Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်းရေးကိစ္စကို အာရုံစိုက်ဖြေရှင်းရမည့် အင်ဒိုနီးရှားအစိုးရသစ် (ဘာသာပြန်ဆောင်းပါး)

ဂျန်ဇက် (NP News) - မတ် ၂၅


အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်။ မဲဆန္ဒရှင်များ သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က ကျင်းပခဲ့သည့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော်၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးများနှင့် ဥပဒေပြုအဖွဲ့အစည်းများကို ရွေးချယ်ခဲ့ကြသည်။ 


အင်ဒိုနီးရှားရွေးကောက်ပွဲသည် တစ်ရက်တည်းကျင်းပသည့် ကမ္ဘာတွင် အကြီးဆုံးရွေးကောက်ပွဲဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ပါတီ ၁၈ ပါတီမှ ကိုယ်စားလှယ်ပေါင်း နှစ်သိန်းငါးသောင်းကိုးထောင်တို့သည် ကိုယ်စားလှယ် နေရာ နှစ်သောင်းခြောက်ရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ကျွန်းပေါင်းတစ်သောင်း ခုနစ်ထောင်ကျော်ရှိသည်။ အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲသည် အင်ဒိုနီးရှားပြည်သူများ၏ ဒီမိုကရေစီဖြစ်စဉ်အပေါ်ထားရှိသည့် ကတိကဝတ်ခိုင်မာမှုနှင့် ခံနိုင်ရည်ရှိမှုအပေါ် စမ်းသပ်မှုတစ်ခုဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုခဲ့သည်။ 


အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီသက်တမ်းမှာ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများနှင့် နှိုင်းယှဉ်ပါက နုနယ်သေးသည် ဟု ဆိုနိုင်သော်လည်း  ဒီမိုကရေစီယန္တရားကား ယနေ့အထိ မှန်မှန်ကန်ကန် လည်ပတ်နေဆဲဖြစ်သည်။ 


အင်ဒိုနီးရှားနိုင်ငံကို တစ်ဆင့်မြှင့်ပေးနိုင်ခဲ့သည့် ဂျိုကိုဝီဒိုဒို

သမ္မတဂျိုကိုဝီဒိုဒိုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကန့်သတ်ချက်အရ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့ခြင်းမရှိပါ။ သမ္မတဂျိုကိုဝီဒိုဒိုအနေဖြင့် ဒီမိုကရေစီနည်းလမ်းမှ သွေဖယ်မှုတချို့ရှိသော်လည်း အင်ဒိုနီးရှား နိုင်ငံ၏ စီးပွားရေးတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သူတစ်ဦးဖြစ်သည်။ 

ဆယ်နှစ်တာကာလအတွင်း ဂျိုကိုဝီဒိုဒို၏ စွမ်းဆောင်မှုများနှင့်ပတ်သက်၍မူ ငြင်းချက်မထုတ်နိုင်ကြပါ။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဖွံ့ဖြိုးမှုနိမ့်ကျနေသောဒေသများကို ဖွံ့ဖြိုးလာအောင်စွမ်းဆောင် ပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် အထူးစီးပွားရေးဇုန်များပေါ်လာစေရန်နှင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ဆက်သွယ်သွားလာနိုင် သည့် အခြေခံအဆောက်အအုံများ ပေါ်ထွက်လာရေးကိုလည်း ကြိုးပမ်းခဲ့သူဖြစ်သည်။ အကျိုးကျေးဇူးအဖြစ် ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်မှုများမှာ ပိုမိုမြန်ဆန် သွက် လာခဲ့သည်။   


ဆူဘီယန်တို ဘယ်လိုလူလဲ....?

တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲရလဒ်များအရ ဆူဘီယန်တိုမှာ အင်ဒိုနီးရှား သမ္မတဖြစ်ရန် သေချာသလောက် ရှိနေပြီဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို မတ်လ ၂၀ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ ဆူဘီယန်တိုသည် သမ္မတဂျိုကိုဝီဒိုဒို သမ္မတလက်ထက်တွင် ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် အင်ဒိုနီးရှားနိုင်ငံကို နှစ်ပေါင်း ၃၀ ကြာအုပ်ချုပ်ခဲ့သည့် ကွယ်လွန်သူ သမ္မတဟောင်းဆူဟာတို၏သားမက်လည်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အတွင်းက ဆူဟာတို၏ အနီး ကပဗိုလ်မှူးကြီးတစ်ဦးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ 

ကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်နှင့်အညီ သမ္မတဖြစ်လာချိန်တွင်လည်း ကာကွယ်ရေး အပေါ် အထူးအာရုံစိုက်မည်မှာသေချာသည်။ ရွေးကောက်ပွဲကာလ ၎င်း၏ကာကွယ်ရေးမူဝါဒနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုရာတွင် အပြောကိုလျှော့၊ အလုပ်ကိုပိုလုပ် (less talk, more action) ဟူ၍ ဖြစ်သည်။ ဆူဘီယန်တိုအနေဖြင့်မကြာခဏအလေးအနက်ထားပြောဆိုလေ့ရှိသည်မှာ စစ်အင်အား ကောင်းအောင် တည်ဆောက်ပြီး အခြားနိုင်ငံများ၏ လေးစားမှုရယူရန် လိုအပ်သည်ဟု ခံယူထားသူဖြစ်သည်။ တောင်တရုတ် ပင်လယ်ကိစ္စနှင့်ပတ်သက်၍ စစ်အင်အားတိုးတက်အောင် တည်ဆောက် ရမည့်ကိစ္စတစ်ခုဖြစ်သည်ဟု ယူဆ ထားသူဖြစ်သည်။ 


ဆူဘီယန်တို၏ သံတမန်ရေးပုံစံမှာ ပါဝါ အပျော့အပေါ်တွင် အခြေခံခြင်းမဟုတ်ဘဲ ပါဝါအမာအပေါ်တွင် အခြေခံ ထားခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၀၅ သန်းနီးပါးရှိရာ အဆိုပါ ဦးရေ၏ တစ်ဝက် ခန့်မှာ အသက်(၄၀)အောက်ဖြစ်ကြရာ ဆူဘီယန်တိုက လူမှုမီဒီယာကိုအသုံးချပြီး ဆွဲဆောင်နိုင်ခဲ့သည်။ ဆူဘီယန် တိုသည် ၂၀၁၄ ခု နှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင်ကျင်းပသည့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဂျိုကိုဝီဒိုဒိုကို ရှုံးနိမ့်ခဲ့သော်လည်း ယခုတတိယအကြိမ် မြောက်ယှဉ်ပြိုင်ရာ၌ အနီးကပ်ဆုံးပြိုင်ဘက် နှစ်ဦးအပေါ် လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆူဘီယန်တိုအနေဖြင့် ထိုကဲ့သို့ဦး ဆောင်နိုင်ခဲ့ခြင်းမှာလည်း သမ္မတ ဂျိုကိုဝီဒိုဒိုနှင့်နီးစပ်မှုရှိခြင်းကြောင့်ဖြစ်သည်ဟု လေ့လာသူတချို့က သုံးသပ် သည်။ သူ့တွင် အငြင်းပွားစရာကိစ္စရပ်တချို့လည်း ရှိသည် ဟုဆိုသည်။ ယင်းမှာ ၁၉၈၃ ခုနှစ် ပဋိပက္ခအတွင်း အရှေ့တီမော၌ လူ့အခွင့်အရေး အလွဲသုံးစား ပြုလုပ်မှုတချို့ရှိခဲ့သည်ဆိုသော အတိဖြစ်ရပ်တချို့၏ အရိပ်မည်းလည်း ရှိနေသည်။ အမှားတစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိဟု ငြင်းဆိုထားသည်။  ဆူဘီယန်တို အနေဖြင့် ၎င်းသမ္မတဖြစ်လာချိန်တွင် သမ္မတဂျိုကိုဝီဒိုဒို၏သားဖြစ်သူ Gibran Rakabu­ming Raka ကို ဒုတိယ သမ္မတနေရာပေးရန်လည်း ရွေးချယ်ထား သည်။ အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ အထက်လွှတ်တော် ရွေးကောက်ပွဲအောက်လွှတ်တော်ရွေးကောက်ပွဲ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲ၊ ဒေသန္တရ/ မြူနီစီပယ်ရွေးကောက် ပွဲဟူ၍ ရွေးကောက်ပွဲများ ကျင်းပလေ့ရှိသည်။  


သမ္မတသစ်အတွက်လက်ကမ်းကြိုနေသည့် မြို့တော်သစ်စီမံကိန်း

သမ္မတဂျိုကိုဝီဒိုဒိုသည် အင်ဒိုနီးရှားနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို ဂျက်ကာတာမှ နူဆန်တာရာသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သည်။ အဆိုပါစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် တည်ဆောက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၃ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ မြို့တော်သစ်ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့်တင်စားကာ ဂျက်ကာတာကို ဝါရှင်တန်ဟုလည်းကောင်း၊ နူဆန်တာရာကို နယူးယောက်ဟု လည်းကောင်း ပြောဆိုတတ်ကြ သည်။ 

အုပ်ချုပ်ရေး မြို့တော်သစ် ပြောင်းရွှေ့ရေး စီမံချက်အရ အစိုးရအဖွဲ့အစည်းများ ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့များနှင့် သံရုံများအားလုံး လိုက်ပါပြောင်းရွှေ့ ကြရမည်ဖြစ်သည်။ ဗဟိုဘဏ်၊ ဘဏ္ဍာရေးဆိုင်ရာ ထိန်းကျောင်းသည့်အဖွဲ့အစည်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အာဏာပိုင်အဖွဲ့များ စသည့် ပုဂ္ဂလိက ကဏ္ဍနှင့် အနီးကပ်ဆောင်ရွက်နေသည့် အင်စတီကျူးရှင်းများမှာမူ ဂျက်ကာတာမြို့တွင် ဆက်လက် ကျန်ရှိနေကြမည်ဖြစ်သည်။ ဂျက်ကာတာမြို့တော်ဝန်ကလည်း အုပ်ချုပ်ရေးမြို့တော်သစ်အတွက် လို အပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးစီမံကိန်းကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးတည် ဆောက်ရန် ရည်ရွယ်ထားသည်။ အစိုးရရုံးများ ပြောင်းရွှေ့ရသည့် အဓိကအကြောင်းရင်းမှာ  ဂျကာတာတွင် လူနေထူထပ်ခြင်းကြောင့်ဖြစ်သည်။ ဂျကာတာတွင် လူဦးရေ ၁၀ သန်းရှိပြီး တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်ရှိ အခြားမြို့များနှင့်ပင် နီးကပ်လာပြီ ဖြစ်သည်။ နေ့စဉ်ခန့်မှန်း လူဦးရေ ၁.၃ သန်းသည် မြို့ထဲတွင် သွားလာ နေကြရာ လမ်းများ၊ ရထားလမ်းများ၊ ရေပိုက်များနှင့် မိလ္လာများမှာ လုံလောက်ခြင်းမရှိတော့ပါ။ မြေအောက် ရေအား တရားမဝင်သုံးစွဲမှုမှာလည်း များပြားလာပြီး မြို့မှာလည်း တဖြည်းဖြည်း နစ်မြုပ်လာသကဲ့သို့ ဖြစ်လာနေသည်။ ထို့ပြင် ရေကြီး ရေလျှံမှု အန္တရာယ်မှာလည်း မြင့်မားလာသည်။ 


ဆူဘီယန်တို၏ ကတိကဝတ်များ

ဆူဘီယန်တိုအနေဖြင့် သမ္မတဂျိုကိုဝီဒိုဒို ၏ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသည့်ပုံစံနှင့် အခြေခံအဆောက်အအုံအစီအမံ များကို ဆက်လက်အကောင် အထည်ဖော်မည်ဟု ကတိပြုထားသည်။ ထို့ပြင် ကာကွယ်ရေးနှင့်လူမှုရေး အထောက် အပံ့ပေးသည့် အသုံးစရိတ်များတိုးမြှင့်ပေးမည်ဟုလည်း ကတိပြုခဲ့သည်။ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရာတွင် ဝန်ကြီး ရာထူးနေရာအချို့ကို တာဝန်ပေးအပ်ခြင်းဖြစ်ပြီး အပြန်အလှန်အားဖြင့် ပါတီအပေါ် သစ္စာစောင့်သိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ 

သို့သော် ဆူဘီယန်တို၏ အခွန်ကောက်ခံမည့် မဟာဗျူဟာမှာ ရှင်းလင်းမှုမရှိကြောင်း၊ စီမံ ကိန်းများအတွက် အသုံးပြုမည့်ငွေကြေးများကြောင့် အစိုးရကြွေးမြီတင်ရှိမှုမှာ ပိုမိုမြင့်မားလာနိုင်သည်ဆို သည့်ယူဆချက်များလည်း ရှိနေသည်။ ဆူဘီယန်တို သည် ဈေးကြီးလှသည့်ကတိကဝတ်များကိုလည်း ပေးထားသည်။ အဆိုပါကတိကဝတ်များမှာ ကျောင်းများတွင် အခမဲ့ကျွေးမွေးခြင်း၊ ကျေးရွာရန်ပုံငွေများ တိုးမြှင့်ထောက်ပံ့ခြင်း၊ ဆင်းရဲနွမ်းပါးသူများအတွက် ငွေကြေးတိုက်ရိုက်ထောက်ပံ့မည်ဆိုသည့် အချက် များလည်း ပါဝင်သည်။ 

ကျောင်းများတွင် အခမဲ့ကျေးမွေးမည်ဆိုပါက ဘဏ္ဍာနှစ်တစ်နှစ်တွင် အင်ဒိုနီးရှားရူပီယာ ၄၀ဝ ထရီလီယံမှ ၄၅၀ ထရီလီယံအထိ (အမေရိကန် ဒေါ်လာ ၂၅.၆ ဘီလျံမှ ၂၈.၉ ဘီလျံအထိ) ကုန်ကျနိုင်ကြောင်း ပြည်တွင်းမီဒီယာ တစ်ခုတွင် ဖော်ပြထားသည်။ ယင်းအတွက် ကုန်ကျစရိတ်ကာမိစေရန် အခွန်တိုးကောက်မည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုမရှိသည့် လွတ်လပ်သော အထူးအခွန် အေဂျင်စီတစ်ခု တည်ထောင်ရန်လည်း မဲဆွယ်စည်းရုံရေးကာလအတွင်း အဆိုပြုခဲ့သည်။ 


အစိုးရသစ် ဘာတွေလုပ်မလဲ

အင်ဒိုနီးရှားအစိုးရသစ်အနေဖြင့် နိုင်ငံခြားရေးမူဝါဒများထက် ပြည်တွင်းရေးကိစ္စများကို ဦးစားပေး ဆောင်ရွက်ရ မည်သာဖြစ်သည်၊ ၂၀၂၂ ခုနှစ် G-20 ထိပ်သီးအစည်းအဝေး၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံထိပ်သီး အစည်းအဝေးပွဲများ ကို လက်ခံကျင်းပခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံအတွက် အာဆီယံဥက္ကဋ္ဌတာဝန်မှာ ၂၀၃၃ ခုနှစ်အထိ ပြန်ရောက် လာရန်မရှိရာအစိုးရသစ်အတွက် ပြည်တွင်းရေးမူဝါဒများကိုသာ ဦးစားပေးကိုင်တွယ် ရမည်ဖြစ်သည်။

အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနိုင်ငံကို အကြီးမားဆုံးစီးပွားရေးလုပ်ငန်းရှိသည့်နိုင်ငံအဖြစ် ရင်းနှီးမြှုပ်နှံသူများကရှုမြင်ထားရာ ဆူဘီယန်တိုအနေဖြင့် အဓိကပြည်တွင်းပြဿနာရပ်များဖြစ်သည့် အလုပ်အကိုင်များ ပိုမို ဖန်တီးရေးနှင့် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသည့်လူနေမှုစရိတ် မြင့်မား နေခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ထို့ပြင် ကောင်းမွန်သောအုပ်ချုပ်မှု ဖော်ဆောင်ခြင်း၊ အကျင့် ပျက်ခြစားမှုတိုက်ဖျက်ရေး၊ အခြေခံအဆောက်အအုံတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝ ပိုမို တိုးတက် ကောင်းမွန်ရေးတို့ကိုလည်း ကြိုးပမ်းရမည်ဖြစ်သည်။ 

အင်ဒိုနီးရှားအစိုးရ၏ ထုတ်ပြန်ချက်များအရ ၂၀၂၃ ခုနှစ် တတိယသုံးလပတ် ကာလအတွင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) တိုးတက်မှုရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံသား ၁.၅ ရာခိုင်နှုန်းမှာ တစ်နေ့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉၀ မျှသာ ရရှိပြီး အလွန်အမင်း ဆင်းရဲနေဆဲဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံသားများသည် လူနေမှုစရိတ်မြင့်မားခြင်း၊ လုပ်ငန်းအသီးသီးတွင် အလုပ်အကိုင်များ လျှော့ချဖြတ်တောက်ခြင်း စသည့် ၎င်းတို့၏ လူမှုဘဝအပေါ် အကျိုးသက်ရောက်စေသည့် စီးပွားရေးနှင့်ပတ်သက်၍ စိုးရိမ်နေကြဆဲဖြစ်သည်။  


မဲဆန္ဒရှင်ပြည်သူများ၏ မျှော်လင့်ချက်

Indikator Politik Indonesia အဖွဲ့က စက်တင်ဘာလအတွင်းကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုအရ လာမည့်သမ္မတအပေါ် ဖြေဆိုသူ ၃၁ ရာခိုင်နှုန်း၏ မျှော်လင့်ချက်မှာ အလုပ်အကိုင်ဖန်တီးရေး နှင့် အလုပ် လက်မဲ့နှုန်းလျှော့ချရေးမှာ ဒုတိယဦးစားပေးနေရာတွင်ရှိသည်။ အထူးသဖြင့် လူငယ်မဲဆန္ဒရှင် အများစုသည် အလုပ်အကိုင်တည် မြဲရေးနှင့်ပတ်သက်၍ စိုးရိမ်နေကြသည်။ မွတ်စလင်ဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၂၈၀ ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲမှာ အာရှနိုင်ငံများအတွက် စိတ်ဝင်တစား စောင့် ကြည့်ရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်သည်။ ယခုကျင်းပခဲ့သည့်ရွေးကောက်ပွဲသည် ကမ္ဘာစင့်မြင့်တွင် အင်ဒို နီးရှားနိုင်ငံ၏ ဦးဆောင်မှုကိုဆုံးဖြတ်ပေးမည့် ပွဲတစ်ပွဲလည်းဖြစ်သည်။ အစ္စရေးနှင့် ဟားမတ်စ်ကြား ဖြစ်ပွားနေသောစစ်ပွဲသည် အရေးကြီးသော နိုင်ငံတကာပြဿနာရပ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသားအများစုကမူ အစ္စရေးကိုကျူးကျော်သူအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်ကြသည်။ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ သုံးယောက်လုံးသည်လည်း ပါလစ္စတိုင်းကိုထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ ကြသည်။ ဆူဘီယန်တိုကလည်း သမ္မတအဖြစ်ရွေးချယ်ခံရပါက ပါလက်စတိုင်းနယ်မြေအတွင်း သံရုံးဖွင့်လှစ် ပြီး ပါလက်စတိုင်းလွတ်မြောက်ရေး တိုးမြှင့်ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ 

ဆူဘီယန်တိုသည် မကြာမီရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ၈ ယောက်မြောက် သမ္မတ ဖြစ်လာမည်ဖြစ်သည်။ သမ္မတဖြစ်လာချိန်တွင် နိုင်ငံတကာရေးရာကိစ္စရပ်များထက် ပြည်တွင်းရေးရာကိစ္စရပ်များကို အလေးထား ဖြေရှင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲကာလ ကတိကဝတ်များဖြစ်သည့် လူငယ်မဲဆန္ဒရှင်များ၏ မျှော်လင့်ချက် ဖြစ်သည့် အလုပ်လက်မဲ့များလျှော့ချရေး၊ အလုပ်အကိုင်များဖန်တီးရေးနှင့် တည်မြဲရေးတို့ကို ဦးစားပေးဆောင် ရွက်ရမည်ဖြစ်သည်။ 

သမ္မတ ဂျိုကိုဝီဒိုဒိုလက်ထက်ကလည်း ကာကွယ်ရေးဝန်ကြီးယူခဲ့သူဖြစ်ရာ အုပ်ချုပ်ရေးယန္တရားမှာ သူ့အတွက် အစိမ်းသက်သက်တော့ မဟုတ်ပါ။ သို့သော် သမ္မတဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံကို တစ်ဆင့် မြင့်အောင် မြှင့်တင်ပေးနိုင်ခဲ့သကဲ့သို့ ဆူဘီယန်တိုက အင်ဒိုနီးနိုင်ငံကို နောက်ထပ် တစ်ဆင့်ထပ်မြှင့်ပေးနိုင် မည်လားဆိုသည် ကိုမူ စောင့်ကြည့်ရဦးမည်သာဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကင်ဆိုးဟွန်ရဲ့ dating သတင်းနဲ့ပတ်သက်ပြီး အေဂျင်စီက ငြင်းဆို

RECENT POSTS
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved