Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဩဇာကြီးမားသည့် မီဒီယာများတွင် ဖော်ပြခြင်းမရှိသော အစ္စရေး၏ ဂါဇာဒေသ ပါလက်စတိုင်းလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲထားချက်များ (ဘာသာပြန်ဆောင်းပါး)

လင်းမြတ် (NSS) - မေ ၂၂

              လွန်ခဲ့တဲ့ (၇၅) နှစ်ခန့် ၁၉၄၇ ဒီဇင်ဘာ (၃၁)ရက်နေ့က ဟာကနာရ်ဇီရွတ်နစ်တွေ စတင်ခဲ့တဲ့ ကြီးမားတဲ့ တိုက်ခိုက်မှုမှာ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းလူမျိုးများစွာ သေကျေခဲ့ရပြီးကတည်းက ထင်ရှားစွာစခဲ့တဲ့ အစ္စရေးနဲ့ပါ လက်စတိုင်းရဲ့ မကျေမမေ့ နိုင်တဲ့တိုက်ခိုက်မှုတွေကနေအစပြုလို့ ၁၉၄၈ ခုနှစ် မေလ (၁၅) ရက်နေ့တိုင်းကို အထိမ်း အမှတ်နေ့ Nakba အဖြစ်နဲ့ အစ္စရေးတို့ကို ပါလက်စတိုင်းတို့ဟာ အမှတ်ရနေခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့မှာတော့ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအခြေစိုက် ဟားမတ်စ်တို့ရဲ့ အစ္စရေးတို့အပေါ် အလစ်အငိုက်ယူတိုက်ခိုက်မှုမှာ ၂၀၂၄ ခုနှစ် မတ်လ (၂၂)နေ့အထိစာရင်းများအရ ခန့်မှန်း အစ္စရေးနိုင်ငံ သား (၁၁၃၉) ဦးသေဆုံးကာ (၈၇၃၀) ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ရာက နေတစ်ဆင့် ကြီးထွားလာတဲ့ အစ္စရေးရဲ့လက်စားချေ စစ်ဆင်ရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ နာရီနဲ့အမျှ အရှိန်မြင့်လို့ လာပါတော့တယ်။ အမေရိကန်နိုင်ငံရဲ့ ငွေကြေး၊ စစ်ရေးကာကွယ်ရေးပူးပေါင်းမှုနဲ့ အဆင့်မြင့်စစ်လက်နက် အထောက် အပံ့တွေနဲ့အတူ အစ္စရေးရဲ့ ဟားမတ်စ်တို့အပေါ် လက်တုံ့ပြန်မှုကနေ နိုင်ငံတကာ စစ်ဥပဒေတွေကိုကျော်လွန်ပြီး သက်ရှိ အပစ်မဲ့ပါလက်စတိုင်းလူသားတွေတည်ရှိနေမှုကို လျစ်လျူရှုကာ ဂါဇာကမ်းမြောင်ဒေသ တစ်ခုလုံးကို အဆင်အခြင်မဲ့ Ground Zero ဖြစ် အောင်ဖျက်ဆီးပစ်တဲ့အဖြစ်မျိုး ရက်စက်စွာ အသွင်ကူးပြောင်းလာပါတော့တယ်။

အပြစ်မဲ့ ပါလက်စတိုင်းပြည်သူများ၏ ဆုံးရှုံးမှုများ

၂၀၂၄ ခုနှစ် မတ်လ (၂၂)ရက်နေ့အထိ စာရင်းတွေအရ ပါလက်စတိုင်းဘက်မှာလည်းပဲက လေးသူငယ် (၁၃၀ဝဝ)ကျော်အပါအဝင် ပါလက်စတိုင်းနိုင်ငံသား (၃၂၀၇၀)ဦးသေဆုံးခဲ့ကာ ကလေး (၈၀ဝဝ) ကျော်အပါအဝင် လူပေါင်း (၄၀ဝဝဝ)ခန့် ပျောက်ဆုံးနေပြီး ကလေး (၈၆၆၃) ဦးအပါအဝင် (၇၄၂၉၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပါလက် စတိုင်း West Bank ထဲမှာလည်းပဲ ပါလက်စတိုင်း ကလေး သူငယ် (၁၁၆) ဦးအပါအဝင် (၄၄၂) ဦးသေဆုံးကာ (၄၆၅၀) ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အိုးအိမ်ပေါင်း (၃၆၀ဝဝဝ)ကျော်၊ ကျောင်း တွေအပါအဝင် ပညာရေးဆိုင်ရာဝန်ဆောင်မူအ ဆောက်အအုံပေါင်း (၃၉၂)ခု၊ ဘာသာရေးနဲ့ ဝတ်ပြုမှုဆိုင်ရာ အဆောက်အအုံ(၂၆၇)ခုနဲ့ ဆေးရုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ကျန်ရှိတဲ့ ဆေးရုံပေါင်း (၃၅) ရုံမှာလည်း ဆေးဝါးနဲ့ကိရိယာ ပြတ်လပ်မှုနဲ့အတူ ရာနှုန်းပြည့်ဆေးဝါးဝန်ဆောင်မှုတွေ မပေးနိုင်တာနဲ့ ရင်ဆိုင်နေရပါတယ်။ လူသားတို့ရပ်တည်မှုအတွက် အဓိကသွေးကြောမှာ ရေနဲ့အစားအစာဖြစ်ပြီး ပါလက်စတိုင်းဒေသ တစ်ခုလုံးရဲ့ မြေအောက်ရေတွင်း (၈၃) ရာခိုင်နှုန်းနဲ့ ပင်မမုန့် ဖုတ်ရုံကြီး (၁၁) ရုံမှာ အစ္စရေးစစ်တပ်တွေရဲ့ အလုံးစုံ ဖျက်ဆီးခြင်းကိုခံရကာ ဒေသတစ်ခုလုံး အငတ်ဘေးထဲကို သွတ်သွင်းခံခဲ့ရပါတယ်။ အချုပ်အားဖြင့်ဆိုရရင် ပါလက်စ တိုင်းဒေသတစ်ခုလုံးရဲ့လူဦးရေဟာ (၂.၃)သန်းခန့်ရှိပြီး လူဦးရေရဲ့(၄၇) ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေဖြစ်ပါတယ်။ ဒီနေ့အခြေအနေမှာ လူဦးရေစုစုပေါင်းရဲ့ (၈၅) ရာခိုင်နှုန်းကျော်ဟာ သေကျေကွဲပြား ပျောက်ဆုံးထွက်ပြေးနဲ့ စစ်တမ်း ကောက်မရလောက်အောင် Displaced ဖြစ်ခဲ့ရပြီး အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုအရှိန်ဟာလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။

စစ်ပွဲဖြစ်ပွားပြီး (၆) လအတွင်း ပြည်တွင်း ပြည်ပနိုင်ငံအစုံမှာ သတင်းထောက်တွေထဲမှ သတ် ဖြတ်ခံရသူ (၁၄၀)ဦး၊ ဒဏ်ရာရသူ(၁၆)ဦး၊ ပျောက် ဆုံးနေသူ (၄)ဦးနဲ့ အစ္စရေးစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီး ပြန်လည် မလွတ်မြောက် သေးသူ (၂၅)ဦးရှိနေပါတယ်။ ဒါ့ပြင့် UN Aids အစီအစဉ်အောက်မှ နိုင်ငံပေါင်းစုံမှ လုပ်အားပေး (၁၀ဝ) ကျော် အသတ်ဖြတ် ခံခဲ့ရပါတယ်။ 

လုပ်အားပေး ဆရာဝန်အချို့၏ဂါဇာဒေသမှ ကိုယ်တွေ့ဖြစ်ရပ်များ

ဂါဇာဒေသမှာ လူအခွင့်အရေးဆိုင်ရာ ဆေးဝါကုသမှုလုပ်အားပေးနေစဉ် စစ်ပွဲပြင်းထန် လာလို့အစ္စရေး နယ်စပ်ကနေ ပြန်လည်ဝင်ရောက်စဉ် အစ္စရေးအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းကာ ထောင်အတွင်းစစ်ဆေးခံရပြီးမှ လွတ်မြောက်လာတဲ့ လုပ်အားပေးဆရာဝန်တချို့ရဲ့ ပြောပြချက်တွေ ဟာ ဝမ်းနည်းအံ့ဩလောက်ဖွယ် ဖြစ်ခဲ့ရပါတယ်။ 

အစ္စရေးတပ်ဖွဲ့ဝင်တွေ ဂါဇာကို စတင်ဝင်ရောက်လာတဲ့ ပထမလပိုင်းအနည်းငယ်သာ ဟားမတ်စ်စစ်သွေး ကြွေးနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ကျန်လတွေကစတင်ကာ အစ္စရေးရဲ့ မြေပြင် တပ်ဖွဲ့ တွေနဲ့ မြင်မြင်သမျှ အသက်အရွယ်မရွေး ပါလက်စ တိုင်းအပြစ်မဲ့ပြည်သူတွေကို အလုံးစုံ ပစ်ခတ်သတ်ဖြတ်တာ၊ မြေပြင်မှ အဆောက် အအုံတွေရဲ့ တည်နေရာကို သတင်းပေးပို့ကာ လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ဖြိုချတာတွေကို သွေးအေးအေးနဲ့ တစ်လက်မ မကျန် အမှုန်ခြေပြာချပြီး ရှေ့ဆက်တိုးခဲ့ရာ အခုဆိုရင် မြို့တော်ရာဖာကို တိုက်ခိုက်ဖျက်ဆီးဖို့ ခြေလှမ်းစ တင်ခဲ့ပါပြီ။ အစ္စရေးမြေပြင်တပ်ဖွဲ့ဝင်တွေဟာ ပါလက်စတိုင်းပြည်သူတွေသာမက နိုင်ငံတကာမှ ရောက်ရှိနေတဲ့ စစ်ပွဲသတင်းထောက်တွေ၊ ကျန်းမာရေးနဲ့ တခြားလုပ်အားပေးတွေ၊ ကြက်ခြေနီတွေ၊ ဆရာဝန်ရာနဲ့ချီ ထောင်ဂဏန်း နီးပါးကို တစ်ပါတည်း သတ်ဖြတ် အစဖျောက်ခဲ့ပါတယ်။ 

အဲဒီလိုမျိုး အစ္စရေးစစ်တပ်ရဲ့ လူမျိုးတုံး ဆန်ဆန် သတ်ဖြတ်မှုတွေထဲမှာ အစ္စရေးစစ်တပ်က ပါလက်စတိုင်း ဒေသခံ အများစုအပါအဝင် တခြားစိစစ်မရတဲ့ လူသားရုပ်အလောင်းပေါင်း (၉၀ဝဝ) ကျော် တစ်သောင်းနီးပါး အစု လိုက်အပြုံလိုက်မြှုပ် နှံထားတဲ့နေရာနဲ့ အဆိုပါလူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားကြီးဟာ စစ်တွင်းနဲ့ ဒေသတွင်း မီဒီယာတွေကြားမှာ တစ်နေ့တခြား ပျံ့နှံ့လာပြီး အင်အားကြီးနိုင်ငံအစိုးရတွေရဲ့ နည်းမျိုးစုံနဲ့ခြိမ်းခြောက် တားဆီး ဟန့်တားမှု၊ နာမည်ဩဇာကြီးမားတဲ့မီဒီယာ ကြီးတွေရဲ့ မသိကျိုးကျွံပြုမှုတွေကို ခံနေရစဉ် တခြား မွတ်စလင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုကြောင့် အိုင်စီစီက အမေရိကန်အစိုးရရဲ့ ခြိမ်းခြောက် ဖိအားပေးမှုကြား ကပင်အစ္စရေးဝန်ကြီးချုပ် နေတန်ရာ ဟုကို လူမျိုး တုံးသတ်ဖြတ်မှုနဲ့ တရားစွဲချက်တင်ခဲ့ပါတယ်။ အဲဒီက မှတစ်ဆင့် အိုင်စီစီနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှု စိစစ်ရေးမြေပြင်အဖွဲ့တွေက ကုလကနေ တစ်ဆင့် ဂါဇာကမ်းမြောင်ဒေသရှိ အဆိုပါလူမျိုး တုံးသတ်ဖြတ်မှု အထောက်အထားနေရာတွေကို သွားရောက်စစ်ဆေး ရှာဖွေဖော်ထုတ်ခွင့်တောင်းဆိုမှုနဲ့အတူ အမေရိကန်တပ်ဖွဲ့ဝင်တွေ နေ့ချင်းညချင်း ပါလက်စတိုင်းဒေသထဲကိုဝင်ရောက်ကာ အစ္စရေး မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့ ပူပေါင်းခဲ့ပါတယ်။ 

အဲဒီနောက် အမေရိကန်နိုင်ငံကဦးဆောင်ပြီး ပါလက်စတိုင်းမှာ ဟားမတ်စ်ရှိနေတာ၊ မလုံခြုံတာတွေကြောင့် စစ်ပွဲအထောက်အပံ့တွေကို ကုန်း လမ်းမှပေးပို့ရန်မသင့်တော်သေးဘဲ နိုင်ငံတကာတပ်မတော်လေယာဉ်တွေကို လူသား ချင်းဆိုင်ရာ အထောက်ပံ့တွေကို လေကြောင်းမှသာ လေထီးတွေနဲ့ ကျဲချဖို့အကြံပြုခဲ့ပြီး အဲဒီလို အစားအသောက်၊ ဆေး ဝါးတွေကျဲချစဉ် ပါလက်စတိုင်းပြည်သူတွေ အစားအစာ ဆေးဝါးလိုက်လံကောက်ယူစဉ်မှာပင် အဖိတ်အစဉ် ထပ်မံဖြစ်ပွားခဲ့ရပြန်ပါတယ်။ အဲဒီနောက် အမေရိကန် အစိုးရမှာ ၂၀၂၄ ခုနှစ် မတ်လဆန်းမှာ အမေရိကန်တပ်ဖွဲ့ ဝင်တွေအနေနဲ့ ပါလက်စတိုင်းဒေသကို လူသားချင်းဆိုင်ရာအထောက်အကူတွေ ပေးရန်အလို့ငှာ ရေလမ်းမှပေးပို့တာ ဟာ အသင့်တော်ဆုံးဖြစ်မယ်ဆိုကာ ယာယီဆိပ်ခံဆောက်ဖို့ ဂါဇာကမ်းခြေတည်နေရာတစ်ခုကို ထုတ်ပြန်လာပါတော့ တယ်။ အံ့ဩစရာမှာ အဲဒီသတင်းထုတ်ပြန်ပြီး ၃ ရက် နဲ့ ၄ ရက်အတွင်း အမေရိကန်စစ်တပ်ကိုယ်တိုင် မလုံ ခြုံသေးကြောင်းပြောထားတဲ့ ပါလက်စတိုင်းဒေသတွေ ဖြစ်လို့ အမေရိကန်စစ်တပ် လမ်းတံတားဆောက် လုပ်ရေး အတွက် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ မြေတူ၊ မြေသယ်၊ ဝန်ချီစက်အစုံဟာ ကုန်းလမ်းကနေ တဖွဲဖွဲ မောင်းဝင်ရောက်ရှိလာပါတော့တယ်။ အဲဒီနောက် အဆိုပါယာယီဆိပ်ခံဆောက်မယ့်တည်နေ ရာဟာ အထက်ပါ အစ္စရေးစစ်တပ်မှ ပါလက်စတိုင်း လူသား ရုပ်အလောင်း သောင်းဂဏန်းနီးပါး အစု လိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း စွပ်စွဲခံနေရာနဲ့ အနီးဆုံးကမ်းခြေဖြစ်ပြီး ဆိပ်ခံမှမြို့တွေကိုချိတ် ဆက်ရန် ယာယီ မြေသားလမ်းတည်ဆောက်မှု Foundation အတွက် မြေသားကိုမူ အစွပ်စွဲခံနေရာမှ နေ့ညမပြတ် စတင်တူးဖော်ပြီး လမ်းအောက်ဆုံးခံ Foundation မြေသားများအဖြစ် စတင် မြှုပ်နှံမူပြုတယ်လို့ ဆိုပါတယ်။ 

အဲဒီအချိန်မှစလို့ အိုင်စီစီနဲ့ နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုတွေကို အစ္စရေးနဲ့ အမေရိကန်အစိုးရတို့ဟာ နှုတ်ဆိတ်နေခဲ့ပြီး ဗြိတိန်နိုင်ငံအစိုးရကမူ ကာကွယ်ပြောဆိုခဲ့ ပါတယ်။ အဆိုပါအတော အတွင်း အမေရိကန် လွှတ်တော်အမတ်တချို့က အစ္စရေးရဲ့လုပ်ရပ်တွေဟာ မှန်ကန်ကြောင်းနဲ့ တချို့က ပါလက်စတိုင်း ပြည်သူတွေကို လူတွေမဟုတ်ဘူး တိရစ္ဆာန်တွေလို့တောင် ရင်နင့် ဖွယ်သုံးနှုန်းလာပါတယ်။ အဲဒီလို နှုတ်ဆိတ် အချိန်ဆွဲ မှု နှစ်လကြာတဲ့အခါမှာတော့ အမေရိကန်စစ်တပ်ဟာ ဂါဇာကမ်းခြေက ယာယီဆိပ်ခံမှာ ရာခိုင်နှုန်းတစ်ခု အထိပြီးစီးနေပြီး မကြာခင် အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နိုင်ငံတကာလူအခွင့်အရေးကျွမ်း ကျင်သူတွေရဲ့ ခန့်မှန်းချက်တွေအရ အမေရိကန်စစ်တပ်ရဲ့အစီအစဉ်အရ အဲဒီဆိပ်ခံကို လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ စတင်အသုံးပြုနိုင်ကြောင်း ကြေညာပြီးချိန်နဲ့ တစ်ဆက်တည်း အိုင်စီစီနဲ့ အချက်အလက်ရှာဖွေ စုံစမ်းရေး ပညာရှင်တွေကို ပေးဝင်လောက်မှာဖြစ်ပြီး အစွပ်စွဲခံတည် နေရာမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အထောက် အထားတွေ ရှာဖွေရရှိနိုင်ဖို့မျှော်လင့်ချက်မှာ မရှိတော့သလောက် နည်းပါးလာမယ်လို့ သုံးသပ်ကြပါတယ်။ အခုမေလထဲမှာ အမေရိကန်က အစ္စရေးကို စစ်လက်နက်ထောက်ပံ့မှုရပ်ဆိုင်းကြောင်း ကြေညာချက်ဟာလည်း နိုင်ငံတကာ နိုင်ငံရေး စာမျက်နှာမှာ ချိန်ခွင့်လျှာညှိခြင်းသက်သက်သာဖြစ်ပြီး အဆိုပါ စစ်ဘက်အထောက်အပံ့တွေဟာ ဂါဇာကမ်းမြောင် ဒေသရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေထံ ခေါင်းစဉ်သာ ပြောင်းပြီး ဆက်လက်ပေးပို့သွားမှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

စာရေးသူရရှိလိုက်သော သင်ခန်းစာ

အင်အားကြီးနိုင်ငံတွေမထောက်ခံတဲ့ အရှေ့တောင်အာရှ နိုင်ငံငယ်လေးတစ်ခုမှာ သူ့နိုင်ငံ ထဲကို တရားမဝင်ကျူးကျော်ခိုလုံသူတွေက ဒေသခံတိုင်းရင်းသားတွေကို လက်နက်နဲ့ တိုက်ခိုက်အကြမ်းဖက်လို့ ပြန်လည်တုံ့ ပြန်ရတဲ့စစ်ဆင်ရေးမှာ ကျူးကျော်သူ အကြမ်းဖက်သမား (၁၀)ဦးခန့် အ ဖိတ်အစဉ်ဖြစ်ခဲ့တာကို ကျူးကျော်ခံနိုင်ငံက အပြစ်မဲ့ ခိုလှုံသူတွေကိုသတ်ဖြတ်ကြောင်းခေါင်းစဉ်နဲ့ စွပ်စွဲခံရကာ တရားစွဲခံထိခဲ့လို့ တိုင်းပြည်ခေါင်းဆောင် တွေက အစိုးရနှစ်ဆက်တိုင်အောင် အိုင်စီဂျေမှာ အရှက်ရစွာ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အင် အားကြီးနိုင်ငံတွေ ထောက်ခံမှုရထားတဲ့ နိုင်ငံကျတော့ သူများနိုင်ငံကို ကျူးကျော်ဝင်ရောက်ဖျက်ဆီးပြီး လူ သိန်းနဲ့သောင်းနဲ့ချီကာ လူသားမဆန်စွာ လူမျိုးတုံး သတ်ဖြတ်ခဲ့ပြီး ဆက်လက်ကျူးလွန်နေတာတောင် သာမန်စစ်ဆင်ရေးပါဆိုတဲ့ခေါင်းစဉ် အောက်မှာ ငွေကြေးလက်နက်အထောက်အပံ့အပြင် အလောင်းပါ ကူဖျောက်ပေးကြသေးတယ်။ ဒါကြောင့် အဖွဲ့ အစည်းအခြေခံပြီး မုန်းသူ ပြည်တွင်း အင်အားစု တွေအနေနဲ့ နိုင်ငံအရေးအတွက် နိုင်ငံ့အရေးကို ချခင်း မစတေးသင့် ကြောင်း မှတ်သား သင်ခန်းစာယူ ဝေမျှလိုက်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီရန်နဲ့ဆက်ဆံရေးကို ပိုမိုအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရုတ်အစိုးရပြော

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved