Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိပ်တန်းလက်နက်များနှင့်အတူ ပါဝါချိန်ခွင်လျှာညှိနေသည့်ရုရှားနိုင်ငံ

Alynn (NSS) - မတ် ၂၇

စစ်အေးကာလများကတည်းက ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အပြိုင်အဆိုင် လက်နက် တပ်ဆင်မှုများရှိခဲ့သလို ယနေ့ခေတ် ၂၁ ရာစုတွင်လည်း ခေတ်မီစစ်လက်နက်များကို အပြိုင်တီထွင်ဆန်းသစ်ကြခြင်းဖြင့် အားမျှခြေချိန်ခွင်လျှာ အသာစီးရရေး အပြင်းအထန်အားပြိုင်မှုများက ရှိနေဆဲဖြစ်ပါသည်။ ခေတ်မီလက်နက်များအကြောင်းပြောလျှင် ရုရှား၏ ထိပ်တန်းလက်နက်များက ထိပ်ဆုံးမှပါဝင်နေမည်ဖြစ်သည်။ အကြောင်းကား ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်သူမှာလည်း ရုရှားပင်ဖြစ်နေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။ ၂၀၁၈ ခုနှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင်သည် “Super Weapons” ဟု အမည်ပေးထားသည့် အသံထက် မြန်သောဒုံးကျည် (Hypersonic missiles) များဖြင့် ကာကွယ်ရေးပိုင်းကို အဆင့်မြှင့်တင်ထားကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ယင်းမှာ ရုရှားအနေဖြင့် ၎င်း၏ အစဉ်အလာပြိုင်ဘက်များဖြစ်သည့် အမေရိကန်နှင့် နေတိုးအား သာမန်မဟုတ်သည့် စစ်အင်အား သာလွန်မှုဖြင့် အနိုင်ပိုင်းရန်အတွက်လည်း ရည်ရွယ်ဟန်တူပါသည်။ 

လတ်တလောဖြစ်ပွားလျက်ရှိသော ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စုနှင့် ရုရှား အကြား အခြေအနေတင်းမာမှုများက ပိုမိုပြင်းထန်လာသလို ရုရှားအဖို့ နိုင်ငံရေးဖိအားများနှင့်အတူ အကျပ်အတည်းများစွာကိုလည်းရင်ဆိုင်ခံစားနေရပါသည်။ သို့သော် စစ်ပွဲအတွင်း ရုရှား အနေဖြင့် ၎င်း၏ထိပ်တန်းလက်နက်များ သို့တည်းမဟုတ် နျူကလီးယားလက်နက်များ အသုံးပြုလာမည်လောဟူသည့် စိုးရိမ်မှုအချို့ကြောင့် အနောက်နိုင်ငံများသည် ရုရှားအပေါ် အတင်းအကြပ် ဖိအားမသုံးရဲဘဲ မချိတင့်ကဲဖြစ်ခဲ့ရသည့် အခါများလည်း ရှိခဲ့ဖူးသည်။ ထို့ကြောင့် ရုရှား၏ လက်နက်ရေးအရ သာလွန်မှုသည် နိုင်ငံရေးကစားပွဲများတွင် အရေးပါအရာရောက်လာခဲ့ပြီး အင်အားကြီးနိုင်ငံများအကြားတွင် ပါဝါချိန်ခွင်လျှာထိန်းညှိကစားနိုင်လာသည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့ အနောက်အုပ်စုတို့ အံ့အားသင့်စိုးရိမ်ရသည်အထိ ခြိမ်းခြောက်မှုပေးစွမ်းနိုင်သော ထိပ်တန်းလက်နက်များသည် ရုရှားထံ၌ အမျိုးအစား ၆ မျိုးထိပင်ရှိနေကြောင်း လေ့လာသိရှိရပါသည်။


(၁) Avangard Hypersonic Glide Vehicle (HGV) 


Avangard ဒုံးကျည်စနစ်သည် ယခင်ကဆိုဗီယက်တို့ စမ်းသပ်ခဲ့သည့် အသံထက်မြန်သော လက်နက်စနစ်များကို ပြန်လည်ဆန်းသစ်တီထွင်ထားခြင်းဖြစ်သည်။ အတိအကျဆိုရလျှင် ဆိုဗီယက်လက်ထက်က တိုက်ချင်းပစ်ဒုံးကျည် RS18A စနစ်နှင့် လက်ရှိ အသံထက်မြန်သော ဒုံးပျံယာဉ် Yu-71 စနစ်တို့ကို ပေါင်းစပ်ထားသည့် ပုံစံလည်းဖြစ်သည်။ Avangard ဒုံးကျည် စနစ်သည် ၂၀၀၂ ခုနှစ်တွင် ဒုံးကျည်စနစ်ဆန့်ကျင်ရေးစာချုပ် (Anti-ballistic Missile Treaty-ABM) မှ အမေရိကန်နှုတ်ထွက်ပြီး နောက်ပိုင်း အသံထက်မြန်သောဒုံးပျံယာဉ် (HGV) စနစ်များကို ပြန်လည်အသက်သွင်းရာမှ စတင်ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ ၁၉၉၀ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ Avangard ဒုံးကျည်ကို ၁၄ ကြိမ်တိတိ သယ်ဆောင်ပျံသန်းမှုများပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်မူ Orenburg မြို့ရှိ Dombarovskiy ဒုံးကျည်စခန်းမှ Kamchatka ကျွန်းရှိ ပစ်မှတ်ကို စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ခဲ့ပါသည်။ ပထမဆုံး Avangard ဒုံးကျည်နှစ်စင်းကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှစ၍ စစ်ဆင်ရေးအတွင်းသို့ ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း ဖော်ပြကြသော်လည်း နေရာအတိအကျသိရှိရခြင်းတော့ မရှိပါ။ 

Avangard သည် ၆,၀၀၀ ကီလိုမီတာ အကွာအဝေးရှိပစ်မှတ်ကို ရောက်ရှိနိုင်ပြီး ၂,၀၀၀ ကီလိုဂရမ်ခန့် အလေးချိန်ရှိသည်။ ၎င်းမှာ သမားရိုးကျဖြစ်စေ၊ နျူကလီးယားထိပ်ဖူးဖြစ်စေ သယ်ဆောင်သွားနိုင်ကာ အသံထက် ၂၇ ဆကျော်မြန်ပြီး ဝေဟင်တွင်လှည့်ပတ်ပျံဝဲနေနိုင်သည်။ ထို့ကြောင့်လည်း Avangard ၏ ပျံသန်းရာလမ်းကြောင်းကို ခန့်မှန်းနိုင်ခြင်းမရှိသလို ကြားဖျက် ဟန့်တားနိုင်ခြင်းမရှိသောကြောင့် မဟာဗျူဟာမြောက်ထိပ်တန်းလက်နက်တစ်ခုအဖြစ် သတ်မှတ် နိုင်ပါသည်။ 


(၂) Poseidon Underwater Unmanned Vehicle (UUV)


ပိုဆိုက်ဒွန်သည် စစ်ပွဲများကို အဆုံးအဖြတ်ပေးနိုင်မည့် အကြီးစားလက်နက်တစ်ခု ဖြစ်ပါသည်။ ပိုဆိုက်ဒွန်သည် မောင်းသူမဲ့နျူကလီးယားစွမ်းအင်သုံးတော်ပီဒို (သင်္ဘောဖျက် လက်နက်) အမျိုးအစားဖြစ်သည့်အပြင် နျူကလီးယားထိပ်ဖူးကိုပါ တပ်ဆင်ထားသော တိုက်ချင်း ပစ်လက်နက်တစ်ခုဖြစ်သည့်အတွက် အဖျက်စွမ်းအားအလွန်ကြီးမားမည်မှာ အသေအချာပင် ဖြစ်သည်။ ၎င်းသည် တစ်နာရီလျှင် ၁၀၈ မိုင် အမြန်နှုန်းဖြင့် ရေအနက် ၁,၀၀၀ မီတာအထိ ဆင်းသက်နိုင်သောကြောင့် ၎င်းအား စုံစမ်းထောက်လှမ်းရန် အလွန်ခက်ခဲသည့်ကိစ္စ ဖြစ်နေ ပေမည်။ ရှေးယခင်ကတည်းက ရုရှားသည် ဥရောပမြေတွင်ဖြန့်ကြက်ထားသော အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ကျော်လွှားနိုင်ရေး စိတ်ဆန္ဒပြင်းပြခဲ့သည်။ အမေရိကန်၏ ဂြိုဟ်တု သည်လည်း ရောင်ခြည်အာရုံခံစနစ်ဖြင့် ရုရှား၏ တိုက်ချင်းပစ်ဒုံးကျည်များကို စုံစမ်းထောက်လှမ်း ရန်စီမံထားသည်မျိုးရှိခဲ့သည်။ ဒုံးကျည်အင်ဂျင်စက်နှိုးလိုက်သည်နှင့် လေထုထဲသို့ ပြင်းထန်သော အပူရုတ်တရက်ထုတ်လွှတ်လိုက်သောကြောင့် ဂြိုဟ်တုသည် အပူချိန်ကွာခြားချက်ကို အာရုံခံ နိုင်ကာ ဒုံးကျည်များကို ကင်းထောက်လှမ်းနိုင်သည်။ သို့သော် ဂြိုဟ်တုသည် နက်ရှိုင်းသော ပင်လယ်ရေအနက်ထိ ကြည့်ရှုနိုင်ခြင်းမရှိသောကြောင့် ပင်လယ်ပြင်အောက်တွင် ဖြစ်ပျက် နေသည့် အရာအလုံးစုံကိုတော့ ခန့်မှန်းနိုင်လိမ့်မည်မဟုတ်ပါ။ ထို့ပြင် ပိုဆိုက်ဒွန်သည် အပူ အနည်းငယ်သာထုတ်၍ တိတ်တဆိတ်သွားလာနိုင်ရန် ဖန်တီးထားခြင်းဖြစ်သောကြောင့် အမေရိကန်၏ စုံစမ်းထောက်လှမ်းရေးနည်းပညာများမှာ ပိုဆိုက်ဒွန်အတွက် အကျုံးဝင်ဦးမည် မဟုတ်ပါ။

ပိုဆိုက်ဒွန်လက်နက်များကို နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းဖြင့် သယ်ယူပို့ဆောင်ရန် ရည်ရွယ်ထားပါသည်။ ပထမတစ်စင်းမှာ K-329 Belgorod အမည်ရရေငုပ်သင်္ဘောဖြစ်ပြီး ဒုတိယ တစ်စင်းမှာမူ Khabarovsk ဖြစ်သည်။ ယင်းရေငုပ်သင်္ဘောများသည် တစ်စင်းလျှင် ပိုဆိုက်ဒွန် ၆ ခု တင်ဆောင်နိုင်သည်အထိ ကြီးမားကြသည်။ ပိုဆိုက်ဒွန်သည် လေယာဉ်တင်သင်္ဘောအုပ်စုကို တိုက်ခိုက်ဖျက်စီးပစ်နိုင်သလို ကမ်းခြေရှိ ရန်သူ့အဆောက်အဦများကို ချေမှုန်းပစ်နိုင်ပါသည်။ ထို့ပြင် ကျွမ်းကျင်ပညာရှင်များက ပိုဆိုက်ဒွန်တော်ပီဒိုသည် ရေဒီယိုသတ္တိကြွခြင်း လုပ်ဆောင် ချက်ဖြင့် ပေ ၁,၀၀၀ အမြင့်ရှိ ဆူနာမီကဲ့သို့သောလှိုင်းလုံးကြီးများဖန်တီး၍ ကမ်းခြေမြို့တစ်မြို့ ကိုပင် ဖျက်ဆီးပစ်နိုင်ပြီး လူသန်းပေါင်းများစွာကိုပင် သေကြေပျက်စီးစေနိုင်ကြောင်း ခန့်မှန်း ထားကြသည်။ 

အဖျက်စွမ်းအားကြီးမားသော နျူကလီးယားတော်ပီဒိုတပ်ဆင်ထားသည့် ရုရှားရေငုပ် သင်္ဘောသည် ရုရှား-ယူကရိန်းစစ်ပွဲစကတည်းကပင် ကောလာဟလသတင်းစကားများကြောင့် အနောက်အုပ်စုအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာခဲ့သည်။ ဥပမာ- ယခုနှစ်အစောပိုင်းက ရရှားသည် ပိုဆိုက်ဒွန်တင်ဆောင်သည့် ရေငုပ်သင်္ဘော Belgorod ကို အာတိတ်သမုဒ္ဒရာအတွင်း ဖြန့်ကြက်ထားနိုင်သည်ဆိုသော ကောလာဟလများထွက်ပေါ်ခဲ့ဖူးသည်။ ထို့ပြင် ဧပြီလကလည်း ရုရှားနိုင်ငံပိုင်မီဒီယာများက ရုရှားရေတပ်သည် ပစိဖိတ်ရေငုပ်သင်္ဘောအုပ်စုတွင် ပိုဆိုက်ဒွန် လက်နက်ကို တပ်ဆင်ရန် စီစဉ်နေပြီဖြစ်ကြောင်းနှင့် ၎င်းရေငုပ်သင်္ဘောအုပ်စုသည် ၂၀၂၄ နှစ် ကုန်ပိုင်း သို့မဟုတ် ၂၀၂၅ ခုနှစ်အစောပိုင်းတွင် စစ်ဆင်ရေးစတင်ဆောင်ရွက်မည်ဟု ခန့်မှန်း ကြောင်းဖော်ပြခဲ့ပါသည်။ သို့ပါ၍ ထိုသို့သော သတင်းစကားများကြောင့် ပိုဆိုက်ဒွန်သည် အနောက်ဖက်ကမ်းရိုးတန်းရှိ အမေရိကန်ရေတပ်စခန်းများအပါအဝင် ဥရောပနိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါသည်။


(၃) Sarmat Intercontinental Ballistic Missile


RS-28 Sarmat မှာ ရုရှားလက်နက်ဟောင်း SS-18 Satan ICBM တိုက်ချင်းပစ်ဒုံးကျည် နေရာတွင် အစားထိုးပေါ်ပေါက်လာသောလက်နက်တစ်ခုဖြစ်သည်။ ၂၀၁၁ ခုနှစ် အစောပိုင်းမှစ၍ ရုရှားက ဒုံးကျည်ဒီဇိုင်းကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆိုပြီး Sarmat ICBM ကို စတင် တည်ဆောက်စေခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာတွင် Sarmat အား ပထမဆုံးအကြိမ် စမ်းသပ် ပစ်လွှတ်မှုပြုလုပ်ခဲ့သော်လည်း နည်းပညာချို့ယွင်းမှုအချို့ရှိနေကြောင်း တွေ့ရသည်။ ထို့နောက် ၂၀၁၈ ခုနှစ်တွင်မူ စမ်းသပ်ပစ်လွှတ်မှုနှစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။  

Sarmat ဒုံးကျည်၏ အလေးချိန်မှာ ၂၀၈.၁ မက်ထရစ်တန်ဖြစ်ပြီး ၁၈,၀၀၀ ကီလိုမီတာ အကွာအဝေးအထိ ပစ်လွှတ်နိုင်စွမ်းရှိပါသည်။ ယင်းဒုံးကျည်မှာ ၃၅.၃ မီတာရှည်လျားကာ အမျိုးမျိုးသောထိပ်ဖူးများကို တပ်ဆင်နိုင်ပါသည်။ ရုရှားမီဒီယာအချို့၏ ဖော်ပြချက်များအရ Sarmat သည် ကြီးမားသောဒုံးကျည်ထိပ်ဖူး ၁၀ ခုနှင့်အထက်သယ်ဆောင်နိုင်ပြီး အသေးဆိုလျှင် ၁၆ ခုခန့်တင်ဆောင်နိုင်ကာ အသံထက်မြန်သောဒုံးပျံယာဉ်များကိုပါ သယ်ယူနိုင်သော လက်နက် အကြီးစားဖြစ်ပါသည်။ ထို့ကြောင့် Sarmat သည် အနာဂတ်တွင် Avangard ဒုံးပျံယာဉ် (HGV) ကို သယ်ဆောင်လာနိုင်ချေရှိပါသည်။

Sarmat သည် ရုရှား၏ တိုက်ချင်းပစ်ဒုံးကျည်များအနက် အကြီးဆုံးဖြစ်သလို အမေရိကန်၏ ဒုံးကျည်များထက်လည်း ကြီးမားပါသည်။ Sarmat နှင့် ၎င်း၏ရှေ့မှ ဒုံးကျည်များ အကြား ကွာခြားချက်မှာ Sarmat သည် အလွန်ဝေးကွာသောပစ်မှတ်များအထိ တိုက်ခိုက် နိုင်စွမ်းရှိပြီး တောင်ဝင်ရိုးစွန်းမှ အမေရိကန်သို့အထိပင် ချဉ်းကပ်တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ ထို့ပြင် ၎င်းတွင်ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်တိမ်းနိုင်သည့် နည်းပညာများကိုပါ ထည့်သွင်းထားပြီး ရန်သူ့ထောက်လှမ်းရေးစနစ်များကိုလည်း ခြေရာခံနိုင်စွမ်းရှိနေပါသည်။ ထို့ကြောင့် လက်ရှိဒုံးကျည်ထောက်လှမ်းမှုနှင့် ကာကွယ်ရေးစနစ်များကို ချိုးဖျက်ကျော်လွှား နိုင်မည်ဟု ခန့်မှန်းရပါသည်။ 

(၄) Burevestnik Cruise Missile 


9M730 Burevestnik သည် တီထွင်စမ်းသပ်ဆဲ နျူကလီးယာစွမ်းအင်သုံး ခရုဇ်ဒုံးပျံ အမျိုးအစားဖြစ်သည်။ ၎င်းလက်နက်၏ အသုံးဝင်မှုမှာ အကန့်အသတ်မရှိဖြစ်ပြီး ရန်သူ့ လေကြောင်းစနစ်များအတွင်း ချိုးဖျက်ဝင်ရောက်နိုင်စွမ်းရှိကြောင်း ရုရှားသမ္မတက ဖော်ပြခဲ့ ဖူးပါသည်။ ၎င်းဒုံးပျံကို စုံစမ်းထောက်လှမ်းရန် ခဲယဉ်းနိုင်ပြီး ပျံသန်းရာလမ်းကြောင်းတစ်လျှောက် မြေပြင်နှင့်အနီးဆုံးအထိနိမ့်၍ ပျံသန်းနိုင်ကြောင်းသိရပါသည်။ သို့သော် ယင်းလက်နက်၏ အသေးစားတည်ဆောက်ရေးမှာပင် စိန်ခေါ်မှုများစွာရှိနေသကဲ့သို့ နျူကလီးယားတွန်းကန်အားကို အသုံးပြုရန်မှာလည်း နည်းပညာအရ လိုအပ်ချက်များရှိနေဆဲဖြစ်ပါသည်။ ရုရှားအနေဖြင့် ၎င်းနျူကလီးယားစွမ်းအင်သုံး ခရုဇ်ဒုံးပျံကိုသာ အောင်မြင်စွာထုတ်လုပ်နိုင်ပါက ယင်းမှာ ကမ္ဘာ့ ပထမဆုံးအမျိုးအစားဖြစ်လာမည်ဖြစ်ပါသည်။ 

(၅) Kinzhal air-launched Ballistic Missile


9-S-7760 Kinzhal (ရုရှားအခေါ် Dagger) သည် ဝေဟင်ပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး အထက်ဖော်ပြပါမဟာဗျူဟာမြောက်လက်နက် ၄ မျိုးအောက် တစ်ဆင့်နိမ့်စွမ်းရည်ရှိ လက်နက် ဖြစ်သည်။ ၎င်းသည် 9M723 Iskander မြေပြင်သုံးဒုံးကျည်အမျိုးအစားကို ပြန်လည်ဆန်းသစ် ထားသောပုံစံဖြစ်ပြီး အသံထက် ၁၀ ဆမြန်ကာ ၎င်းပျံသန်းရာလမ်းကြောင်းတစ်လျှောက် လိုသလို လှည့်ပတ်လှုပ်ရှားနိုင်သည်။ အထက်ဖော်ပြပါ မဟာဗျူဟာမြောက်လက်နက်များနှင့် Kinzhal အကြားကွာခြားချက်မှာ ၎င်း၏ ပစ်လွှတ်နိုင်သောအကွာအဝေးနှင့် မည်သည့်စစ်ဆင်ရေးတွင် အသုံးပြုသည်ဆိုသော အချက်များပင်ဖြစ်သည်။ ၎င်းသည် ဩချဖွယ်လက်နက်တစ်ခုမဟုတ် သော်လည်း နျူကလီးယားထိပ်ဖူးများ တပ်ဆင်အသုံးပြုနိုင်သောကြောင့် ကြီးမားကျယ်ပြန့်သော စစ်ဆင်ရေးများတွင် အသုံးပြုနိုင်သည်။ Kinzhal ကို သင်္ဘောဖျက်မစ်ရှင်များနှင့် ရန်သူ့ကာကွယ် ရေးအဆောက်အဦများကို တိုက်ခိုက်ရန်ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းသည် နျူကလီးယားမဟုတ်သောလက်နက်များကို ဟန့်တားနိုင်သလို နျူကလီးယားလက်နက်ပစ်ခတ်ခံ ရခြင်းမတိုင်မီ လက်တစ်ကမ်းအလိုတွင်လည်း အချက်ပြခြင်းများကို လုပ်ဆောင်ပေးနိုင်သည်။ ထို့ပြင် ရန်သူ၏ အမျိုးမျိုးသော စစ်ဆင်ရေးများကို နှောင့်ယှက်ဟန့်တားနိုင်သလို ရန်သူ၏ စစ်ဆင် ရေးတွင် အရေးပါသော အဆောက်အဦများကို လက်ဦးမှုရယူတိုက်ခိုက်ခြင်းများဖြင့်လည်း အသာစီး ရယူနိုင်စွမ်းရှိပါသည်။ 

(၆) Tsirkon Anti-Ship Hypersonic Cruise Missile


3M22 Tsirkon (Zircon) သည် ဟိုက်ပါဆောနစ်သင်္ဘောဖျက်ဒုံးကျည်ဖြစ်ပါသည်။ Kinzhal ကဲ့သို့ပင် Tsirkon သည် ပင်လယ်ပြင်နှင့် ကုန်းပေါ်ရှိ အရေးပါသောပစ်မှတ်များကို တိုက်ခိုက်နိုင်သော နှစ်မျိုးစပ်စွမ်းရည်ရှိပါသည်။ ၎င်းသည် အသံထက် ၉ ဆပိုမြန်နိုင်ပြီး ကီလိုမီတာ ၅၀၀ မှ ၁၀၀၀ အကွာရှိပစ်မှတ်များကို ထိမှန်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ Tsirkon ကို Scramjet အင်ဂျင် တပ်ဆင်ထားပြီး စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများနှင့် ရွှေ့ပြောင်းနိုင်သော ကမ်းရိုးတန်း စစ်စခန်းများမှနေ၍ 3S-14 ဒုံးကျည်လောင်ချာများမှ ဒေါင်လိုက် အနေအထားဖြင့် ပစ်လွှတ်နိုင်ပါသည်။ ဒုံးကျည်မှာ သမားရိုးကျနှင့် နျူကလီးယားထိပ်ဖူးနှစ်မျိုး စလုံးတပ်ဆင်နိုင်ပါသည်။ Tsirkon ဒုံးကျည်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ယူကရိန်း စစ်မြေပြင်တွင် ပထမဆုံးအကြိမ်အသုံးပြုခဲ့ကြောင်း ကျွမ်းကျင်သူများက ကောက်ချက်ချခဲ့သည်။ 

“Super Weapons” များကို ပိုင်ဆိုင်ရန် ကြိုးပမ်းရခြင်း အကြောင်းတရားများ

အထက်ဖော်ပြပါ “Super Weapons” များက မတူညီသောအသွင်အပြင်၊ ကွဲပြားသော စွမ်းဆောင်ချက်များဖြင့် ရုရှား၏ အံ့မခန်းဖွယ်လက်နက်နည်းပညာတိုးတက်လာမှုကို လှစ်ဟ ဖော်ပြနေသည်။ ယင်းထိပ်တန်းလက်နက် ၆ မျိုးအနက် ပထမလေးမျိုး၏ သူမတူသောစွမ်းဆောင် ရည်များသည် ရန်သူများအတွက်ငှာ ခုခံရန်ပင်မစွမ်းသာသည့် နျူကလီးယားစွမ်းအင်သုံး မဟာ ဗျူဟာမြောက်လက်နက်များ ဖြစ်နေသည်။ ၎င်းတို့သည် ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည်။ အဖျက်စွမ်းအားမှာလည်း မခန့်မှန်းနိုင်အောင်ပင် ကြီးမားမည်ဖြစ်သည်။ ထို့ကြောင့် ယနေ့ကမ္ဘာ၏ ဩချဖွယ်ထိပ်တန်းလက်နက်များအဖြစ်စံတင်ထားရသည်။ ဤနေရာတွင် ရုရှားအနေဖြင့် ထိုလက်နက် များကို အဘယ်ကြောင့် အသဲအသန်အဆင့်မြှင့်တင် တီထွင်ဖန်တီးနေရပါသနည်းဟူ၍ မေးခွန်း ထုတ်စရာ ရှိလာနိုင်သည်။ အဓိကအကြောင်းအရင်းမှာ ရုရှားအား ထိုလက်နက်များကို ပိုင်ဆိုင်ရန် တွန်းအားပေးနေသည့် စိုးရိမ်ကြောင့်ကြမှုနှစ်ခုကြောင့်ဟုဆိုရမည်။ ပထမတစ်ခုက ရုရှား၏ ဆိုဗီယက်ခေတ်သုံးလက်နက်များသည် အမေရိကန်၏ နောက်ဆုံးပေါ်ဒုံးကျည်ကာကွယ်ရေး စနစ်များကို ထိုးဖောက်တိုက်ခိုက်ရန် မစွမ်းသာတော့သည့်အခြေအနေဖြစ်နေသည့်အတွက် မည်သည့်အတားအဆီးကိုမဆိုချိုးဖျက်ကာ ပစ်မှတ်ကို တိတိကျကျထိထိရောက်ရောက် တိုက်ခိုက် နိုင်မည့် မဟာဗျူဟာမြောက်လက်နက်များကို တီထွင်ရန်လိုအပ်လာခြင်းဖြစ်သည်။ ဒုတိယ အချက်မှာမူ အမေရိကန်သည် “Prompt Global Strike program” ကဲ့သို့ တာဝေးပစ် လက်နက်များကို အောင်မြင်စွာ ထုတ်လုပ်လာနိုင်သည့်အလျောက် ရုရှားအနေဖြင့် ၎င်း၏ လက်နက်နည်းပညာကို အဆင့်မြှင့်တင်ရန် လိုအပ်လာကြောင်း သိရှိလာခြင်းပင်ဖြစ်သည်။ သို့ပါ၍ ထိုထိုသောအကြောင်းတရားများကို အခြေခံကာ ရုရှားက ၎င်း၏ လက်နက်များကို အဆင့်မြှင့် တင်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။

“Super Weapons” များကပြောသော ရုရှား၏ကာကွယ်ရေးစွမ်းပကားအကြောင်း

“Super Weapons” များ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ရုရှားကာကွယ်ရေးယန္တရား၏ ဆန်းသစ်တီထွင်နိုင်စွမ်းများကို ထင်သာမြင်သာဖြစ်လာစေသည်။ ပထမဦးစွာ ရုရှားကာကွယ်ရေး ယန္တရားသည် ဆိုဗီယက်ခေတ်က လက်နက်ဒီဇိုင်းများကို တုပဖန်တီးလာခြင်း၊ ခေတ်စနစ်နှင့် အညီ လိုက်လျောညီထွေရှိအောင် ပြောင်းလဲလာခြင်းများ ပြုလုပ်လာကြောင်းတွေ့ရှိရသည်။ ဥပမာ- Avangard သည် ဆိုဗီယက်ခေတ်က လက်နက်စနစ်များကို ပြန်လည်ဆန်းသစ်ထားခြင်း ဖြစ်သလို Kinzhal သည်လည်း ဆိုဗီယက်ခေတ်က လက်နက်များကို လိုက်လျောညီထွေ ဖြစ်အောင် ပြန်လည်မွမ်းမံထားခြင်းဖြစ်သည်။ ဒုတိယအနေဖြင့်မူ ထိပ်တန်းလက်နက်များသည် ရုရှားဒီဇိုင်းနာများ၏ အဟောင်းနှင့်အသစ်နည်းပညာများကို ပေါင်းစပ်၍ စွမ်းဆောင်ရည်အသစ် များကို ဖန်တီးပုံဖော်လာနိုင်ခြင်းဖြစ်သည်။ ဥပမာ- Kinzhal သည် ရှိပြီးသားလက်နက်များ ဖြစ်သည့် Mi-31 နှင့် Iskander တို့ကို ပေါင်းစပ်၍ ဖန်တီးထားခြင်းဖြစ်သည်။ ထို့ပြင် Tsirkon ကို ဝေဟင်ပစ်ဒုံးကျည်အမျိုးအစားအနေဖြင့် ဖန်တီးခဲ့မည်ဆိုပါက နည်းပညာပိုင်းအရရော၊ လက်တွေ့ တီထွင်ရာတွင်ပါ အခက်အခဲအချို့ရှိနိုင်သောကြောင့် ရုရှားဒီဇိုင်နာများက စရိတ်စက အသက်သာ ဆုံးနှင့် စွမ်းဆောင်နိုင်ရည်မြင့်မားသော ခရုဇ်ဒုံးကျည်ပုံစံမျိုးကို အကောင်းဆုံးဖန်တီးနေကြ သည်မှာ ချီးကျူးဖွယ်ပင်ဖြစ်သည်။ တတိယအချက်အနေဖြင့် ရုရှားကာကွယ်ရေးယန္တရားသည် ဒီဇိုင်းအသစ်များစွာကို ဖန်တီးရာတွင် ကျွမ်းကျင်ကြောင်း သက်သေပြနေသည်။ ထို့ကြောင့် ယခု ဖော်ပြထားသည့် “Super Weapons” များအပြင် အခြားသော ဒီဇိုင်းအသစ်များကို ပုံမှန် ထုတ်လုပ်နိုင်စွမ်းရှိနေပြီဖြစ်သည်။ ဤတွင် အစိုးရကလည်း စစ်ဘက်ဆိုင်ရာ နည်းပညာဆန်းသစ် တီထွင်မှုများအတွက် ငွေကြေးထောက်ပံ့မှုများစွာရှိသည့်အတွက် ပုဂ္ဂလိကလက်နက်စက်ရုံ       များထက် နိုင်ငံတော်ပိုင်ကာကွယ်ရေးယန္တရား၏ တီထွင်ဖန်တီးနိုင်စွမ်းက အဖက်ဖက်မှသာလွန် နေပါသည်။ 

အချုပ်အားဖြင့်ဆိုရသော် ရုရှားသည် ဖော်ပြပါ Super Weapons များကို စစ်ဆင်ရေး များတွင် ထုတ်သုံးခြင်း မပြုသေးသော်လည်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိနေသည်။ ယင်းမှာ ၎င်း၏ပြိုင်ဖက် အမေရိကန်နှင့် နေတိုးအဖွဲ့အပေါ် ကြီးမားသော ခြိမ်းခြောက်မှုကိုဖြစ်စေသလို လတ်တလောဖြစ်ပွားနေသော ရုရှား-ယူကရိန်းစစ်ပွဲ အတွင်း ၎င်းထိပ်တန်းလက်နက်များကိုထုတ်သုံးကာ စစ်ပွဲအား အဆုံးအဖြတ်ပြုသွားမည်လား ဆိုသည့် စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ သို့ပါ၍ အကြောင်းအမျိုးမျိုးကြောင့် ရုရှားသည် ၎င်းထိပ်တန်းလက်နက်များကို စစ်ပွဲအတွင်း ထုတ်သုံးလာမည်ဆိုပါက တတိယကမ္ဘာစစ်သည် မေးခွန်း ထုတ်စရာမလိုအောင်ပင် သေချာပေါက်ဖြစ်ပွားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက် ရပါသည်။

ALynn

ကိုးကား

- Advanced military technology in Russia, Chatham House

- Russia’s “Invisible Missiles” – Meet Putin’s Five ‘Super-Weapons’ That Even US President Called Impossible to Intercept, the Eurasian Times

- missilethreat.csis.org, CSIS Missile Defense Project



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သီလဝါအထူးစီးပွားရေးဇုန်ရှိ ပုဂ္ဂလိကပိုင် ဆိုလာဓာတ်အားပေးစက်ရုံများမှ ပိုလျှံဓာတ်အားများကို တစ်ယူနစ်လျှင် ကျပ်(၈၀)ဝန်းကျင်ဖြင့် ဝယ်ယူရန် စီစဉ်နေ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved