ဧပြီလအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များတိုးလာနိုင်
ယွန်း(NSS) - မတ် ၂၈
လာမည့် ဧပြီလအတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များတိုးလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မိုးဇလမှ ယနေ့(မတ်လ ၂၈ ရက်)တွင် ထုတ်ပြန်သည့် ဧပြီလအတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ကယား၊ ကရင် နှင့် မွန်တို့တွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ကြောင်း သိရသည်။
ထို့ပြင် မိုးရွာသွန်းမှုများလည်းရှိနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင် နှင့် ချင်းတို့တွင် ၇ ရက်မှ ၁၂ ရက်ခန့် နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် ၁ ရက်မှ ၆ ရက်ခန့်မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ဆိုထားသည်။
ယခုနွေရာသီ၌ နေ့အပူချိန်မြင့်တက်ခါ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းဖြစ်စဥ်များ ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ(၁)ရက်တွင် အသိပေးထားသည်။ ထို့ပြင် မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့ပစ်လွှတ်လိုက်သော ဒရုန်းလေးစင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း