Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့ပထမဆုံး သစ်တောမြို့နယ် (ဗဟုသုတဆောင်းပါး)

Pika (NSS) - မေ ၂၄

တရုတ်နိုင်ငံသည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်နှင့် အဆိပ်ရှိသော ဓာတ်ငွေ့များ ထုတ်လုပ်မှုကို တားဆီးရန်အတွက် ကမ္ဘာ့ပထမဆုံး သစ် တောမြို့တော် Liuzhou forest city ကို တည်ဆောက်နေကြောင်း သိရသည်။ အဆိုပါ သစ်တောမြို့တော်တွင် လူပေါင်း (၃) သောင်းခန့် နေထိုင်နိုင်မည်ဖြစ်ပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန်တစ်သောင်းခန့်နှင့် လေထု ညစ် ညမ်းမှုကို ဖြစ်ပွားစေသည့် အမှုန်အမွှား တန်ချိန်(၅၇)တန်ခန့်ကို စုပ်ယူနိုင်မည်ဟု ခန့်မှန်းထား ကြကြောင်းလည်း သိရသည်။ ထို့ပြင် Liuzhou forest city တွင် အလိုအလျောက် ပေါက်ရောက် နေမည့်သစ်ပင်များနှင့် နောက်ထပ်စိုက်ပျိုးမည့် သစ်ပင်များကြောင့် နှစ်စဉ် အောက်ဆီဂျင် တန် (၉၀ဝ) ခန့် ထုတ်လုပ်ပေးနိုင်မည်ဟုလည်း ခန့်မှန်းထားကြသည်။ Liuzhou forest city အကျယ် အဝန်းမှာ (၁ ဒသ မ ၇၅) စတုရန်း ကီလိုမီတာရှိမည်ဖြစ်ကြောင်းလည်း သိရသည်။


Liuzhou forest city  ကို အီတလီ ဗိသုကာပညာရှင် စတီဖာနိုဘိုအယ်ရီက ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၌ တရုတ်နိုင်ငံ Guangxi  ပြည်နယ် Liuzhou မြို့မြောက် ပိုင်းတွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။ ဆောက်လုပ်မှုများပြီး စီးသည်နှင့် တစ်ပြိုင် နက် Liuzhou forest city တွင် စိုက်ပျိုး၍ရသောနေရာတိုင်း၌ စိုက်ပျိုးထားမည့် သစ်ပင်ပေါင်း (၄)သောင်းနှင့်အတူ အပင်မျိုးစိတ်ပေါင်း (၁၀ဝ)ကျော်မှ သစ်ပင်(၁)သန်းခန့်ရှိမည် ဖြစ်ကြောင်း လည်းသိရသည်။ တရုတ်နိုင်ငံတောင်ပိုင်းရှိ စက်မှုမြို့တော် Liuzhou သည် အထပ်မြင့်အဆောက်အအုံများဖြင့် ပြည့်နှက်နေပြီး မီးခိုးမြူများဖြင့်ဖုံးလွှမ်းနေသည့် ခေတ်မီတရုတ်မြို့ကြီးတစ်ခုဖြစ်သည်။ သို့သော် လည်း လက်ရှိအချိန်တွင် တည်ဆောက်နေဆဲဖြစ်သည့် သစ်တောမြို့တော်သည် ပုံမှန်မြို့ပြများနှင့်ကွဲပြားသွားမည်ဖြစ်ပြီး ကျောင်းများ၊ ရုံးခန်းများနှင့် တာဝါတိုင်များအထိ အဆောက်အအုံတိုင်းတွင် သစ်ပင်များ ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ Liuzhou မြို့မြောက်ပိုင်းတွင် တည်ဆောက်နေသည့် သစ်တောမြို့တော်သည် ရထားလမ်းများမှတစ်ဆင့် အခြားမြို့များနှင့် ဆက်သွယ်နိုင်မည်ဖြစ်ပြီး စာသင်ကျောင်းနှစ်ကျောင်း၊ ဆေးရုံတစ်ရုံ၊ လူနေရပ်ကွက်များ၊ ပန်းခြံများနှင့်အတူ စီးပွား ရေးဇုန်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။ စတီဖာနိုဘိုအယ်ရီက “ ဒီသစ် တောမြို့တော်ဟာ ကမ္ဘာ့ပထမဆုံးသစ်တောမြို့တော် ဖြစ်ပါတယ်။ ဒါ့ပြင် သစ်ပင်မျိုး စိတ်ပေါင်းများစွာနဲ့အတူ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင် မှာလည်းဖြစ်ပါတယ်။ ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ လေထုညစ်ညမ်း မှုကိုဖြစ်စေတဲ့ အမှုန်အမွှားတွေကိုစုပ်ယူပြီး အောက်ဆီဂျင်အများအပြားကိုလည်း ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်” ဟု ပြောသည်။

တရုတ်အစိုးရသည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချဉ်းကပ်မှုအသစ်များကို ရှာဖွေမှုနှင့်အတူ စတီဖာနိုဘိုအယ်ရီ၏ ဗိသုကာကုမ္ပဏီသည် Liuzhou forest city ကိုတည်ဆောက်ရန် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံ ကျေးလက်ဒေသများတွင် နေထိုင်သူလူသန်းချီသည် ပိုမိုကောင်းမွန်သော အလုပ်များကိုရရှိရန်အတွက် မြို့ပြများကို ရွှေ့ပြောင်းနေထိုင်ကြကြောင်းလည်းသိရသည်။ စတီဖာနိုဘိုအယ်ရီက “တရုတ်နိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့လူတွေက နှစ်တိုင်းမြို့ပြကို ပြောင်းရွှေ့နေကြတာပါ။ လူဦးရေထူထပ်လာတာနဲ့အမျှ လေထုညစ်ညမ်းမှုတွေ၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတွေက ပိုမိုများပြားလာတာပါ။ ဒါကြောင့် လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်မယ့် ဒီလိုသစ်တောမြို့တော်ကို တည်ဆောက်ဖို့ အကြံရ သွားတာပါ”ဟု ပြောသည်။ Liuzhou forest city ၏ ဒီဇိုင်းသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ် စေသည့် အရင်းအမြစ်များနှင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင်လည်း အထောက် အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း စတီဖာနိုဘိုအယ်ရီက ပြောဆိုထားသည်။ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများသည် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု၏ လေးပုံ သုံးပုံခန့်အတွက် တာဝန်ရှိကြောင်းလည်း သိရသည်။ စတီဖာနိုဘိုအယ်ရီက “သစ်တောတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ (၃၅)ရာခိုင်နှုန်းကနေ (၄၀)ရာခိုင်နှုန်းအထိ စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် သစ်ပင်တွေကို မြို့ထဲမှာပါစိုက်ပျိုးထားမယ့်ဒီလို အကြံဉာဏ်ကို ရရှိခဲ့တာပါ” ဟု ပြောသည်။ ထို့ပြင် Liuzhou forest city ကို ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးစေရန်အတွက် လည်း ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။ အဆောက်အအုံများသည် ဘူမိအပူစွမ်းအင်၊ ဆိုလာစွမ်းအင်တို့နှင့် လည်ပတ်မည်ဖြစ်ပြီး လမ်းမများပေါ်တွင် သွားလာရလွယ်ကူရန်နှင့် စက်ဘီးစီးခြင်းတို့အတွက် လုပ်ဆောင်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သစ်တောမြို့တော်တွင် ခရီးသည်များကို ဝန်ဆောင်မှုပေးရန်အတွက် ရထားဘူတာရုံများလည်း ရှိမည်ဖြစ်ပြီးလျှပ်စစ်ကားများ ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြကြောင်း လည်းသိရသည်။ အီတလီဗိသုကာပညာရှင် စတီဖာနိုဘိုအယ်ရီက “ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လိုမျိုး နည်းပညာဆိုင်ရာကိရိယာတွေနဲ့အတူ စိမ်းလန်းစိုပြည်တဲ့တည်ရှိမှုကို ကျွန်တော်တို့ ပေါင်းစပ် သွားဖို့ ကြိုးပမ်းနေပါတယ်” ဟု ပြောသည်။ Liuzhou forest city ၏ အဆောက်အအုံများတွင် ပါရှိမည့် သစ်ပင်များသည် အဆောက် အအုံနံရံများရှိ အပူချိန်ကို လျှော့ချပေးမည် ဖြစ်ကြောင်း လည်း သိရသည်။ ထို့ပြင် အဆောက်အအုံများတွင် သစ်ပင် ထောင်ပေါင်းများစွာ ပေါင်းစပ်ကာ ထည့်သွင်းတည်ဆောက်မှုသည် ဒီဇိုင်းစိန်ခေါ်မှုအသစ်တစ်ခုဖြစ်ကြောင်း စတီဖာနိုဘိုအယ်ရီ က ဆိုသည်။ ၎င်း “ဒီဇိုင်းအသစ်နဲ့အဆောက်အအုံတစ်ခုကို တည်ဆောက်တဲ့အခါမှာ ပုံမှန် ကြုံတွေ့နေကျမဟုတ်တဲ့ ပြဿနာတွေအတွက် အစတည်းကကိုင်တွယ်ဖြေရှင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟုပြောဆိုခဲ့သည်။ Liuzhou forest city တွင် နေထိုင်မှုသည် ကမ္ဘာပေါ်ရှိ အခြားအထပ်မြင့် အဆောက်အအုံများတွင် နေထိုင်မှုနှင့်ကွဲပြားမည်ဖြစ်ပြီး နေထိုင်သူများ အနေဖြင့် သစ်ပင်များဖြင့်ဖုံးလွှမ်းနေသော မြို့၏ အလှအပရှုခင်းကို ခံစားနိုင်မည်လည်း ဖြစ်သည်။ ထို့ပြင် အလုပ်သို့ လမ်းလျှောက်သွားခြင်း သို့မဟုတ် ရထားဘူတာရုံများသို့ သွားနေ သည့်အချိန်တွင် တောအုပ်တစ်ခုထဲတွင် လမ်းလျှောက်သကဲ့သို့ ခံစားရမည်ဖြစ်ကြောင်းလည်း သိရသည်။ Liuzhou forest city တွင် သစ်ပင်များပေါများမှုနှင့်အတူ တိရစ္ဆာန်မျိုးစိတ် အများအပြားကိုလည်း တွေ့မြင်ရနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ 

စတီဖာနိုဘိုအယ်ရီက “နေထိုင်သူတွေအနေနဲ့ အိပ်ခန်းထဲ ဒါမှမဟုတ် မီးဖိုချောင်ထဲရှိ နေရင်းနဲ့ကို သဘာဝနဲ့နီးနီးကပ်ကပ်ရှိနေရတဲ့ခံစားချက်ကို ခံစားရမှာပါ”ဟု ပြောသည်။ သို့သော်လည်း ဗိသုကာပညာရှင်များသည်  Liuzhou forest city တည်ဆောက်မှုအတွက် ကုန်ကျမှုစရိတ်နှင့် ပြီးဆုံးမည့်ကာလကို ထုတ်ပြန်ပြောဆိုထားခြင်းမျိုး မရှိသေးပေ။ စတီဖာနို ဘိုအယ်ရီ၏ အဖွဲ့သည် ပဲရစ်မြို့၊ Utrech အမြို့နှင့် အခြားမြို့များတွင် အလားတူ အဆောက်အအုံများကို တည်ဆောက်ရန်စီစဉ်နေမှုနှင့်အတူ Liuzhou forest city သည် စိမ်းလန်းစိုပြည် သော နောက်ထပ်မြို့တော်များရှိလာစေရန်အတွက် တွန်းအားတစ်ခု ဖြစ်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကပြောဆိုခဲ့သည်။ ၎င်းက “ဒီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ လုပ်ခဲ့တာတွေကို ပုံတူကူးပြီး တိုးတက်အောင်လုပ်မယ့် တခြားဗိသုကာ ပညာရှင်တွေ ရှိလာမယ်လို့ ထင်ပါတယ်။ ဒီလို ပုံတူကူးတာမျိုးတွေ ဖြစ်စေချင်တာကြောင့် ဘယ်ဟာကိုမှ ကျွန်တော်တို့ မူပိုင်ခွင့်မပေးထားပါဘူး။ ကျွန်တော်တို့ထက်ပိုကောင်းတဲ့ တခြားဗိသုကာပညာရှင်တွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစကလက်ထက်(၃)နှစ်ကျော်အတွင်း ဆောက်လုပ်ရေးလုပ်ငန်း (၄၀ ) ရာခိုင်နှုန်းနီးပါး ရပ်နားနေရ

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved