Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်ပခရီးသွား ဝင်ရောက်မှုများသည့် သံတွဲလေယာဥ်ကွင်းကို ဂျက်လေယာဥ် ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်ရန် နစကဥက္ကဋ္ဌဆို

ယွန်း (NP News) - ဧပြီ ၂


ပြည်တွင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှုများပြားသည့် သံတွဲလေယာဥ်ကွင်းကို ဂျက်လေယာဥ်များ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်ရန် နစကဥက္ကဋ္ဌမှ တိုက်တွန်းပြောဆိုခဲ့သည်။


နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ(၁)ရက်တွင် စစ်တွေလေဆိပ်ရှိ ဧည့်ခန်းမဆောင်၌ စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲမြို့တို့ရှိ လေယာဥ်ကွင်းဆိုင်ရာ အခြေအ နေများကို လေ့လာစဥ် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


အိမ်နီးချင်းနိုင်ငံများတွင် ပြည်တွင်းလေကြောင်း ပြေးဆွဲမှုများကို တိုးတက်အောင် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


ထို့ကြောင့် ပြည်တွင်းလေကြောင်းပြေးဆွဲမှုကို အိမ်နီးချင်းနိုင်ငံများနည်းတူ အဆင့်မြှင့်တင်၍ တိုးတက်အောင်ဆောင်ရွက်ပါက ပြည်တွင်းခရီးသွားလာမှုကို အထောက်အကူ ပိုဖြစ်နိုင်ကြောင်း နစကဥက္ကဋ္ဌမှ အကြံပြုပြောဆိုထားသည်။  


သို့ဖြစ်၍ ခရီးသွားလာမှု ပို၍ကောင်းမွန်လာစေရန် ရခိုင်ပြည်နယ်ရှိ သံတွဲလေယာဥ်ကွင်းကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားရန် ၎င်းမှ တိုက်တွန်းပြောဆိုခဲ့သည်။


သံတွဲလေယာဥ်ကွင်းသည် ပြည်တွင်း၊ ပြည်ပရှိ ခရီးသွားများ ဝင်ရောက်မှုများပြားသည့် အတွက် အဆိုပါ လေယာဥ်ကွင်းကို ဂျက်လေယာဥ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန် နစကဥက္ကဌမှ ပြောဆိုထားခြင်းဖြစ်သည်။


အလားတူ စစ်တွေလေယာဥ်ကွင်းသည်လည်း ရခိုင်ပြည်နယ်၏ မြို့တော်လေယာဥ်ကွင်း ဖြစ်သောကြောင့် A-320 ၊ B-737 လေယာဥ်များဆင်းသက်နိုင်မည့် လေယာဥ်ပြေးလမ်း တိုးချဲ့ခြင်းနှင့် လေဆိပ်တိုးချဲ့အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို အဆင့်လိုက်ဦးစားပေး ဆောင်ရွက်ရန် တပ်ချုပ်မှ ဆက်လက်ပြောဆိုခဲ့သည်။


ထို့ပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် နောင်တွင် ဆိပ်ကမ်းစက်မှုလုပ်ငန်းများ တိုးတက်လာပြီး ကုန်သွယ်မှုများပါ မြင့်တက်လာနိုင်ကြောင်း ၎င်းမှ ဆိုသည်။ 


ထို့ကြောင့် အဆိုပါရေနက်ဆိပ်ကမ်းတွင် နိုင်ငံခြားသားများ ပိုဝင်ရောက်နိုင်ပြီး ကုန်တင်လေယာဥ်ကြီးများပါ ဝင်ရောက်နိုင်ခြင်းကြောင့် လေယာဥ်ပြေးလမ်း တိုးချဲ့မှုများ ဆောင်ရွက်ရာ တွင် ၎င်းအတွက်လည်း ထည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တပ်ချုပ်မှ အသိပေးပြောဆိုခဲ့သည်။


‌လေယာဥ်ကွင်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဥ်ပြေးလမ်းများကို ရေရှည်အတွက် ‌မျှော်မှန်းပြီး တွက်ချက်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှ ဆိုသည်။

zawgyi version

ျပည္ပခရီးသြား ဝင္ေရာက္မႈမ်ားသည့္ သံတြဲေလယာဥ္ကြင္းကို ဂ်က္ေလယာဥ္ ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္ရန္ နစကဥကၠ႒ဆို


ယြန္း (NP News) - ဧၿပီ ၂


ျပည္တြင္း၊ ျပည္ပခရီးသြား ဝင္ေရာက္မႈမ်ားျပားသည့္ သံတြဲေလယာဥ္ကြင္းကို ဂ်က္ေလယာဥ္မ်ား ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တင္ရန္ နစကဥကၠ႒မွ တိုက္တြန္းေျပာဆိုခဲ့သည္။


နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဧၿပီလ(၁)ရက္တြင္ စစ္ေတြေလဆိပ္ရွိ ဧည့္ခန္းမေဆာင္၌ စစ္ေတြ၊ ေက်ာက္ျဖဴႏွင့္ သံတြဲၿမိဳ႕တို႔ရွိ ေလယာဥ္ကြင္းဆိုင္ရာ အေျခအ ေနမ်ားကို ေလ့လာစဥ္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။


အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ျပည္တြင္းေလေၾကာင္း ေျပးဆြဲမႈမ်ားကို တိုးတက္ေအာင္ ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း သိရသည္။


ထို႔ေၾကာင့္ ျပည္တြင္းေလေၾကာင္းေျပးဆြဲမႈကို အိမ္နီးခ်င္းႏိုင္ငံမ်ားနည္းတူ အဆင့္ျမႇင့္တင္၍ တိုးတက္ေအာင္ေဆာင္႐ြက္ပါက ျပည္တြင္းခရီးသြားလာမႈကို အေထာက္အကူ ပိုျဖစ္ႏိုင္ေၾကာင္း နစကဥကၠ႒မွ အႀကံျပဳေျပာဆိုထားသည္။  


သို႔ျဖစ္၍ ခရီးသြားလာမႈ ပို၍ေကာင္းမြန္လာေစရန္ ရခိုင္ျပည္နယ္ရွိ သံတြဲေလယာဥ္ကြင္းကို အဆင့္ျမႇင့္တင္မႈမ်ား ေဆာင္႐ြက္သြားရန္ ၎မွ တိုက္တြန္းေျပာဆိုခဲ့သည္။


သံတြဲေလယာဥ္ကြင္းသည္ ျပည္တြင္း၊ ျပည္ပရွိ ခရီးသြားမ်ား ဝင္ေရာက္မႈမ်ားျပားသည့္ အတြက္ အဆိုပါ ေလယာဥ္ကြင္းကို ဂ်က္ေလယာဥ္မ်ား ဆင္းသက္ႏိုင္သည္အထိ ျမႇင့္တင္ေဆာင္႐ြက္ရန္ နစကဥကၠဌမွ ေျပာဆိုထားျခင္းျဖစ္သည္။


အလားတူ စစ္ေတြေလယာဥ္ကြင္းသည္လည္း ရခိုင္ျပည္နယ္၏ ၿမိဳ႕ေတာ္ေလယာဥ္ကြင္း ျဖစ္ေသာေၾကာင့္ A-320 ၊ B-737 ေလယာဥ္မ်ားဆင္းသက္ႏိုင္မည့္ ေလယာဥ္ေျပးလမ္း တိုးခ်ဲ႕ျခင္းႏွင့္ ေလဆိပ္တိုးခ်ဲ႕အဆင့္ျမႇင့္တင္ေဆာင္႐ြက္ျခင္းကို အဆင့္လိုက္ဦးစားေပး ေဆာင္႐ြက္ရန္ တပ္ခ်ဳပ္မွ ဆက္လက္ေျပာဆိုခဲ့သည္။


ထို႔ျပင္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းသည္ ေနာင္တြင္ ဆိပ္ကမ္းစက္မႈလုပ္ငန္းမ်ား တိုးတက္လာၿပီး ကုန္သြယ္မႈမ်ားပါ ျမင့္တက္လာႏိုင္ေၾကာင္း ၎မွ ဆိုသည္။ 


ထို႔ေၾကာင့္ အဆိုပါေရနက္ဆိပ္ကမ္းတြင္ ႏိုင္ငံျခားသားမ်ား ပိုဝင္ေရာက္ႏိုင္ၿပီး ကုန္တင္ေလယာဥ္ႀကီးမ်ားပါ ဝင္ေရာက္ႏိုင္ျခင္းေၾကာင့္ ေလယာဥ္ေျပးလမ္း တိုးခ်ဲ႕မႈမ်ား ေဆာင္႐ြက္ရာ တြင္ ၎အတြက္လည္း ထည့္သြင္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း တပ္ခ်ဳပ္မွ အသိေပးေျပာဆိုခဲ့သည္။


‌ေလယာဥ္ကြင္းမ်ားတိုးခ်ဲ႕ျခင္းႏွင့္ အဆင့္ျမႇင့္တင္မႈမ်ား ေဆာင္႐ြက္ရာတြင္ ေလယာဥ္ေျပးလမ္းမ်ားကို ေရရွည္အတြက္ ‌ေမွ်ာ္မွန္းၿပီး တြက္ခ်က္ေဆာင္႐ြက္ရန္ နစကဥကၠ႒မွ ဆိုသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကြည့်မြင်တိုင်တွင် ဆိုက်ကားနှင့် ကားယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကားနင်းသူသေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved