Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေအကြောင်း တစေ့တစောင်း (ဘာသာပြန်ဆောင်းပါး)

ALynn (NSS) - ဧပြီ ၅ 

မကြာသေးမီကာလအတွင်းကပင် ဟောင်ကောင်အစိုးရသည် ပြည်သူ့လွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေတစ်ခုကို စတင်ကျင့်သုံးဖို့ကြိုးပမ်းလာသည်ကို တွေ့ရသည်။ 

အစိုးရက ဟောင်ကောင်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပုဒ်မ ၂၃ အရ အမျိုးသားလုံခြုံရေး ဥပဒေမှာ ပြဋ္ဌာန်းဖို့လို အပ်လျက်ရှိကြောင်း အကြောင်းပြချက်ပေးသည်။ ယခု အမျိုးသားလုံခြုံ‌ရေးဥပဒေသည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်မကြီး အစိုးရက ထုတ်ပြန်ခဲ့သော ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေအပေါ်အခြေခံနေသည်။ 

တရုတ်ပြည်မကြီးအနေဖြင့် ထိုကဲ့သို့ ပြဋ္ဌာန်းရခြင်းမှာလည်း ၂၀၁၉ ခုနှစ်က ဟောင်ကောင် မြို့တော်တစ်ဝန်းတွင် အုတ်အော်သောင်းတင်းဖြစ်စေခဲ့သော အပြင်းအထန်ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားခြင်း မရှိရအောင် ထိန်းသိမ်းရန် အလို့ငှာ ရည်ရွယ်ကြောင်း သိရသည်။ ဟောင်ကောင်သည် ၂၀ဝ၃ ခုနှစ်ကလည်း အမျိုးသားလုံခြုံရေးဥပဒေကို ပထမဆုံး အကြိမ်ပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့သော်လည်း လူတစ်သန်းခွဲခန့် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ခြင်းကြောင့် အစိုးရက ထိုဥပဒေကို ပြန်လည်ရုပ်သိမ်းခဲ့ရဖူးသည်။

ထိုကဲ့သို့ အမျိုးသားလုံခြုံရေး ဥပဒေနှင့်ပတ်သက်၍ ထိလွယ်ရှလွယ် အခြေအနေရှိခဲ့သော် လည်းဟောင်ကောင် အစိုးရသည် ယခုနှစ် အစောပိုင်းမှစကာ အမျိုးသားလုံခြုံရေးဥပဒေကြမ်းအပေါ် ပြန်လည်အာရုံစိုက်လာပြီး ပြန်လည်ဆန်းစစ်ခြင်း နှင့် ညှိနှိုင်းဆွေးနွေးခြင်းလုပ်ငန်းစဉ်များကို တစ်လကြာ ဆောင်ရွက်ခဲ့သည်။ 

ညှိနှိုင်းကာလပြီးဆုံးပြီးနောက် ရှစ်ရက်အကြာ မတ်လ ၈ ရက်တွင် ဥပဒေပြုကောင်စီသို့ မူကြမ်း အပြည့်အစုံ ရောက်ရှိ လာပြီး အဆိုပြုထားသော ပြစ်မှုများနှင့် ဆက်စပ်ပြစ်ဒဏ်များကို ပြည်သူများအား အပြည့်အဝ သိရှိခွင့်ပြုခဲ့သည်။


၂၀၂၄ ဟောင်ကောင်ပြည်တွင်း အမျိုးသားလုံခြုံရေးဥပဒေ

၂၀၂၄ ဟောင်ကောင်ပြည်တွင်း အမျိုးသားလုံခြုံရေးဥပဒေကြမ်းသည် အစိုးရ၏ အုပ်ချုပ်ရေးအာဏာကို ပိုမိုချဲ့ထွင်နိုင်မည်ဖြစ်ကာ အနာဂတ်တွင် ၄င်းအားစိန်ခေါ်လာနိုင်သည့် သူလျှိုလုပ်ခြင်းများ၊ ပြင်ပ၏ဝင်ရောက်စွက်ဖက်မှုများနှင့် အခြားနိုင်ငံတော်လျှို့ဝှက်ချက်များကို အကာအကွယ်ပြု ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် ဆူပူအုံကြွရန် လှုံ့ဆော်မှုများအတွက်လည်း ပြင်းထန်သော ပြစ်ဒဏ် များချမှတ်နိုင်ရန် ဖော်ပြထားသည်။ 

ဝေဖန်သုံးသပ်သူများက ထိုဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် ဟောင်ကောင်၏ ဥပဒေမူဘောင်သည် တရုတ်ပြည်မကြီးနှင့် ပို၍ ဆင်တူလာနိုင်ပြီး အရပ်ဘက် လွတ်လပ်ခွင့်များ ဆုံးရှုံးလာနိုင်ခြေရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

ဟောင်ကောင်ပြည်တွင်းဥပဒေသည် ၂၀ ၂၀ ပြည့်နှစ် ဇွန်လတွင် ပေကျင်းမှပြဋ္ဌာန်းခဲ့သော အမျိုးသားလုံခြုံရေးဥပဒေကို ဖြည့်စွက်ကာ မြို့တော်၏လုံခြုံရေးဆိုင်ရာ ဥပဒေမူဘောင်အတွင်း အခြားကွက်လပ်များကို ဖြည့်သွင်းသွားနိုင်မည်ဟု မျှော်လင့်ရ သည်။ ပြည်မကြီးဥပဒေသည် ခွဲထွက်ခြင်း၊ အဖျက်အမှောင့်၊ အကြမ်းဖက်ခြင်းနှင့် ပြည်ပအင် အားစုများနှင့် ပူးပေါင်းခြင်း စသည့် အဓိကပြစ်မှု လေးခုကိုသာ ပစ်မှတ်ထားသည်။ 

ဟောင်ကောင် ပြည်တွင်းဥပဒေမှာမူ (၁) နိုင်ငံတော် သစ္စာဖောက်မှု၊ (၂) ပုန်ကန်မှုနှင့် ပုန်ကန် ရန်သွေးထိုးလှုံ့ဆော်မှု၊ (၃) နိုင်ငံတော်လျှို့ဝှက်ချက် ခိုးယူမှုနှင့် သူလျှိုလုပ်မှု၊ (၄) နိုင်ငံတော်လုံခြုံရေးနှင့် ဆက်နွှယ်သောလုပ်ငန်းများကို အန္တရာယ်ဖြစ်စေ သော ဖျက်ဆီးမှုများနှင့် (၅) ပြင်ပ၏ ဝင်ရောက်စွက် ဖက်ခြင်းများကို အဓိကပစ်မှတ်ထား ရည်ရွယ်ပါသည်။

အဆိုပါဥပဒေသစ်အောက်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အင်အားသုံး၍ နိုင်ငံကို ကျူးကျော်စေရန် လှုံ့ဆော်ပေးခြင်း ကို နိုင်ငံတော်သစ္စာဖောက်မှုဟုသတ်မှတ်ပြီး အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်သည်။ ထို့ပြင် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းကို ပုန်ကန်မှုအဖြစ်သတ်မှတ်ထားသည်။ 

အလားတူ ဆူပူအုံကြွမှုကျူးလွန်သူများကို ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်ပြီး ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည် သည့် ဆူပူမှုမျိုးဆိုလျှင် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။ ပြည်ပအင်အား စုများဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် နိုင်ငံခြား အ စိုးရများနှင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာအဖွဲ့ အ စည်းများနှင့် ကုမ္ပဏီများပါဝင်နေသည်။ 

နိုင်ငံတော်လျှို့ဝှက်ချက်များအား ဥပဒေမဲ့ ရယူမှု၊ ဥပဒေမဲ့ လက်ဝယ်ထားရှိမှု သို့မဟုတ် ဥပဒေမဲ့ ထုတ်ဖော်မှုဖြင့် တရားစွဲခံရသူများအနေဖြင့် ဥပဒေကြမ်းတွင်’သတ်မှတ်ထားသော ထုတ်ဖော်မှု’ အချက်အလက်များနှင့်ကိုက်ညီပါက ခုခံကာကွယ်မှု ရယူနိုင်ပါသည်။ သတင်းအချက်အလက်ကို ထုတ်ဖော်ရခြင်း၏ရည်ရွယ်ချက်မှာ အစိုးရ၏လုပ်ငန်းဆောင်တာများကို ပြင်းထန်စွာ သက်ရောက်မှုရှိစေ နိုင်မည့်အခြေအနေများ သို့မဟုတ် အများပြည် သူဆိုင်ရာ စည်းမျဉ်းစည်းမျဉ်း၊ ပြည်သူ့လုံခြုံရေး သို့မဟုတ် ပြည်သူ့ကျန်းမာရေးအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှု ရှိစေမည့် အခြေအနေများကြောင့် ထုတ်ဖော်ရခြင်းဖြစ်ပါက ခုခံကာကွယ်နိုင်ပါသည်။ 


ကျယ်ပြန့်လာမည့် အာဏာပိုင်များ၏  လုပ်ပိုင်ခွင့် အာဏာ

ဟောင်ကောင်ပြည်တွင်း ဥပဒေသစ်အောက်တွင် အမျိုးသားလုံခြုံရေးချိုးဖောက်ရန် ကျူးလွန်သူများနှင့် အဖမ်းခံရသူ များအတွက် စည်းမျဉ်းအသစ်များလည်းပါဝင်လာသည်။ ယင်းတို့တွင် နိုင်ငံတော်လုံခြုံရေးအရ စွဲချက်မတင်ဘဲ ဖမ်းဆီးခံထားရ သူတစ်ဦးအား ထိန်းသိမ်းထားရန် ကာလကို ၄၈ နာရီ မှ ၁၄ ရက်အထိ တရားရုံး၏ ခွင့်ပြုချက်ဖြင့် ရဲအရာရှိက တိုးမြှင့်နိုင်သည်။ 

ရဲတပ်ဖွဲ့သည် အာမခံဖြင့် ဖမ်းဆီးခံရသူအတွက်’လှုပ်ရှားမှု ကန့်သတ်မိန့်’ကို ရာဇဝတ် တရားသူကြီးထံ လျှောက်ထား တောင်းခံနိုင်သည်။ ထို့ပြင် တပ်ဖွဲ့များသည် အဖမ်းခံထားရသော သံသယရှိသူကို အချို့သောရှေ့နေများနှင့် တိုင်ပင်ခြင်းမှ တားမြစ်ရန် ရာဇဝတ်တရားသူကြီးထံ လျှောက်ထားနိုင်သည်။ 

လုံခြုံရေးဝန်ကြီးသည် “သက်ဆိုင်ရာ ထွက်ပြေးတိမ်းရှောင်သူများ တစ်နည်းအားဖြင့် ဝရမ်းပြေးများ” ၏ နိုင်ငံကူး လက်မှတ်များကို ပယ်ဖျက်နိုင်ပြီး ၄င်းတို့ကို ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် ၄င်းတို့အား အိမ်ရာများငှားရမ်းခြင်းမှ တားမြစ်ထားနိုင်ပြီး ၄င်းတို့၏ အရည်အချင်းတစ်ခုခုကို ဆိုင်းငံ့ထားနိုင်သည်။ 

နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်ခြင်းကြောင့် ပြစ်ဒဏ်ကျခံသူများကို လွတ်ငြိမ်းချမ်းသာခွင့် သို့မဟုတ် ပြစ်ဒဏ် လျှော့ပေါ့ စောစီးစွာပြန်လွှတ် ပေးခြင်းတို့ကို တားဆီးနိုင်မည့် ဥပဒေများကို ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိပြီး အခြေခံဥပဒေပုဒ်မ ၂၃ ပါအတိုင်း အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခြင်း မပြီးမီ သို့မဟုတ် ပြဋ္ဌာန်းပြီးနောက် ချမှတ်သည့် ပြစ်ဒဏ်များသည် အကျဉ်းသား အားလုံးအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်သည်။ 

ထိုအချက်များအားလုံးသည် အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို ယခင်ကထက်ပိုပေးထားသည်ကို တွေ့ရှိရပြီး ပြဋ္ဌာန်း ချက်ပါ ဥပဒေများကို ချိုးဖောက် သူများအနေဖြင့် တရားခွင်ရင်ဆိုင်ရာတွင် လျှော့ပေါ့စေမည့် နည်းလမ်းများကလည်း အလွန်နည်းပါး နေကြောင်း တွေ့ရှိရပါသည်။

သက်ရောက်နိုင်မှုများ

ယခုအခါ နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိက သုတေသနလုပ်ငန်းများ၊ မီဒီယာများ၊ သံတမန်များနှင့် ပညာရှင်များက ထိုဥပဒေကြမ်း၏ ရှေ့ဆက်အလား အလာနှင့် သက်ရောက်နိုင်စွမ်းများကို စောင့်ကြည့်လေ့လာလျက်ရှိနေကြပါသည်။


အချို့က ၄င်းဥပဒေသည် ဟောင်ကောင်၏ လွတ်လပ်ခွင့်များကို ကန့်သတ်လာမည်လားဟု စိုးရိမ်ကြပြီး အချို့ကမူ နိုင်ငံတော်လျှို့ဝှက်ချက် ပြဋ္ဌာန်းများကြောင့် အချက်အလက်များထိန်းချုပ်ကန့်သတ်ခြင်းများလာပြီး သုတေသနလုပ်ငန်းများကို ထိခိုက် လာနိုင်မည့်အရေးအပေါ် စိုးရိမ်ကြောင့်ကြ ကြ သည်။

ဥပဒေအရ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမည့် ကွန်ပျူတာ သို့မဟုတ် အီလက်ထရွန် နစ်ပစ္စည်းများကို တရားမဝင် အသုံးပြု၍ အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်မည်ဆိုလျှင် ထောင်ဒဏ် အနှစ် ၂၀အထိ ချမှတ်ခံရနိုင်ပါသည်။ ဥပဒေ ကြမ်းတွင် ဖော်ပြချက်များအရ နိုင်ငံတော်လျှို့ဝှက်ချက်များသည် ကျယ်ပြန့်နေပြီး စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေးလျှို့ဝှက်ချက်များအပြင် လူမှုရေး၊ စီးပွားရေး၊ နည်းပညာနှင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ကြား ဆက်ဆံရေးနှင့်သက်ဆိုင်သည့် အချက်အလက်များပါ ပါဝင်နေသောကြောင့် သုတေသန လုပ်ငန်းများတွင် အမှန်ပင် နှောင့်နှေးမှုများ၊ အချက် အလက် ကန့်သတ်ခြင်းများရှိလာနိုင်ပါသည်။ သို့သော် ဟောင်ကောင်အကြီးအကဲကမူ ယင်းဥပဒေသည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး ဟောင်ကောင်၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အကာအကွယ်ပေးသွားနိုင်မည်ဖြစ်ကြောင်း အာမခံချက်ပေးထားပါသည်။ 

ဟောင်ကောင်သည် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍ အတိတ်တွင် အခက်အခဲ၊ အတားအဆီးမျိုးစုံ နှင့်ကြုံတွေ့ခဲ့ရသည်။ သို့သော် ယခုတစ်ကြိမ် ပြဋ္ဌာန်းသွားမည့် ၂၀၂၄ အမျိုးသားလုံခြုံရေးဥပဒေသစ်မှာမူ ယခုအချိန်ထိ ပြင်းပြင်း ထန်ထန်ကန့်ကွက်ခြင်းများတော့ မရှိသေးပေ။ ယခုဥပဒေသည် အာဏာပိုင်များနှင့် ဟောင်ကောင်အစိုးရအတွက် လုပ်ပိုင်ခွင့်များ ပိုပေးထားသည်ဖြစ်ရာ အကယ်၍ ၂၀၁၉ ခုနှစ်ကကဲ့သို့ ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့လျှင် အစိုးရက ထိထိရောက်ရောက် ထိန်းချုပ် သွားမည့် အနေအထားတွင် ရှိနေသည်။

ဟောင်ကောင်ကဲ့သို့သော အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသငယ်လေးတွင်ပင် အမျိုးသား လုံခြုံရေးဥပဒေကို ပြဋ္ဌာန်းပြီး နိုင်ငံတော်အပေါ် သစ္စာဖောက်မှု၊ ပြည်ပ၏ ဝင်ရောက်စွက်ဖက်မှုနှင့် အကြမ်းဖက်ခြင်းလုပ်ရပ်များကို ထိထိရောက်ရောက် ကာကွယ်ဖို့ ကြိုးပမ်းနေသည်ဖြစ်ရာ ကျွနုပ်တို့နိုင်ငံကဲ့သို့ လက်နက်ကိုင်အုပ်စုများ၊ အကြမ်းဖက်လုပ်ရပ်များ၊ ဆူပူအုံကြွမှုများဖြင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်း‌ ရေးကို ပျက်ပြားအောင် လှုံ့ဆော်နေမှုများကို တား ဆီးကာကွယ်ဖို့အတွက်လည်း ထိုကဲ့သို့ ဥပဒေများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တယ်လီဂရမ်လူမှုကွန်ယက်တွင် အကြမ်းဖက်မှုနှင့်ဆက်နွယ်သောပို့စ်တင်ခြင်းများကို ဖယ်ရှားရှင်းလင်းမည်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved