရက်ဒ်ရိုင်ယန်က ဝေဖန်ရေးသားပါတယ်။ 


အမေရိကန်သမ္မတနှစ်ယောက်တင် မဟုတ်ပါဘူး၊ အစ္စရေးနဲ့ ပတ်သက်လာရင်  သူတို့တိုင်းပြည်က နိုင်ငံရေး သမားတွေဟာ ချဉ်ပတ်အိုးကြီး လိုဖြစ်နေပြီး ကန်စွန်းရွက်ထည့်ထည့် မုန်လာဥထည့်ထည့် ထည့်သမျှအကုန် ချဉ်ဖတ်ဖြစ်နေကြတယ်။ ICC ကို ဘာ့ကြောင့် ကန့်ကွက်ရတယ်ဆိုတာ အထောက်အထားပြမနေတော့ပဲ ICC ဥပဒေအရာရှိများအပေါ် ပြစ်တင် ရှုတ်ချခြင်းအားဖြင့် ပွဲချင်းပီးအောင် လုပ်တတ်ကြပါတယ်။ လွန်ခဲ့တဲ့ တနင်္လာနေ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) မှာ ဥပဒေအရာရှိက အစ္စရေးခေါင်းဆောင် များဖြစ်ကြတဲ့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယိုအတ်ဂဲလင့်နဲ့ ပါလက်စတိုင်း  ဟားမတ်စ်ခေါင်းဆောင် သုံးဦးတို့ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခဲ့ပါတယ်။  ICC မှာ ယခင်က ဒါမျိုး မရှိခဲ့ပါဘူး။ တရားရုံးရဲ့ အတိတ်သမိုင်းမှာ လစ်ဗျားက မွမ်မာကဒါဖီတို့လို ရက်စက် ကြမ်းကြုတ်တဲ့ အာဏာရှင်များနဲ့ ယူဂန်ဒါနိုင်ငံမှ ဂျိုးဇက်ကွန်နီတို့လို စစ်ခေါင်းဆောင်များသာ ဖမ်းဝရမ်းထုတ်ခဲ့ ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း စာရင်းပေါက်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ယ ခင် ICC ရဲ့ တရားခံဖြစ်ရသူတွေမှာ (အနောက်အုပ်စုရဲ့ ဆန့်ကျင်ဘက်တွေသာ ပါဝင်ပြီး) လစ်ဘရယ်ဒီမိုက ရေစီ အစိုးရခေါင်းဆောင်တွေ ပါဝင်တယ်လို့ မရှိကို မရှိခဲ့ဖူးပါဘူး။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယမ်းပုံမီးကျ ဖြစ်နေပါတယ်။ အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ICC ဆွဲချ အရာရှိရဲ့ လျှောက်ထားချက်ဟာ အင်မတန် ဒေါသထွက်စရာကောင်းတယ်လို့ ထုတ်ဖော်ပြောဆိုတဲ့အထိပါပဲ။ ဘယ်လိုနည်းနဲ့ကြည့်ကြည့် ဒီအစီအစဉ်ဟာ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ညီမျှမှု မရှိဘူးလို့ အိမ်ဖြူတော် ဂျူးလူမျိုးဆိုင်ရာ အခန်းအနားတစ်ခုမှ သြဘာလက်ခုတ်သံ တဖြောင်းဖြောင်းနဲ့ လူအုပ်ကြီးကို အမေရိ ကန် သမ္မတက မိန့်ခွန်း ခြွေလိုက်ပါတယ်။  တစ်ကမ္ဘာလုံး ရှိ ရှိသမျှ ဂျူးတို့ဘက်က ထောက်ခံပြောဆိုနေသူတွေဟာ " အစ္စရေးကိုချည့် ပြောနေကြပြီး ဟား မတ်စ်တွေ ဘာလုပ်ခဲ့လဲ ထည့်မပြောကြဘူး " ဆိုတဲ့ စကားလုံးကိုပဲ ရေလဲနဲ့ သုံးနေကြပါတယ်။ နည်းနည်း လေး နောက်ကျတယ်ဆိုနိုင်ပေမယ့် ဩစတြေးလျအစိုးရ ကိုယ်တိုင်လည်း နှုတ်သွက် အာသွက်တဲ့အထဲ ပါဝင်နေပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ICC ဥပဒေအရာရှိရဲ့ လျှောက်ထားချက်က ဟားမတ်စ်ရော အစ္စရေး တို့အကြား နှစ်ဘက်စလုံးကို သာတူညီမျှ ဖော်ပြထားခြင်း မရှိကြောင်း သတိပြုရန် အရေးကြီးပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ လူပေါင်း ၁၂,၀၀ ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံခဲ့ရမှုမှာ ဟား မတ်စ်ခေါင်းဆောင်တွေဟာ သိမ်းကျုံးသုတ်သင်ခြင်း၊ သတ်ဖြတ်ခြင်းနဲ့ အဓမ္မပြုကျင့်ခြင်း၊ ဓားစာခံများကို ညှင်းပန်းနှိပ်စက်ခြင်း အပါအဝင် ပြင်းထန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ICC ဥပဒေအရာရှိ ကာရင်ခန်က  စွပ်စွဲထားပါတယ်။ အခြားတစ်ဖက်မှာလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ် ရေးဝန်ကြီး ဂဲလင့်တို့ဟာ ဂါဇာဒေသ အရပ်သားများအပေါ် စစ်ရေးနည်းလမ်းသုံးပြီး ရည်ရွယ်ချက်ရှိရှိ ငတ်မွတ် စေရာမှာ တာဝန်ရှိတယ်လို့ စွပ်စွဲပါတယ်။

အမှုတည်ဆောက်ဖို့ စုံစမ်းစစ်ဆေးရာမှာ အဓိကအချက်အနေနဲ့ ရာဇဝတ်မှုကျူးလွန်ကြောင်းပြသရန် လုံ လောက်တဲ့ အထောက်အထားများ ရှိနေကြောင်း၊ ICC ဥပဒေအရာရှိအဖွဲ့ဟာ ယခု ဆုံးဖြတ်ချက်ကို တစ်ဦး တည်း မချခဲ့ခြင်း မဟုတ်ပဲ  လူသားချင်းစာနာမှုဥပဒေဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က သုံးသပ် အကြံပြု ချက်အရ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဂါဇာမှာ အကြီးစား ဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှု ဖြစ်နိုင်ချေနဲ့ အကြုံးဝင်ခြင်း ရှိ-မရှိ  စုံစမ်းစစ် ဆေးနေဆဲဖြစ်ပါတယ်။ ICC ဆွဲချအရာရှိကြီးရဲ့ စွပ်စွဲချက်တစ်ခုလုံးကို သုံးသပ်ကြည့်မယ်ဆိုရင် မျှမျှတတ ရပ်တည်တယ်လို့ ပြောဖို့ အင်မတန်ခက်ပါတယ်။ စုံစမ်းစစ်ဆေးမှုတစ်ခုမှာ မတူညီသောပြဿနာများကို နှိုင်းယှဉ်ခြင်းထက် သက်သေအထောက်အထားက ပိုအရေးကြီးပါတယ်။ တရားသူကြီးဟောင်းများ၊ ဥပဒေအကြံပေးများအပါအဝင် လူသားချင်းစာနာမှုဥပဒေ ဆိုင်ရာ အရည်အချင်းပြည့်မီတဲ့ ကျွမ်းကျင်သူအဖွဲ့က သက်သေအထောက်အထားများကို လေးလကြာ စစ်ဆေးခဲ့တယ်လို့ ICC ဥပဒေအရာရှိက ပြောပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသ အကူအညီကိစ္စများကို အစ္စရေး တားဆီးကန့်သတ်ထားတဲ့အတွက် အငတ်ဘေးဆိုက် ရခြင်း၊ အစားအစာသိုလှောင်ရုံများ ရေပေးဝေရေးစက်ရုံနေရာများကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထောက်ပံ့ ရေးပစ္စည်းများရယူရန် ကြိုးပမ်းစဉ် ပါလက်စတိုင်းသားများ တိုက်ခိုက်ခံခဲ့ရပြီး အကူအညီပေးရေး ဝန်ထမ်းများ လည်း လစဉ် သေဆုံးနေရတယ်လို့ ပြောပါတယ်။ အစ္စရေးကတော့ ဒီလို လုပ်ရခြင်းဟာ နယ်မြေအတွင်း လက် နက်များ ပျံ့နှံမသွားအောင် တားဆီးခြင်းသာ ဖြစ်ပြီး တမင်ရည်ရွယ်ခြင်း မရှိကြောင်း ကုလသမဂ္ဂ၊ လူသား ချင်း စာနာမှု ဆိုင်ရာအဖွဲ့များနဲ့ ဟားမတ်စ်အဖွဲ့တို့ရဲ့ စွပ်စွဲချက်များကို ပယ်ချနေပါတယ်။ ICC ကို လျှောက်ထား ရာမှာ တော့ သူယခုလို ဆုံးဖြတ်ရခြင်းဟာ ကျွမ်းကျင်သူအဖွဲ့ရဲ့ တညီတညွတ်တည်း အမြင်အရ ဖြစ်တယ်လို့ ဥပဒေ အရာရှိက ဆိုပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ တည်ရှိပြီး ကုလသမဂ္ဂ တရားရုံးတူကြတဲ့အတွက် ICC နဲ့ ICJ ကို တစ်ခု တည်းပဲလို့ လူအတော်များများက ရောထွေးမှတ်ယူနေကြပါတယ်။ ICC ဟာ ကမ္ဘာအရပ်ရပ်က လူသားမျိုး နွယ် အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုများကို တရားစွဲဆိုခြင်းနဲ့ သက်ဆိုင်ပါတယ်။ ICJ ကတော့ ကုလသမဂ္ဂ အဖွဲ့ ဝင် နိုင်ငံအချင်းချင်းအကြား အငြင်းပွားမှုများ၊ စာချုပ်စာတန်း သဘောတူညီချက်များအပေါ် အချေအ တင်ဖြစ် မှုများမှာ ကြားဝင်ဆုံးဖြတ်ပေးပါတယ်။ ( မြန်မာမှာ ICC ဟာ တရားမရုံးနဲ့ တူပြီး ICC ကတော့ ရဲနဲ့ တရားရုံး ဦးတိုက်အမှုများကို စစ်ဆေးရတဲ့ ရာဇဝတ်တရားရုံးနဲ့ သဘောချင်းတူပါတယ်။ သတင်းဘာသာပြန်သူ )၊ အဲ့ဒီ ကွဲလွဲချက်ဟာ ICC ဥပဒေအရာရှိရဲ့အပေါ် ဂျိုးဘိုင်ဒင်ရဲ့ ဗလုံး ဗထွေး မှတ်ချက်စကားကို ရှင်းပြနိုင်ပါတယ်။  

ICC ကို သြစတြေးလျ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၁၂၄ နိုင်ငံတို့က လက်မှတ်ရေးထိုး အသိအမှတ်ပြုထား ပါတယ်။ ဒါပေမယ့်  အမေရိကန်နဲ့ အစ္စရေးတို့ မပါဝင်ပါဘူး၊ အခု အစ္စရေးနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ စဉ်းစားနေတာ ICC ဖြစ်ပါတယ်။ဂါဇာမှာ ပါလက်စတိုင်းတို့အပေါ် အစ္စရေးရဲ့ အပြုအမူဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း လိုက်နာရတဲ့ ဂျီနို ဆိုက် သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း တောင်အာဖရိကနိုင်ငံက ICJ မှာ တရားစွဲဆိုထားပါတယ်။ တောင်အာဖရိကနဲ့ ဂါဇာပါလက်စတိုင်းဘက်က ရပ်တည်တဲ့ နိုင်ငံများရဲ့ လျှောက်လဲချက်ကို ကြားနာပြီးနောက် အစ္စရေးရဲ့ ရာဖာဒေသ စစ်ဆင်ရေးကို ရပ်တန့်ရန် ICJ က သောကြာနေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ တိုက်ဆိုင်သလား မပြောတတ်ပေမယ့် ICJ တရားသူကြီးက စီရင်ချက်အမိန့်ကို ဖတ်ကြားပြပြီး မိနစ်ပိုင်း အ တွင်းမှာပဲ အစ္စရေးက ရာဖာမြို့အပေါ် ထပ်မံဗုံးကြဲချပြလိုက်ခြင်းဖြင့် ကမ္ဘာ့တရားရုံးမကလို့ ဘယ်သူကပဲ တားဆီးပါစေ သူတို့လုပ်စရာရှိတာ ဆက်လုပ်မှာဖြစ်ကြောင်း နေတန်ယာဟုက အချက်ပြလိုက်ပါတယ်။

(abc., 26 May 2024,” After the ICC prosecutor sought arrest warrants for Israel's leaders, Biden pulled a page from Trump's playbook” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာပြည်တွင်းစစ် တိုင်းပြည်အစိတ်စိတ်အမွှာမွှာဖြစ်ရေး ဘော်လ်ကန်နိုက်ဇေးရှင်း ဖြစ်နေ ပြီလား၊ ပဋိပက္ခအတွင်းမှ ပဋိပက္ခ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved