Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရုရှားသမ္မတပူတင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ (ဘာသာပြန်ဆောင်းပါး)

ဂျန်ဇက် (NSS) - မတ် ၂၇ 

လက်ရှိကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ခေါင်းဆောင်တွေထဲ ဩဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တွေထဲမှာ ရုရှားသမ္မတပူတင် ပါဝင်နေပါတယ်။ ရုရှားသမ္မတပူတင်ဟာ လက်ရှိအချိန်မှာ အသက်  ၇၁ နှစ်အရွယ်ရှိနေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထက် ၁၀ နှစ် ငယ်သလို တရုတ်သမ္မတရှီကျင့်ဖျင့်ထက် ၁ နှစ်ကြီးပါတယ်။ နာမည်ကျော် ရုရှားပြည်ပ ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ ကေဂျီဘီထောက်လှမ်းရေးအဖွဲ့မှာ ၁၆ နှစ်ကြာ တာဝန်ယူဖူးတဲ့ ပူတင်ဟာ ရုရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်၊ သမ္မတရာထူးတွေကို ၁၉၉၉ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့ဖူးရာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ တရုတ်သမ္မတ ရှီကျင့်ဖျင့်တို့ထက် နိုင်ငံရေး သမ္ဘာ၊ ဝါရင့်သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ 

ပူတင်ကို ၁၉၅၂ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စု လီနင်ဂရက်မြို့မှာမွေးဖွားခဲ့ပြီး မိခင်ဖြစ်သူက စက်ရုံအလုပ်သမ တစ်ဦးဖြစ်သလို ဖခင်ဖြစ်သူက ရုရှား ရေတပ်သားတစ်ဦးဖြစ်ပါတယ်။ ပူတင်ရဲ့အဘိုးဖြစ်သူက စစ်သားတစ်ဦးဖြစ် ကာ နိုင်ငံအတွက် အသက်ပေးခဲ့သလို ဖခင်ဖြစ်သူကလည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ မိမိကိုယ်ပိုင်ဆန္ဒ အလျောက် အသက်ပေးစစ်မှုထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပူတင်ရဲ့အဘွားနဲ့မိခင်ဖြစ်သူတို့ဟာ ဗာလို့ဂျာလို့ အိမ်နာမည် ခေါ်ဆိုခံရတဲ့ပူတင်ကို ရှင်သန်အောင် ကျွေးမွေး စောင့်ရှောက်ခဲ့ပြီး နိုင်ငံ့သမ္မတ ဖြစ်လာမယ်လို့ ကြိုတင်တွေးထင် ထားတာမျိုး မရှိခဲ့ပါဘူး။ ရုရှားသမ္မတပူတင်ဟာ ငယ်စဉ်ကလေးဘဝကနေ လူပျိုပေါက်အရွယ်ရောက်တဲ့အချိန်အထိ ဆင်းဆင်းရဲရဲနဲ့ သာမန်တိုက်ခန်းကျဉ်းလေးထဲ မှာ ရှင်သန်ခဲ့ရပါတယ်။ စိန့်ပီတာစဘတ်မြို့ ယူနီဗာစတီရှိ ဥပဒေတန်းမှာ ဘွဲ့ရရှိခဲ့တဲ့ပူတင်ဟာ ထောက်လှမ်း ရေးအဖွဲ့မှာ အမှုထမ်းဖို့  စိတ်ဝင်စားခဲ့ပြီး ကျောင်းပြီးချိန်မှာ ကေဂျီဘီ KGB နာမည်ကျော် ဆိုဗီယက် ထောက်လှမ်း ရေးအဖွဲ့မှာ ဝင်ရောက်အမှုထမ်းခဲ့ပြီး၊ အဲဒီအချိန်က သာမန်စစ်ဘက်ရေးရာထောက်လှမ်းရေးအရာရှိတစ်ဦးသာ ဖြစ်တာကြောင့် ဆိုဗီယက်ကွန် မြူနစ်ပါတီစနစ်ဦးဆောင်မှုအောက်မှာ ကြီးကြီးမားမားရာထူးကိုရနိုင်မယ်လို့ အိပ်မက်မမက်ခဲ့ဘူးလို့ ဆိုပါတယ်။ ပူတင်ဟာ ကေဂျီဘီ KGB ထောက်လှမ်းရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေရင်း မိန်းမရခဲ့ပြီး သမီးတစ်ဦး မွေးဖွားခဲ့ပါတယ်။ 

ပူတင်ဟာ ရဲရင့်ထက်မြက်တဲ့ခေါင်းဆောင် တစ်ဦးဖြစ်တယ်ဆိုတာ KGB ထောက်လှမ်းရေးအဖွဲ့မှာ ပါဝင်ချိန် ကတည်းက သက်သေပြနိုင်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ပူတင်တို့ ရုရှားထောက်လှမ်းရေးအဖွဲ့  အရာရှိတွေ နေထိုင် နေတဲ့ အဆောက်အအုံကို ဂျာမနီ ဆန္ဒပြအုပ်စုတွေ လာရောက်ဝန်းရံပြီး KGB ထောက်လှမ်းရေးအဖွဲ့တွေကို လက်နက်ချဖို့တောင်းဆိုခဲ့ရာ ပူတင်က ခပ်ပြတ်ပြတ်တုံ့ပြန်ခဲ့ပြီး သူရဲ့ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ပူတင်ဟာ ဆန္ဒပြလူအုပ်ကြီးရှေ့ထွက်ပြီး စိုးရိမ်ကြောက်ရွံ့မှုမရှိဘဲ လူအုပ်ရှေ့ထွက်ကာ “ငါ့မှာ ပစ္စတိုကျည်ထိုးပြီး အသင့်၊ ငါ့တပ်ဖွဲ့တွေလည်းအသင့်ပြင်ပြီး ကျည်ထိုးပြီးသားတွေချည်းပဲ။ ပြီးတော့ ဒီအဆောက် အအုံက ဆိုဗီယက်နိုင်ငံကို ကိုယ်စားပြုတယ်။ နိုင်ငံနှစ်နိုင်ငံအကြား အသိမှတ်ပြုထားတဲ့ဧရိယာကို အတင်းဝင်ရောက်သိမ်းပိုက်မည်ဆိုပါက ငါတို့ အကုန်သေမှပဲ မင်းတို့ဝင်လို့ရမယ်။ ငါတို့နဲ့အတူ မင်းတို့လူအုပ်ထဲက အယောက် ၁၀ဝ ထက်တော့ မနည်း တူတူသေရမယ်၊ ဒါကြောင့် ငါတို့အနေနဲ့ ဆန္ဒပြတဲ့လူအုပ်ကို လေးစားမှုရှိသလို မင်းတို့လည်း တခြားနိုင်ငံတစ်ခုကို လေးစား မှုရှိစေချင်ပါတယ်” လို့ ပြောပါတယ်။ 

ပူတင်ဟာ ဒုတိယမြောက်သမီးလေးမွေးဖွားပြီးချိန်မှာလည်း အလုပ်ပြုတ်မှုနဲ့အတူ အခက်အခဲများစွာဖြစ်ခဲ့ရပြီး ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီလိုမျိုး ဘဝအခက်အခဲတွေ ရှိနေချိန်မှာ ပူတင်ဟာ မော်စကို မြို့ရှိ စစ်ဘက်ထောက်လှမ်းရေးဌာနမှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး မြို့တော်မော်စကို ကို ရောက်ရှိ လာခဲ့ရာ ဘဝကို ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်လာစေခဲ့ပါတယ်။ စစ်ဘက်ထောက်လှမ်းရေးတာဝန်ကို ဒုတိယ ဗိုလ်မှူးကြီးတာဝန်အထိ ထမ်းဆောင်ခဲ့သလို စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူးကြီးတာဝန်၊ သမ္မတရုံး အတွင်းလူ၊ ဥပဒေဘွဲ့ရ၊ ဂျာမန်စကား၊ အင်္ဂလိပ်စကား တတ်ကျွမ်းပြီး အရည်အချင်းရှိ ထက်မြက်တဲ့ပူတင်ဟာ အဲဒီအချိန်က ကျန်းမာရေးအရရော နိုင်ငံရေးပါဝါ အရရော ဦးမဆောင်နိုင်တော့တဲ့ သမ္မတကြီး ယဲ့လ်ဆင်ရဲ့ယုံကြည်ရသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေရိကန်စီအိုင်အေလက်ချက်ကြောင့် ၁၉၉၀ ပြည့်နှစ်မှာ ဆိုဗီယက်ပြည်ထောင် စုကြီး ပြိုကွဲခဲ့ပြီး ရုရှားနိုင်ငံဟာလည်း အခက်အခဲများစွာဖြစ်လာခဲ့ပါတယ်။ 

အမေရိကန်စီအိုင်အေအဖွဲ့ကလည်း ဆိုဗီယက်ပြည်ထောင်စုကြီးက ကျန်ခဲ့တဲ့ ရုရှားနိုင်ငံကို ဖြိုခွဲဖို့ ထပ်မံ ကြံစည် လာခဲ့ပါတယ်။အဲဒီ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလတွေမှာ ကော့ကေးဆပ် ဒေသ ရုရှားအနောက်တောင်ပိုင်း ဒေသတွေမှာ အစွန်းရောက်အကြမ်းဖက်ဝါဒတွေ ခေါင်းထောင်လာပြီး ချေချင်းညာ ပြည်နယ်လွတ်မြောက်ရေး အတွက် တိုက်ပွဲတွေ စတင်လာခဲ့ပါတယ်။ အဲဒီလိုမျိုး နိုင်ငံအခက်အခဲဖြစ်နေချိန်မှာ သမ္မတယဲ့လ်ဆင်ဟာ အကြောင်းပြချက်တွေရှာပြီး နိုင်ငံရေးလောက ကနေ မထွက်ခွာခင် ပူတင်ကို ကိုယ်စားအုပ်ချုပ်စေကာ နိုင်ငံရေးသမားကောင်းဖြစ်လာစေဖို့ လေ့ကျင့်ပေးခဲ့ပါတယ်။ နိုင်ငံငယ်တစ်ခုကို ဦးဆောင်ရတာတောင် မလွယ်ကူ ချိန်မှာ နိုင်ငံအများစုစည်းပေါင်းစပ်ထားတဲ့  ရုရှားဖက်ဒရယ် နိုင်ငံတော်ကြီး၊ ကမ္ဘာ့အကြီးဆုံးဧရိယာပိုင်တဲ့ နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးပေါင်းများစွာ၊ ဘာသာအယူဝါဒအစုံရှိတဲ့ ဖက်ဒရယ်နိုင်ငံကြီးကို ဦးဆောင်ရမယ်ဆိုရင် နေ့ရော ညပါ လေ့လာအားထုတ် ခေါင်းရှုပ်မှာ သေချာလှပါတယ်။

၁၉၉၉ ဒီဇင် ဘာ ၃၁ ရက်နေ့မှာ ပူတင်ဟာ ရွေးကောက်ပွဲအနိုင်ရ ယူနိုက်တက်ရုရှားနိုင်ငံရေး ပါတီကနေ အဆိုပြုတင်သွင်းတဲ့ သမ္မတအဖြစ် ခရင်မလင်နန်းတော်ကြီးမှာ သမ္မတ ဘိသိက်အခမ်းအနားဖြင့် သမ္မတကြီးတစ်ဦး ဖြစ်လာခဲ့ပြီး အဲဒီအချိန်က သမ္မတပူတင်ရဲ့အသက် ဟာ ၄၈ နှစ်အရွယ် သာရှိနေသေးပါတယ်။ သက်ကြား အိုတွေကို နိုင်ငံအနာဂတ် လက်ဆင့်မကမ်းဘဲ ငယ်ရွယ်တတ်ကြွပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းပြည့်ဝသူထံ ရုရှားနိုင်ငံကြီးကို ပုံအပ်ခဲ့တာမျိုးလည်း ဖြစ်ပါတယ်။ ပူတင်ဟာ ရုရှားသမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ စိန်ခေါ်မှုအမျိုးမျိုးရင်ဆိုင်ခဲ့ရပေမယ့် ကြံ့ကြံ့ခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ ခေတ်မီလက်နက်တွေ ပိုမိုပိုင်ဆိုင် အောင်၊ ကမ္ဘာ့စူပါ ပါဝါနိုင်ငံဖြစ်အောင် ကြိုးပမ်းရုန်းကန်ခဲ့ပါတယ်။ ပူတင်ဟာ ရုရှားသမ္မတ၊ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ရုရှားကို ကမ္ဘာ့ စူပါပါဝါနိုင်ငံအဖြစ် ပုံရိပ်တည်ဆောက်နိုင်ခဲ့သလို ဩဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံဖြစ်လာစေဖို့ ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။ ပူတင်ဟာ ရုရှားနိုင်ငံကို ဒီမိုကရက် တစ် နိုင်ငံအဖြစ်ကနေ အာဏာရှင်နိုင်ငံဖြစ်အောင်ဖန်တီးခဲ့တယ်လို့ ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပေမယ့် ပူတင်ဟာ နိုင်ငံကို စုစည်းညီညွတ်မှုဖြစ်အောင်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် ကြိုးပမ်း လျက်ရှိနေပါတယ်။ ပူတင်ဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းစေဖို့အပြင် အရှေ့အလယ်ပိုင်းဒေသတွေမှာ ဩဇာလွှမ်းမိုးမှု ပိုမိုတိုးချဲ့နိုင်အောင် ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။ 


ပူတင်ဟာ ၎င်းရဲ့ရည်မှန်းချက်တွေကို ရယူနိုင်ဖို့ အင်အားသုံးဖြေရှင်းတတ်တဲ့ လူမျိုးဆိုတာ ခရိုင်းမီးယား ကျွန်းဆွယ်ပြဿနာနဲ့ ယူကရိန်း စစ်ပွဲတွေက သက်သေပြနေတယ်လို့ ထင်ကြေးပေး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ပူတင်ဟာ မျိုးချစ် စိတ်ပြင်းထန်သူတစ်ဦးဖြစ်ပြီး သူရဲ့ နိုင်ငံသားတွေ၊ လူမျိုးတွေ စုစည်းညီညွတ်မှု ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ အကောင်းဘက်က ရှုမြင်သုံးသပ်တာတွေလည်းရှိနေပါတယ်။ ပူတင်ဟာ သမ္မတအဖြစ် တာဝန်ယူချိန်ကာလတွေအတွင်းမှာ အနည်းဆုံး (၇) ကြိမ်လုပ်ကြံသတ်ဖြတ်ခံရပေ့မယ့် အသက်ရှင် လွတ်မြောက်ခဲ့သလို သူ့အပေါ် ဝေဖန်ပြစ်တင် သူတွေကိုလည်း ခပ်ပြတ်ပြတ်တုံ့ပြန်တတ်သူတစ်ဦးဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြခဲ့ဖူးပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုမီဒီယာတွေဟာ ရုရှားသမ္မတပူတင်နဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုမျိုးစုံပြုလုပ်နေပေမယ့် ရုရှားနိုင်ငံသားတွေကတော့ သမ္မတ ပူတင်ကို ပိုမိုယုံကြည်ထောက်ခံနေဆဲဖြစ်တယ်လို့ ရုရှားပြည်သူ့သဘောထားဆိုင်ရာသုသေတနအဖွဲ့ VCIOM အဖွဲ့က ပြောပါတယ်။

VCIOM အဖွဲ့ကောက်ယူခဲ့တဲ့စစ်တမ်းထဲမှာ ရုရှားနိုင်ငံသား   (၇၈)ရာခိုင်နှုန်းက သမ္မတပူတင်ရဲ့ဆောင်ရွက်ချက် တွေကို ယုံကြည်ထောက်ခံနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတပူတင်ဟာ မတ်လအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း သမ္မတအဖြစ် ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ရာ အဲဒီရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရမယ် ဆိုရင် ရုရှားနိုင်ငံရဲ့သမ္မတအဖြစ် ငါးကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အထိ  သမ္မတအဖြစ် ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။                                      

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်တပ်ကို ပိုမိုအားကောင်းလာစေရန်အတွက် နောက်ထပ်စစ်သားစုဆောင်းမှုများလုပ်ဆောင်ရန် မလိုအပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးပြော

RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved