ပါကစ္စတန်ရေတပ်၏ လေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုအတွင်း စစ်သွေးကြွအဖွဲ့ဝင်(၅)ဦး နှင့် အရန်စစ်သား (၁)ဦး သေဆုံး
Pika (NSS) - မတ် ၂၆
ပါကစ္စတန်ရေတပ်၏ လေတပ်အခြေစိုက်စခန်းကို စစ်သွေးကြွအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ စစ်သွေးကြွ(၅)ဦး နှင့် အရန်စစ်သား(၁)ဦးတို့ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက မတ်လ(၂၆)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
မတ်လ(၂၅)ရက်က ဖြစ်ပွားခဲ့သော ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Turbat အခြေစိုက်စခန်းအား ဝင်ရောက်တိုက်ခိုက်မှုသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း Baloch စစ်သွေးကြွအဖွဲ့က စစ်ဘက်ဆိုင်ရာအဆောက် အဦးများကို နှစ်ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ကြောင်းလည်း သိရသည်။
ပါကစ္စတန်ဝန်ကြီးချုပ်ရှီဘတ်ဇ်ရှရစ်ဖ် က “ကြီးမားတဲ့ဆုံးရှုံးမှုမဖြစ်အောင် ပါကစ္စတန်စစ်တပ်က ကာကွယ်နိုင်ခဲ့ပါ တယ်” ဟု ပြောခဲ့သည်။ လေတပ်အခြေစိုက်စခန်းသို့ ဖောက်ထွင်းဝင်ရောက်ရန်ကြိုးပမ်းခဲ့သော တိုက်ခိုက်သူ စစ်သွေးကြွအဖွဲ့ဝင်(၅)ဦး စလုံးသေဆုံးခဲ့ကြောင်း ပါကစ္စတန်ရေတပ်ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောကြားခဲ့ သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အရန်စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။ Balochistan ပြည်နယ်ရှိ ခွဲထွက်ရေး အဖွဲ့အများအပြားတွင် အထင်ရှားဆုံးအဖွဲ့ဖြစ်သော Baloch လွတ်မြောက် ရေးတပ်မတော် (BLA) က ၎င်းတို့သည် မတ်လ(၂၅)ရက်ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ ထို့အပြင် BLA သည် ဒေသတွင်းနှင့် အခြားနေရာများရှိ ပါကစ္စတန် နှင့် တရုတ်တို့၏ အကျိုးစီးပွားများကို ယခင်ကတိုက်ခိုက်မှုများတွင်လည်း ပါဝင်ပတ်သက်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၇၉) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ညနေပိုင်းတွင်ကျင်းပမည်ဖြစ်ပြီး လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ညဘက်စွမ်းရည်ပြ အလေးပြုပျံသန်းမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ