Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်က သူမအစား အခြားကိုယ်စားလှယ်လောင်းတစ်ဦးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့

ALynn (NSS) - မတ် ၂၃

ဗင်နီဇွဲလားသမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုသည် အရွေးချယ်ခံခွင့် ပိတ်ပင်ခံထားရသောကြောင့် သူမ၏ နေရာတွင် အခြားကိုယ်စားလှယ်လောင်း တစ်ဦးကို အစားထိုးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 


အဆိုပါ ကိုယ်စားလှယ်လောင်းသည် အသက် ၈၀ နှစ်အရွယ် သမိုင်းပညာရှင် ပါမောက္ခ Corina Yoris ဖြစ်ပြီး ဇူလိုင် ၂၈ ရွေးကောက်ပွဲတွင် မာချာဒိုအစား ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ သမ္မတ နီကိုလက်စ်မာဒူရိုအစိုးရ အဖွဲ့သည် မာချာဒိုအပေါ် ဖိအားပေးခြင်းများ လုပ်ဆောင်နေသောကြောင့် နိုင်ငံ တကာ၏ ပြစ်တင်ရှုတ်ချခြင်းများခံနေရ‌စဉ် မတ်လ ၂၂ ရက် (သောကြာနေ့) ၌ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစောပိုင်းနေ့ရက်များအတွင်းက မာချာဒို၏မဲဆွယ်စည်းရုံးရေးအဖွဲ့ ဝင်နှစ်ဦးဖြစ်သည့် Dignora Hernandez နှင့် Henry Alviarez အပါအဝင် သူမနှင့် နီးစပ်သူများကို ဖမ်းဆီးခြင်းအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Alviarez သည် မာချာဒို၏ လစ်ဘရယ်ပါတီ Vente Venezuela အတွက် စည်းရုံးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပေးသူဖြစ်ပြီး Hernandez မှာမူ ပါတီအတွင်းရေးမှူးဖြစ်သည်။ ၎င်းတို့နှစ်ဦး စလုံးမှာ အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ပူးပေါင်းကြံစည်မှုဖြင့် မတ်လ ၂၀ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဖမ်းဆီးခံခဲ့ရသည်။ ဗင်နီဇွဲလားရှေ့နေချုပ် Tarek William Saab ၏ ဖော်ပြချက်အရ ၎င်းတို့သည် နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်သည့် စစ်ဘက်ဆိုင်ရာတိုက်ခိုက်ရေး စီမံချက်များတွင် ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။ မာချာဒို၏အနီးကပ်တွဲဖက် Magalli Meda အပါအဝင် အခြားပါတီဝင်များသည်လည်း အလားတူစွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။

သို့သော် မာချာဒိုက စွဲချက်အားလုံးမှာ လုံးဝမှားယွင်းနေကြောင်း ချေပခဲ့ပြီး နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက မာဒူရို၏ အုပ်ချုပ်ရေးစနစ်သည် အတိုက်အခံများကို ဖြုတ်ချရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သတိပေးထားသည်။ ဥပမာအားဖြင့် ချီလီနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ဖမ်းဆီးမှုသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ဒီမိုကရေစီစိတ်ဓာတ်နှင့် ဆန့်ကျင်နေသည့် လုပ်ရပ်အဖြစ် ရည်ညွှန်းခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့အစည်းများက မာဒူရိုနှင့် ၎င်း၏မဟာမိတ်များကို မတရားဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းအပါအဝင် အတိုက်အခံ များကို ဖြိုခွင်းရန် အစိုးရတပ်ဖွဲ့များကို အသုံးချနေကြောင်း စွပ်စွဲထားကြသည်။ 

မာချာဒိုသည် ဗင်နီဇွဲလား အမျိုးသားလွှတ်တော်အမတ်ဟောင်း ဖြစ်ပြီး သူမသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ထောက်ခံမှုကြောင့် ရွေးကောက်ခံခြင်း ၁၅ နှစ်တာ ရပ်စဲခံရကြောင်း ကြေညာခဲ့သည်။ သို့သော် မာချာဒိုသည် အတိုက်အခံပါတီများအနက် အင်အားအကြီးဆုံးဖြစ်နေသည်။ ပဏာမရွေးကောက်ပွဲတွင် ဗင်နီဇွဲလားနိုင်ငံသား ၂ ဒသမ ၄ သန်းခန့်သည် ပြိုင်ဘက် မာဒူရိုကို ရွေးချယ်ခဲ့ကြသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မလေးရှားမှာ ကောလိပ်ကျောင်းသားတစ်ဦးကို ဖုန်းအားသွင်းကြိုးနဲ့ သေအောင်ရိုက်နှက်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved