Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အချုပ်အခြာနယ်မြေကို ပြတ်သားစွာ ကာကွယ်မည်ဟု တရုတ်ပြော (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - မတ် ၂၇

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖျား (မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ဖက်) ဟိမဝန္တာ မိုးထိတောင်တန်းများကို ဖြတ်သန်းပြီး ဖောက်လုပ်ထားတဲ့ ဥမင်လှိုဏ်ခေါင်းဟာ နယူးဒေလီနဲ့ ပေကျင်းတို့အကြား နယ်နိမိတ်ဆိုင်ရာအ ငြင်းပွားမှုမှာ နောက်ဆုံးမီးပွားတစ်ခု ဖြစ်လာခဲ့တယ်လို့ CNN က ယမန်နေ့ ရေးသားပါတယ်။

ယခုလ စောစောပိုင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တဲ့ “ဆယ်လာဥမင်လိုဏ်ခေါင်း” ဟာ ပေ ၁၃,၀၀၀ ခန့်မြင့်မားတဲ့ ဟိမဝန္တာတောင်တန်းများအောက်မှာ ဖြတ်သန်းဖောက်လုပ်ထားပါတယ်။ အာသံ ပြည်နယ် ဂူဝါဟတ္တိနဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် “တာဝမ်တောင်ကြား” မှာတည်ရှိပြီး ကမ္ဘာ့အရှည်ဆုံး နှစ်လမ်းသွားဥမင်ဟာ ပြောင်မြောက်လှတဲ့ အင်ဂျင်နီယာလက်ရာအဖြစ် အိန္ဒိယတစ်နိုင်ငံလုံးက ချီးကျူးဂုဏ်ပြု စရာဖြစ်နေပါတယ်။ တရုတ်နိုင်ငံနဲ့ တင်းမာမှုဖြစ်ပွားနေတယ်လို့ အများသိရှိထားကြတဲ့ နယ်စပ်မျဉ်းအရောက် ရာသီဥတုမရွေး အချိန်တိုအတွင်း အရောက်သွားနိုင်မှာဖြစ်တဲ့အတွက် စစ်ရေးဆိုင်ရာအကျိုးအမြတ်အနေနဲ့လည်း အလွန်ကြီးမားလှပါတယ်။ ဆီးနှင်းခဲများဖုံးလွှမ်းနေပြီး အရိုးကွဲမတတ် အေးမြလှတဲ့ ဆောင်းရာသီမှာပင် ၈ မိုင်နီး ပါးရှည်လျှားတဲ့ ဥမင်အတွင်း ဖြတ်သန်းပြီး နယ်စပ်အရောက် တပ်ဖွဲ့ဝင်များ၊ စစ်လက်နက်များ နဲ့ စက်ယန္တရား များကို လျှင်မြန်စွာ ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။


မိုင် ၂၁၀၀ ကျော်ရှည်လျားတဲ့ နယ်နိမိတ်တလျောက် နယူးဒေလီနဲ့ ကာလကြာရှည်အငြင်းပွားနေရပြီး မကြာသေး မီ နှစ်များအတွင်း နျူကလီးယာလက်နက်ပိုင် အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံတို့ ထိပ်တိုက်တွေ့ခဲ့ရတဲ့ နယ်စပ်မှာ တည်ရှိနေတဲ့အတွက် အဲဒီ ဥမင်ဟာ ပေကျင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း နှစ်နိုင်ငံ နယ်ခြားစောင့်တပ်အချင်းချင်း လက်ချည့်သက်သက် သတ်ပုတ်တဲ့အထိဖြစ်ပွားခဲ့ပြီး နယ်စပ်အနောက်ပိုင်း အတ်ဆိုင်ချင်း-လားဒတ်နယ်မြေမှာ အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ် ၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များတုန်းကဆိုရင် နှစ်နိုင်ငံအကြား အတိအလင်း စစ်ခင်းတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။

ဥမင်လှိုဏ်ခေါင်းဖောက်လုပ်ထားတဲ့ အာရူနာချယ် ပရာဒက်ရှ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့အစိတ်အပိုင်းအဖြစ် ကာလကြာရှည် တည်ရှိခဲ့ပေမယ့် တရုတ်ကလည်း သူတိုပိုင်နယ်မြေဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။ ဥမင်လိုဏ်ခေါင်းစီမံကိန်းနဲ့ မိုဒီကိုယ်တိုင် ပြည်နယ်အတွင်း လာရောက်လည်ပတ်ခြင်းကို မကြာသေးမီရက်များ အတွင်း တရုတ်အရာရှိများက ရှုတ်ချခဲ့ပြီး၊ နယူးဒေလီအနေနဲ့ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေး ပျက်ပြားအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။


နယ်ခြားဒေသပြဿနာကို ရှုတ်ထွေးစေမယ့် ဘယ်လို လုပ်ဆောင်မှုမျိုးကိုမဆို အိန္ဒိယဘက်က ရပ်တန့်ရန် တရုတ် က ပြင်းထန်စွာ တောင်းဆိုလိုက်ပါတယ်။ တရုတ်စစ်တပ်ဟာ အလွန်သတိကြီးစွာ ထားရှိနေဆဲဖြစ်ပြီး နိုင်ငံ့ အချုပ် အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဖြစ်ကြောင်း" လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ ပေကျင်းကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ခက်ထန်တဲ့ အသုံးအနှုန်းများနဲ့ အဲဒီသတင်းထုတ်ပြန်ချက်ရဲ့ အာရူနာချယ် ပရာဒက်ရှ်ကို ရည်ညွှန်းရာမှာ တောင်တိဗက် (သို့မဟုတ်) “ကျန်းနန်” လို့ ဖော်ပြခြင်းအားဖြင့် အဲ့ဒီနယ်မြေဟာ အိန္ဒိယပိုင် မဟုတ်ကြောင်း ငြင်းဆိုရာ ရောက်ရှိနေပါတယ်။

ပေကျင်းဟာ အဓိပ္ပါယ်မဲ့ ပြောဆိုနေတယ်လို့ အင်္ဂါနေ့မှာ အိန္ဒိယက အပြစ်တင်ခြင်းဖြင့် ပြန်လည်တုန့်ပြန်လိုက် ပြီး အဲဒီဧရိယာဟာ အိန္ဒိယရဲ့မရှိမဖြစ်နဲ့ဖယ်ထုတ်၍မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့ပြီး နောင်လည်း အစဉ် အမြဲရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။

အာရူနာချယ်ပရာဒက်ရှ်အပေါ် အိန္ဒိယက အချုပ်အခြာအာဏာပိုင်ကြောင်း ထောက်ခံသူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အမှန်တကယ် ထိန်းချုပ်မျဉ်း LAC (သို့မဟုတ်) အများသိ နယ်ခြားကို ကျော်လွန်ပြီး စွက်ဖက်နှောက်ယှက်မှု သို့မဟုတ် ကျူး ကျော်မှုများဖြင့် နယ်မြေပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများကို အရှိန်မြှင့်တင်ရန် တစ်ဖက်သတ် ကြိုးပမ်မှု မှန်သမျှ ပြင်းထန်စွာ ဆန့်ကျင်တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ပြောဆိုချက်ကို ပေကျင်းကလည်း နှုတ်လှန်ထိုးခဲ့ပြီး ဝါရှင်တန်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သူ့ရဲ့ ပထဝီနိုင်ငံရေးအကျိုးစီးပွားအတွက် အခြားနိုင်ငံတို့ရဲ့ ပဋိပက္ခများအပေါ် အခွင့်ကောင်းယူပြီး ရန်စဖို့အတွက် စကားနိုင်လုနေတယ်လို့ တုန့်ပြန်စွပ်စွဲပါတယ်။ 

ယခုဖြစ်ရပ်ဟာ လာမယ့် ရွေးကောက်ပွဲအတွင်း မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီများ ထောက်ခံမဲရရှိလိမ့်မယ်လို့ ရက်သတ္တပတ်များစွာ လုံးထွေးနေမှုများနဲ့ ကွဲပြားနေပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့အကြား ဒေသတွင်း၌ သြဇာ လွှမ်းမိုးရန် ပြိုင်ဆိုင်မှုများအပါအဝင် ကာလရှည်ကြာ တည်ရှိနေတဲ့ နယ်စပ်အငြင်းပွားမှုနဲ့ပထဝီဝင်နိုင်ငံရေး အားပြိုင်မှုကို မီးမောင်းထိုးပြပြီးနေပါတယ်။ မိုဒီအစိုးရဟာ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အင်ဒို-ပစိဖိတ်ဒေသရှိ အခြားနိုင်ငံများနဲ့ ဆက်ဆံရေးကို မြှင့်တင်ခိုင်မာစေခြင်း အပါအဝင် တရုတ် အပေါ် ပိုမိုတင်းမာတဲ့ ရပ်တည်ချက်ကို ကျင့်သုံးလာပါတယ်။

မိုဒီလက်ထက် အိန္ဒိယရဲ့အမျိုးသားရေးဝါဒဟာ အရှိန်မြင့်တက်လာခဲ့ပြီး အလားတူ တရုတ်နိုင်ငံမှာလည်း ခေါင်းဆောင်ရှီကျင့်ဖျင်က သု့ကိုယ်သူ ယုံကြည်လွန်းတဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ကိုယ်တိုင် ကြီးကြပ်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ကတော့ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများအပြီး နယ် စပ်တင်းမာမှုများကို ပြေငြိမ်းစေဖို့ အားထုတ်နေပုံရပါတယ်။ 

သောကြာနေ့မှာ ဝန်ကြီးချုပ် မိုဒီဟာ ဘူတန်နိုင်ငံကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။  အိမ်နီးချင်း ဘူ တန်နဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်တဲ့ ခရီးစဉ်ဖြစ်ကြောင်း မိုဒီက သူ့ရဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပါတယ်။ ဟိမဝန္တာတောင်တန်းဒေသ ဝေးလံခေါင်သီတဲ့ ဘူတန်နိုင်ငံဟာ ယခုအခင်းဖြစ်ပွားရာ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်နဲ့သာမက တရုတ်နဲ့လည်းနယ်မြေချင်းထိစပ်နေပါတယ်။ အိန္ဒိယနဲ့ အနီးကပ်ဆုံး မိတ်ဖက်နိုင်ငံဖြစ်ပေမယ့် တရုတ်တိဗက်ဒေသနဲ့ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း တူညီပါတယ်။ ဘူတန်ဟာ သမိုင်းရန်ဘက်ဖြစ်ခဲ့ဖူးတဲ့ တရုတ်နဲ့ တရားဝင် သံအဆက်အသွယ် မရှိ၊ တရုတ်တစ် နိုင်ငံတည်း မူဝါဒကိုလည်း အသိအမှတ်မပြုပေမယ့် ပေကျင်းနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပါတယ်။ နယူးဒေလီဟာ အဲဒီအငြင်းပွားမှုနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဘူတန်ခေါင်းဆောင်တို့အကြား ပြေလည်ဖွယ်အလား အလာကို သတိထားနေခဲ့ပါတယ်။

ယခုလ စောစောပိုင်း အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ခရီးစဉ်အတွင်း မိုဒီဟာ နယ်စပ်ဒေသအခြေခံအဆောက် အအုံနဲ့ပတ်သက်တဲ့နေရာများ အပါအဝင် အခြားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပရောဂျက်များစွာတို့ကိုလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အဲ့ဒီ စီမံကိန်းတွေဟာ  ပြိုင်ဖက်နိုင်ငံရဲ့ နယ်စပ်တစ်လျှောက် အစီအရီ တည်ရှိနေပြီး အိန္ဒိယရဲ့ပိုင်နက်နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး မိုဒီအစိုးရရဲ့ အပြင်းအထန် တွန်းအားပေးမှု တစိတ်တပိုင်းဖြစ်ပါ တယ်။ သူတို့လုပ်ရပ်ကို ပေကျင်းက အနီးကပ်စောင့်ကြည့်နေကြောင်း အမူအယာပြသနေသည့်တိုင်  အဆိုပါ တွန်းအားပေးမှုဟာ  ကြမ်းတမ်းခက်ထန်တဲ့ မြေမျက်နှာသွင်ပြင်က တရုတ်ရဲ့ ကျူးကျော်မှု (သို့မဟုတ်) ချင်းနင်း ထိပါးမှုကို အဟန့်အတားဖြစ်စေတယ်လို့ အိန္ဒိယအစိုးရထံရဲ့ ကာလရှည်ကြာတွေးခေါ်မှုကို ပြောင်းပြန်လှန်ပစ် လိုက်ခြင်းလည်း ဖြစ်ပါတယ်။


အိန္ဒိယတပ်မတော်အတွက် လမ်း၊ တံတားများနဲ့ လေယာဉ်ကွင်းတို့လို အခြေခံအဆောက်အအုံများ တည်ဆောက် ပေးနေတဲ့ BRO ခေါ် အိန္ဒိယလမ်းတည်ဆောက်ရေးအမှုဆောင်တပ်ဖွဲ့ရဲ့ ယမန်နှစ်မှာ စတင်ခဲ့တဲ့ စီမံကိန်း ၁၁၈ ခု အနက် ထက်ဝက်ကျော်ဟာ  တရုတ်နဲ့ အငြင်းပွားနယ်စပ်တလျှောက် အာရူနာချယ်ပရာဒက်ရှ်နဲ့ လာဒက်ဒေသ တို့မှာ ဖြစ်နေပါတယ်။  ဒီအတွက် နယူးဒေလီရဲ့ လုပ်ရပ်ဟာ နယ်နိမိတ်ဆိုင်ရာ ပြဿနာကို ရှုပ်ထွေးစေပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ အခြေအနေတွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ပေကျင်းက စွပ်စွဲပါတယ်။

ဒါပေမယ့် တရုတ်ကိုယ်တိုင် လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတည်ဆောက်မှုမှာ အိန္ဒိယ ထက် ဆယ်စုနှစ်များစွာ ခေတ်ရှေ့ပြေးနေပါတယ်။ နယူးဒေလီက တပ်ဖွဲဝင်များ အပြေးအလွှား ချထားနေတဲ့ နယ်စပ် ဒေသတလျှောက် ပေကျင်းက “ရှောက်ကန်း” ခေါ် ကျေးရွာပေါင်း ရာနဲ့ချီ တည်ဆောက်ထားပြီးဖြစ်တဲ့ အတွက် အသာစီးရရှိနေတာ ထင်ရှားကြာင်း လေ့လာသူများက ထောက်ပြကြပါတယ်။ ၁၉၇၉ ခုနှစ် တိန့်ရှောင်ဖိန် လက်ထက် “ခေတ်မီ_လေးခု” အစီအစဉ်အရ တစ်စိမ့်စိမ့် တည်ဆောက်ခဲ့တဲ့ အဲဒီလူလတ်တန်းစား ကျေးရွာတွေဟာ မြေယာပိုင်ဆိုင်ခွင့်ကို အဓိပ္ပါယ်ဖော်ဆေင်ခြင်း မဟုတ်ကြောင်း တရုတ်က အစဉ်တစ်စိုက် ငြင်းဆို ခဲ့ပါတယ်။   

ကမ္ဘာ့ရှေးအကျဆုံးနဲ့ လူဦးရေအများဆုံး အာရှနိုင်ငံကြီး နှစ်နိုင်ငံတို့အကြား ငြိမ်းချမ်းတဲ့ ဆက်ဆံရေးဟာ နှစ်ပေါင်း ထောင်ချီ တည်တန့်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၇-ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်ပြီး အိန္ဒိယနဲ့ ၁၉၄၉-ခုနှစ် တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်တို့အောင်ပွဲခံပြီးနောကိပိုင်း နှစ်နိုင်ငံဆက်ဆံရေးဟာ အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ နယ်ခြားအငြင်းပွားမှုများနဲ့ စီးပွားရေးအမျိုးသားဝါဒတို့ ထိပ်တိုက်တွေ့ကြ ပြီး အထူးသဖြင့် တိဗက်ဒေသကို တရုတ်တို့ သိမ်းသွင်းပြီးနောက်ပိုင်း ပိုမိုသိသာလာပါတယ်။ ထွက်ပြေးသွားတဲ့ တိဗက် ခေါင်းဆောင် ဒလိုင်းလားမားကို နယူးဒေလီက လက်ခံထားခြင်း တိဗက်ပြည်ပြေးများရဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အခြေစိုက်ရာဖြစ်ခြင်းဟာ ပေကျင်းအနေနဲ့ နယူးဒေလီအပေါ် စိတ်မသက်မသာဖြစ်ရပါတယ်။ တစ်ဖက်မှာလည်း ရန်ဘက် ပါကစ္စတန်နဲ့ တရုတ်တို့အကြား ခိုင်မာတဲ့ စစ်ဘက်ဆက်ဆံမှု၊ ယခင် တိဗက်အစိုးရနဲ့ ဗြိတိသျှအိန္ဒိယတို့အကြားချုပ်ဆိုခဲ့တဲ့ နယ်ခြားသတ်မှတ်ရေးစာချုပ်များကို ပေကျင်းက ငြင်းဆိုခြင်းတို့ဟာ နယူးဒေလီအတွက် ဘဝင်မကျစရာဖြစ်ရပါတယ်။ ၁၉၆၂ ခုနှစ်တုန်းကဆိုရင် နှစ်နိုင်ငံ နယ်ခြားအငြင်းပွားရာက တစ်လကျော်ကြာ အတိအလင်း စစ်မက်ဖြစ်ပွားခဲ့ကြဖူးပါတယ်။

အိန္ဒိယအနေနဲ့ တရုတ်နည်းတူ လိုက်လျောညီထွေဖြစ်စေရန် နယ်စပ်ဒေသအခြေခံအဆောက်အအုံများ တည် ဆောက်ရေးကို အလျင်စလိုလုပ်ဆောင်နေခြင်းဟာ နှစ်နိုင်ငံအကြား တင်းမာမှုများကို ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် ဆယ်လာဥမင်လိုဏ်ခေါင်း စီမံကိန်းကို တရုတ်က အလေးထား သုံးသပ်နေပါတယ်။ ဥမင်လှိုဏ်ခေါင်း တည်ရှိရာ (ဘူတန်နိုင်ငံအရှေ့ဘက်) တာဝမ်းဒေသဟာ နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာနဲ့ ယဉ်ကျေးမှုအရ အရေးပါ ပါတယ်။ အိန္ဒိယနဲ့ တရုတ်အကြား ဆက်ဆံရေးကို ပိုမိုတင်းမာစေမယ့် ဒလိုင်းလားမား ဆက်ခံရေးနဲ့ ပတ်သက်ပြီး ကြိုတင်မှန်းဆစရာလည်း ဖြစ်နေပါတယ်။ တင်းမာမှုများရှိနေသည့်တိုင် အိန္ဒိယနဲ့ တရုတ်စစ်ဘက် အရာရှိများအကြား မကြာသေးမီက ဆွေးနွေးမှုများအပါအဝင် ပဋိပက္ခလျှော့ချရန် သံတမန် ရေးရာ ကြိုးပမ်းမှုများ ကိုတော့ နှစ်နိုင်ငံအကြား ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

#ဆယ်လာဥမင်လှိုဏ်ခေါင်း #တာဝမ်းဒေသ #ဘူတန်နိုင်ငံ #တရုတ်_အိန္ဒိယ_နယ်ခြားစစ်ပွဲ #ရှောက်ကမ်း #အာရူနာချယ်ပရာဒက်ရှ်

(CNN., 22 March 2024,” A high-altitude tunnel is latest flashpoint in India-China border tensions” ကို #HtayOung, #OungMarine ဆီ‌လျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်ကို မူးယစ်ဆေးဝါး ဖြန့်ချိရေးပြည်နယ်ဖြစ်အောင်လုပ်နေတဲ့ AA၊ PPP ပါတီရဲ့မြို့နယ်ဥက္ကဋ္ဌတစ်ဦး PDF သတ်ဖြတ်ခံရ၊ ထိုင်းရောက်မြန်မာအချို့ အနှိမ်ခံရတဲ့ကိစ္စ (၂၆-၃-၂ဝ၂၄)

RECENT POSTS
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved