Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်-ပါကစ္စတန် ဆက်ဆံရေး အချိုးအကွေ့၊ အတက်အကျများ (ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး (NSS) - မေ ၁၇

အီရန်-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၄၇ ခုနှစ် ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာချိန်က တည်းက စတင်ခဲ့ခြင်းဖြစ်သည်။ အီရန်နိုင်ငံသည် ပါကစ္စတန်နိုင်ငံကို လွတ်လပ်သည့်နိုင်ငံအဖြစ် ပထမဆုံး အသိအ မှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သည်။ ပါကစ္စတန် အစိုးရကလည်း အီရန်အစ္စလာမ္မစ်နိုင်ငံအဖြစ် ပထမဆုံးအသိအမှတ်ပြုခဲ့သည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ အီရန်နှင့်ပါကစ္စတန်နိုင်ငံတို့သည် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC)အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး ၎င်းတို့၏ ဘုံဘာသာရေး အမှတ်သရုပ်မှာလည်း တူညီကြသည်။ ယခုနှစ်တွင် အီရန်-ပါကစ္စတန်ဆက်ဆံရေး ကာလမှာ ခပ်ကြမ်းကြမ်းဆွဲဖွင့်ခြင်းဖြင့် စတင်ခဲ့သည်။ အရှေ့အလယ်ပိုင်းအကြောင်း လေ့လာရာတွင် အီရန်-ဆော်ဒီ အားပြိုင်မှု၊ အီရန်-အစ္စရေးအားပြိုင်မှု၊ ဟားမတ်စ်-အစ္စရေးပဋိပက္ခတို့သည် အာရုံစိုက်လေ့လာ စရာ အကြောင်းအရာများ ဖြစ်သည်။ အီရန်-အစ္စရေးပဋိပက္ခတင်းမာနေသည့် အချိန်မှာပင်  အီရန်သမ္မတ Ebrahim Raisi သည် အိမ်နီးချင်း ပါက္စတန်နိုင်ငံသို့ တရားဝင်သွားရောက် လည်ပတ်ခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်မှု၊ စွမ်းအင်နှင့် စိုက်ပျိုး ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေး ဆွေးနွေးရန်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ နှစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ တို့ကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အီရန်အစိုးရသည် နှစ်ပေါင်းများစွာ ကတည်းကပင် Jaish al-Adl ကဲ့သို့သော ဆူနီ စစ်သွေးကြွ အဖွဲ့ကို ကြီးမားသည့်ခြိမ်းခြောက်မှု အဖြစ်ရှုမြင်ထားသည်။ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်များကလည်း အဆိုပါအဖွဲ့ကို ထောက်ပံ့ပေးလေ့ရှိသည်။ သို့သော် ဆော်ဒီ-အီရန် ဆက်ဆံရေး တင်းမာမှု လျော့နည်းလာသည့် အချိန်တွင် ထောက်ပံ့ပေးမှုရပ်တန့်သွားခဲ့သည်။ အလားတူ ပါကစ္စတန်နိုင်ငံကလည်း အီရန်နိုင်ငံ အတွင်းရှိ Balochistan Liberation Front (BLF) နှင့် Balochistan Liberation Army(BLA) အဖွဲ့တို့သည် အီရန်နိုင်ငံ Sistan  ပြည်နယ်နှင့် Baluchistan ပြည်နယ်တို့မှနေ၍ ပါကစ္စတန်နိုင်ငံကိုတိုက်ခိုက်နေသည့် အန္တရာယ်ကြီးသော ခွဲထွက်ရေးအဖွဲ့များအဖြစ် ရှုမြင်ထားသည်။

အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ၉၀ဝ ကီလိုမီတာအထိ နယ်မြေထိစပ်နေကြသည်။ နှစ်နိုင်ငံ ရှိ စစ်သွေးကြွများသည် မှောင်ခိုကူးခြင်းနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းတို့ ပြုလုပ်နေကြသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံလည်း စစ်သွေးကြွများ တစ်ဖက်နိုင်ငံသို့ မဝင်ရောက်နိုင်စေရန်နှင့် နယ်စပ် ဖြတ်ကျော်တိုက်ခိုက်နေခြင်းကို တားဆီးခြင်းမရှိကြောင်း အပြန်အလှန် စွပ်စွဲတတ်ကြသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက အီရန်လုံခြုံရေးတပ်ဖွဲ့များသည် ပါကစ္စတန်အနောက်တောင်ပိုင်း နယ်စပ်ရှိ ဘယ်လူချီစတန် ပြည်နယ်တွင် ခိုအောင်းနေသည်ဆိုသည့် အီရန်ဆန့်ကျင်ရေး စစ်သွေးကြွများရှိသည့် နေရာကို မစ်ဆိုင်းဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အီရန်တို့၏ အဆိုပါတိုက်ခိုက်မှုသည် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပြီး အီရန်နိုင်ငံရှိ ပါကစ္စ တန် ဆန့်ကျင်ရေး စစ်သွေးကြွများရှိသည့်နေရာကိုလက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 

အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးခေါင်းစဉ်ဖြင့် မွတ်စလင်နှစ်နိုင်ငံကြား မျှော်လင့်မထား သည့် အပြန်အလှန်တိုက်ခိုက်မှုသည် ဒေသတွင်းမတည်ငြိမ်မှု ဖြစ်လာလေမည်လားဟု စိုးရိမ်ခဲ့ကြသည်။  သို့သော် နှစ်နိုင်ငံတို့သည် ဆက်ဆံရေးတင်းမာမှုကို လျှော့ချရန် သံတမန်ရေးနည်းလမ်းဖြင့် အရေး တကြီး ကြိုးပမ်းအားထုတ်ခဲ့ပြီး တစ်နိုင်ငံချင်းစီ၏ အချုပ်အခြာနှင့် နယ်မြေပိုင်ဆိုင်မှုကိုလေးစားရန်၊ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်လည်း ကတိပြုခဲ့ကြသည်။ အီရန်သမ္မတ Ebrahim Raisi ၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား ယိုယွင်းသွားခဲ့သည့် ဆက်ဆံရေး ကို ပြန်လည်တည့်မတ်နိုင်ရေး အပြန်အလှန် ကြိုးပမ်းအားထုတ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ တာလီဘန်တို့ အာဏာရလာသည့်အချိန်တွင် ပါကစ္စတန် နိုင်ငံသည် တာလီဘန်အစိုးရအား အသိအမှတ်ပြုသည့် နိုင်ငံသုံး နိုင်ငံထဲတွင် တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ အခြားတစ် ဖက်တွင်လည်း အီရန်နိုင်ငံသည် နိုင်ငံအတွင်းရှိ Northern Alliance အဖွဲ့ကို ထောက်ပံ့ပေးခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံအတွင်း အီရန်နိုင်ငံ၏ မဟာဗျူဟာမြောက်အကျိုးစီးပွားမှာ ရံဖန်ရံခါတွင် အိန္ဒိယ နိုင်ငံနှင့် ယှဉ်တွဲနေခဲ့သည်။ ယင်းသို့ ဖြစ်ခြင်းသည် ပါကစ္စတန်နိုင်ငံ၏ မယုံကြည်မှုကို မြင့်တက်စေ ခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် အမေရိကန်နိုင်ငံသည် အာဖဂန် နစ္စတန် တွင် အရေးပါသည့် ပလေယာတစ်ခုဖြစ်လာခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုသည်လည်း အီရန်-ပါကစ္စတန် ဆက်ဆံရေး တင်းမာမှုကို လောင်စာထိုးပေး သကဲ့သို့ ဖြစ်စေခဲ့သည်။ ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ နှင့်လည်း ကောင်း၊ အာဖဂန်နစ္စတန်နိုင်ငံ နှင့်လည်းကောင်း နယ်စပ်ပြဿနာများရှိသည်။ ပါကစ္စတန်နိုင်ငံအတွက် အီရန်နိုင်ငံနှင့် ပုံမှန်ဆက်ဆံ ရေးတစ်ရပ် ရှိရန်မှာ အထူးအရေးကြီးသည်။

အီရန်နှင့်ပါကစ္စတန် နှစ်နိုင်ငံကြားတွင် သဘောတူထားသည့်ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက် ရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့်ဥပဒေဆိုင်ရာကိစ္စရပ်များလည်း ရှိနေပုံရသည်။ အီရန်နိုင်ငံ ဘက် ၎င်း၏နယ်စပ်ဘက်တွင် ပိုက်လိုင်းအရှည် ၁၁၀ဝ ကီလိုမီတာ ဆောက်လုပ်ပြီးစီးပြီဖြစ်သော်လည်း ပါကစ္စတန်နိုင်ငံဘက်တွင်မူ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နိုင်ခြင်းပင်မရှိသေးဟုဆိုသည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း ပါကစ္စတန်နိုင်ငံအနေဖြင့် အီရန် ဓာတ်ငွေ့များ တင်သွင်းခြင်းကြောင့် အမေရိကန် တို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ကျရောက်လာမည်ကိုလည်း စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။ အီရန်နိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် ၎င်း၏ နျူကလီးယားအစီအစဉ်ကြောင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ကြုံတွေ့နေရသည်။ အီရန်နိုင်ငံအနေဖြင့် ပါကစ္စတန် နိုင်ငံကို  နှစ်နိုင်ငံချုပ်ဆိုထားသည့်စာချုပ်ကို လိုက်နာမှုမရှိခြင်းကြောင့် နိုင်ငံတကာဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းနှင့် စာချုပ် ဖောက်ဖျက်ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁၈ ဘီလျံ ဒဏ်ငွေချမှတ်နိုင်ကြောင်း အီရန်အရာရှိများက ထပ်ဖန်တလဲလဲ ပြောဆိုခဲ့သည်။ 

အမေရိကန်နိုင်ငံကလည်း ပါကစ္စတန်နိုင်ငံ ကို မကြာသေးမီကပင် ဒဏ်ခတ်ပိတ်ဆို့မှု ကင်းလွတ်သည့် စီမံကိန်းများကိုသာ လုပ်ဆောင်ရန် ထပ်မံ၍သတိပေးထားသည်။ အီရန်နိုင်ငံကလည်း မကြာသေးမီကပင် အစ္စရေးနိုင်ငံကို မောင်းသူမဲ့ယာဉ်နှင့် မစ်ဆိုင်းဒုံးကျည်ပေါင်း ၃၀ဝ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်နိုင်ငံအတွက် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရန် ပို၍ပင်ခက်ခဲစေခဲ့သည် ဟု Washington’s Wilson Center ရှိ South Asia Institute ၏ ညွှန်ကြားရေးမှူး Michael Kugelman က သုံးသပ် သည်။ အီရန် သမ္မတ Ebrahim Raisi ၏ ခရီးစဉ်မှာ လက်ရှိ အရှေ့အလယ်ပိုင်း အကျပ်အတည်းများ မဖြစ်မီကပင် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး အီရန်အပါအဝင် ဒေသအတွင်း အကြပ်အတည်းကာလနှင့် တိုက်ဆိုင်သွားခဲ့ခြင်းသာ ဖြစ်သည်ဟုလည်း အရှေ့အလယ်ပိုင်းရေးရာကျွမ်းကျင်သူ ပါကစ္စတန်ပညာရှင် တစ်ဦးဖြစ်သည့် Ahmed Quraishi က သုံးသပ်သည်။ 

ပါကစ္စတန်နိုင်ငံအတွင်း အီရန်တို့၏ လေကြောင်းတိုက်ခိုက်မှုအပေါ် အံ့အားသင့်နေကြသည်။ စစ်သွေးကြွများကို ရည်ရွယ်တိုက်ခိုက်ခြင်း ဖြစ်သော်လည်း နှစ်နိုင်ငံကြားတွင် အဆင့်မြင့်အရာရှိများ အစည်းအဝေးကျင်းပခြင်းနှင့် ပူးတွဲရေတပ်လေ့ကျင့်ခန်းများပြုလုပ်နေချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။ ထိုကဲ့သို့ အီရန်နိုင်ငံ၏ မိုက်ရူးရဲဆန်ဆန် တိုက်ခိုက်မှုသည် အီရန်-ပါကစ္စတန်ဆက်ဆံရေးကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့ကြောင်း အီရန်အစိုးရကို တိုက်ခိုက်နေသည့် စစ်သွေးကြွများအား နှိမ်နှင်းရာတွင် ပါကစ္စတန်အစိုးရ၏ အကူအညီလိုအပ်ကြောင်း  Iran Project at the International Crisis Group ၏ ညွှန်ကြားရေးမှူး  Dr Ali Vaez  က သုံးသပ်သည်။

အီရန်အစိုးရ၏တိုက်ခိုက်မှုသည် Jaish al-Adl  စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ခြင်းဆိုသော်လည်း အီရန်နိုင်ငံအပေါ် ပါကစ္စတန်နိုင်ငံ၏ အမြင်မှာကောင်းလှသည် မဟုတ်ပါ။ ယခင်ကမူ ပါကစ္စတန်ပြည်သူ များကြားတွင် အီရန်တို့၏ ဂုဏ်သိက္ခာမှာ တောက်ပြောင်သည်။ အီရန်နိုင်ငံကို အမေရိကန်ဆန့်ကျင်ရေး အင်အားစု မီးပြတိုက် တစ်ခုအဖြစ်လည်း ရှုမြင်ထားသည်။ သို့သော် အီရန် တို့၏ လေကြောင်း တိုက်ခိုက် မှုသည် အီရန်တို့၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေခဲ့သည်။ ပါကစ္စတန် ပြည်သူများကလည်း အီရန်နိုင်ငံကို အခွင့်ရလျှင် တိုက်ခိုက်တတ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ယူကြသည်ဟု Centre for Security, Strategy and Policy Research at the University of Lahore မှ ညွှန်ကြားရေးမှူး  Dr Rabia Akhtar  က ယူဆသည်။ ပါကစ္စတန်ပြည်သူများကြားတွင် အီရန်တို့သည် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာကို ချိုးဖောက်ခဲ့သည်ဟု ယုံကြည်သွားပြီး အီရန်တို့၏ ဂုဏ်သတင်းကောင်းကိုလည်းထိခိုက်စေခဲ့သည်။ ထို့ပြင် ပါကစ္စတန်တို့၏ အလျင်အမြန်တုံ့ပြန်တိုက်ခိုက်မှုကလည်း အီရန်တို့၏ ခုခံနိုင်စွမ်းအားနှင့် အားနည်းချက်ကို လှစ်ဟပြလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။

နှစ်ဖက်တိုက်ခိုက်မှုအပြီးတွင် ၎င်းတို့၏ သံတမန်များကို ပြန်လည်ခေါ်ယူခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ပြန်လည်စေလွှတ်ခဲ့ကြသည်။ ပါကစ္စတန်နိုင်ငံက အီရန်နိုင်ငံ၏ တိုက်ခိုက်မှုကို လက်စားချေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများကြား သံတမန်ရေးထိတွေ့မှု ပြုလုပ်ပြီး စစ်ရေးအရထပ်မံတိုက်ခိုက်မှုမျိုးကို ဆန့်ကျင်ကြောင်းနှင့် စေ့စပ်ဆွေးနွေးမှုကိုသာ လိုလား ကြောင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ မည်သည့်ဘက်ကမှ တင်းမာမှုအရှိန် မြင့်လာခြင်းကို မလိုလားကြသည့် အတွက် ချောက်ကမ်းပါးအတွင်း ကျရောက်မည့်အရေးမှ နောက်ပြန်ဆုတ်နိုင်ခဲ့သည် ဟုလည်း လေ့လာသူများကဆိုသည်။ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်ဆိုသော်လည်း တစ်ဖက်စီရှိ တရားဝင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တပ်မတော်များကို တိုက်ခိုက်ခဲ့ကြခြင်းမဟုတ်ဘဲ စစ်သွေးကြွများကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အခြားအချက်တစ်ချက်မှာ နှစ်နိုင်ငံ စီးပွားရေးပြဿနာနှင့် အခြားပြည်တွင်းရေး အကျပ်အတည်းဖြစ်သည်။ နှစ်နိုင်ငံ စစ်ဖြစ်နေခြင်း သည် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါ ကပ်ဘေးဆိုက်မှု ဖြစ်လာမည်ဖြစ်ကြောင်း အီရန်နှင့် ပါကစ္စတန်အရာရှိများက ကောင်းစွာနားလည်ထားကြသည်။ ထို့ပြင် Shanghai Cooperation Organization (SCO) ခေါင်းဆောင်များဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကလည်း အီရန်နှင့် ပါကစ္စတန်တို့၏ဆက်ဆံရေး ပိုမိုတင်းမာမှု ဖြစ်မလာစေရန် ဇက်သတ်ခဲ့ကြသည်။ တရုတ်နှင့် ရုရှား တို့သည် အီရန်နှင့်ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုဖြစ်မလာစေရန် တားမြစ်ခြင်းဖြင့် အကျိုးအမြတ် ရရှိကြသည်။ အီရန်နှင့် ပါကစ္စတန် နှစ်နိုင်ငံတို့သည်လည်း SCO အဖွဲ့ဝင်များ ဖြစ်ကြသည်။ 

နှစ်နိုင်ငံခေါင်းဆောင်များသည် အပြန်အလှန်ဆက်ဆံရေး အားကောင်းစေရန် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ အီရန်သမ္မတ  Ebrahim Raisi url  ဂါဇာတွင် လူမျိုးတုံး သတ်ဖြတ်မှု ပုံစံမျိုးဖြစ်နေခြင်းအတွက် အစ္စရေးနိုင်ငံကို ပြစ်တင် ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif ကလည်း ဂါဇာတွင် ရန်လိုမှုများ အဆုံးသတ်ရေး OIC အပါအဝင် နိုင်ငံတကာ ပလက်ဖောင်းအသီးသီးတွင် အတူလက်တွဲလုပ်ကိုင်ကြရန် မွတ်စလင်နိုင်ငံများကို တိုက်တွန်း သွားခဲ့သည်။ သို့သော် အီရန် သဘာဝဓာတ်ငွေ့များ ပါကစ္စတန်နိုင်ငံသို့ တင်ပို့နိုင်ရေး အချိန်ကာလကြာမြင့်စွာ နှောင့်နှေးကြန့်ကြာနေ့သည့် ပိုက်လိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။

အနောက်အာရှနိုင်ငံများကို ၎င်းတို့၏ အငြင်းပွားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ညှိနှိုင်း ဖြေရှင်းပေးနိုင်စွမ်းမှာ နိုင်ငံတကာစင်မြင့်တွင် တရုတ်နိုင်ငံ၏ပုံရိပ် မြင့်တက်လာရန်အတွက် အရေး ကြီးသည်။ နိုင်ငံတကာကလည်း တရုတ်နိုင်ငံ၏ ညှိနှိုင်းဖြေရှင်းပေးနိုင်စွမ်းအပေါ် အာရုံစိုက်နေ ကြသည်။ အီရန်နှင့်ပါကစ္စတန်တို့သည် နှစ်နိုင်ငံ တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အခက်အခဲတချို့ရှိ နိုင်ရာ တရုတ်နိုင်ငံ၏ ကြားဝင်ပေးနိုင်စွမ်းအပေါ် ကမ္ဘာအာရုံစိုက်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် နှစ်နိုင်ငံလုံးသည် နီးစပ်သည့်ဆက်ဆံရေးရှိသည့် နိုင်ငံဖြစ်ရာ ကြားဝင်စေ့စပ်ပေးရန်အတွက် အကောင်း ဆုံးနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် လူတစ်ဦးရုတ်တရက်လဲကျသေဆုံးမှုဖြစ်ပွား

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved