Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လေကြောင်းဖြင့် အပြင်းအထန်နှိမ်နင်းမှုကြောင့် KNU ပူးပေါင်းအဖွဲ့ မြဝတီမြို့မှ ဆုတ်ခွာ၊ မြို့အတွင်း၌ တည်ငြိမ်အေးချမ်းပြီဖြစ်၍ စစ်ဘေးရှောင်များကို ပြန်ခေါ်နေ

မြူနစ် (NSS) - ဧပြီ ၂၁

တပ်မတော်က လေကြောင်းဖြင့် အပြင်းအထန်နှိမ်နင်းမှုကြောင့် KNU ပူးပေါင်းအဖွဲ့သည် မြဝတီမြို့မှ ဆုတ်ခွာခဲ့ရပြီး လက်ရှိ မြို့အတွင်း၌ တည်ငြိမ်အေးချမ်းပြီဖြစ်၍ စစ်ဘေးရှောင်များကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။


ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များသည် ဧပြီ ၁၉ ရက်၊ ညပိုင်းမှစတင်ကာ ဒရုန်းများဖြင့် မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီအမှတ်(၂)တံတားရှိ ခလရ(၂၇၅)တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် KNU ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့အကြားတွင် ယမန်နေ့(ဧပြီ ၂၀ ရက်)ညပိုင်းအထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး တပ်မတော်ဘက်ကလည်း လေကြောင်းပစ်ကူများကို အသုံးအပြုကာ အပြင်းအထန်နှိမ်နင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့(ဧပြီ ၂၁ ရက်)၊ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်တွင် တပ်မတော်ဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအချို့ ထပ်မံပြုလုပ်ခဲ့ပြီးနောက် KNU ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့မှ ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနက်ကတော့ လေယာဉ်နဲ့ လာထပ်ကြဲသွားတာရှိတယ်။ ကြဲသွားပြီးတာနဲ့ ပွဲကတော့ ပြီးသွားပြီ။ လက်ရှိအခြေအနေကတော့ အားလုံးအေးချမ်းသွားပြီ။ ဟိုဘက်ကလည်း ပြန်ဆုတ်ကုန်ပြီ။ စစ်ဘေးရှောင်တွေကိုလည်း ကိုယ့်အိမ်ကိုယ်ပြန်နေကြဖို့ နှိုးဆော်နေတာမျိုးရှိတယ်။ လတ်တလောအခြေအနေကတော့ တည်ငြိမ်သွားပြီလို့ ပြောရတယ်” ဟု မြဝတီမြို့ခံတစ် ဦးက NSS ကို ပြောသည်။

မြဝတီမြို့အမှတ်(၂)တံတားတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့သော KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO ခွဲထွက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု နစကဘက်က သတင်းထုတ်ပြန်ထားသည်။

မြဝတီမြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေဖြင့် အမှတ်(၁) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင်ရန် ပြင်ဆင်မှုများရှိကြောင်း သိရသည်။ မြဝတီမြို့ခံများအနေဖြင့် ၎င်းကဲ့သို့ စစ်ဘေးရှောင်ရန် ပြင်ဆင်မှုများရှိနေမှုနှင့်အတူ လတ်တလောအခြေအနေအရ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် စစ်ဘေးရှောင်များလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြဝတီမြို့၌ တိုက်ပွဲများ ရပ်တန့်ကာ တည်ငြိမ်အေးချမ်းသည့်သဘောရှိနေသည့်အတွက် ထိုင်းနိုင်ငံဘက်တွင် စစ်ဘေးရှောင်နေသည့်ပြည်သူများအား မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် နှိုးဆော်တိုက်တွန်းမှုများရှိကြောင်းလည်း သိရသည်။

ထို့ပြင် မြဝတီမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိခဲ့ပြီး ဧပြီ ၂၀ ရက်နံနက်ပိုင်းတွင် စစ်ဘေးရှောင်ကားတစ်စီး ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးငယ်(၂)ဦးသေဆုံးကာ  (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း မြဝတီမြို့ခံအရပ်သား (၅)ဦးထက်မနည်း သေဆုံးခဲ့ရကြောင်းလည်း ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရာအိမ်မှူး(၃)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ (၂)ဦးပွဲချင်းပြီး သေဆုံးမှု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved