ဥရောပပါလီမန်က ခိုလှုံခွင့်နှင့် ရွှေ့ပြောင်းနေထိုင်ခွင့်နှင့်ပတ်သက်သည့် ပြုပြင်ပြောင်းလဲမှုများကို ထုတ်ပြန်
ALynn (NSS) - ဧပြီ ၁၁
ဥရောပပါလီမန်သည် အီးယူနိုင်ငံရေးခိုလှုံခွင့်နှင့် ရွှေ့ပြောင်းနေထိုင်ခွင့်စည်းမျဉ်းများကို အတည် ပြုခဲ့သည်။
ပါလီမန်၏ အဓိကနိုင်ငံရေးအုပ်စုများသည် လက်ယာစွန်းနှင့် လက်ဝဲစွန်း အတိုက်အခံ များကို ကျော်လွှား၍ ပြုပြင်ပြောင်းလဲထားသည့်စည်းမျဉ်းများပါဝင်သော ခိုလှုံခွင့်နှင့် ရွှေ့ပြောင်း ခွင့်စာချုပ်သစ်ကို အတည်ပြုပြဋ္ဌာန်းရန် ကြိုးပမ်းနေကြသည်။ ပြုပြင်ပြောင်းလဲမှုများတွင် အီးယူနိုင်ငံ များသို့ ရောက်ရှိလာသော ခိုလှုံခွင့်ရှာဖွေသူများအား မည်သူက တာဝန်ယူသင့်ကြောင်း မေးခွန်းများကိုလည်း ထည့်သွင်း စဉ်းစားထားသည်။ အီးယူပြည်ထဲရေးကော်မရှင်နာက “စာချုပ်အသစ် သည် ကျွန်ုပ်တို့၏ နယ်စပ်များကို ပိုမိုကောင်းမွန်စွာကာကွယ်သွားနိုင်မည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ ၏ ပေါင်းစည်းညီညွတ်မှုကို ဖော်ပြရာလည်းရောက်ကြောင်း” ပြောကြားခဲ့သည်။
ပါလီမန်၏ ပြင်ပတွင် ၎င်းစာချုပ်အား ဆန့်ကျင်ကြောင်း ဆန္ဒပြသူများရှိခဲ့ပြီး ရွှေ့ပြောင်းသူ ကူညီကယ်ဆယ်ရေးနှင့် NGO များ၏ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။
၎င်းစာချုပ်အတည်ပြုရေးအတွက် အီးယူအဖွဲ့ဝင်များအားလုံး ခိုလှုံခွင့်လျှောက်လွှာများကို စီမံခန့်ခွဲ ရာတွင် အသီးသီးတာဝန်ယူရန်လိုအပ်မည်ဖြစ်သည်။ အကယ်၍ အီးယူနိုင်ငံတစ်နိုင်ငံက ခိုလှုံခွင့် လျှောက်ထားခြင်းကို လက်မခံပါက အခြားသောအထောက်အပံ့များဖြစ်သည့် ငွေကြေးများ ပေးအပ်ခြင်းကို တာဝန်ယူရမည်ဖြစ်သည်။ ထို့ပြင် ခိုလှုံခွင့်တောင်းခံမှုအများဆုံးနိုင်ငံများသည် အခြားနိုင်ငံများသို့ ခွဲဝေတာဝန်ယူရန် ကမ်းလှမ်းခွင့်ရှိသည်။ အငြင်းပွားဖွယ်အဖြစ်ဆုံးအပိုင်းမှာ နယ်စပ်တွင် ခိုလှုံခွင့်တောင်းခံသူများကို လက်ခံရန် စစ်ဆေးရေးကိရိယာများချထားပြီး ကိုက်ညီ မှုမရှိသောသူများကို အမြန်ဆုံးပြန်လွှတ်ခြင်းဖြစ်သည်။ အီရန်အဖွဲ့ဝင် ၂၇ နိုင်ငံသည် ၎င်းပြုပြင် ပြောင်းလဲရေးများပါဝင်သော စာချုပ်သစ်ကို အတည်ပြုနိုင်ရန် ဧပြီလနှောင်းပိုင်းတွင် အတည်ပြု ကြောင်း မဲပေးကြရမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့အလယ်ပိုင်းဒေသအကျပ်အတည်းများကြားတွင် ရေနံအကျိုးအမြတ်များပြားလာ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ