Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားတို့ မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ထုတ်သုံးတော့မှာလား

သန်းထိုက်စိုး (NSS) - မတ် ၂၂

နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းကြသည့်နိုင်ငံများသည် နျူကလီးယားလက်နက်အား အမှန်တကယ်အသုံးပြုရန်ထက် ခြိမ်းခြောက်ရန်အတွက် အဓိကဖြစ်သည်ဟု ပညာရှင်တစ်ဦးက မှတ်ချက် ပေးဖူးသည်။ နျူကလီးယားလက်နက်ဟု ကြားလိုက်လျှင် ပထမဆုံး မြင်ယောင်သည်မှာ ဂျပန်နိုင်ငံ ဟာရို ရှီးမားနှင့်နဂါဆာကီ မြို့ကြီးနှစ်မြို့ဖြစ်သည်။ ယခုရက်ပိုင်းတွင်လည်း ပြင်သစ်သမ္မတ မက်ခရွန် ပြောလိုက် သည့်စကားနှင့် သမ္မတပူတင်၏ တုံ့ ပြန်ချက်တို့ကြောင့် နျူကလီးယား လက်နက်နှင့် ပတ်သက်၍ တကျော့ ပြန် အနည်ထလာပြန်သည်။  


  နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းနိုင်ငံအတွင်းသို့ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ စေလွှတ်မည် ဆိုပါက နျူကလီးယားလက်နက် အသုံးပြုမည်ဟု မကြာသေးမီ ရက်ပိုင်းအတွင်းကပင် သမ္မတ ပူတင်က သတိပေးပြောဆိုခဲ့သည်။ နှစ်နာရီကျော်ကြာသည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် သမ္မတပူတင်က ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြင်သစ်သမ္မတ မက်ခရွန်က နေတိုးတပ်ဖွဲ့များ ယူကရိန်းသို့စေလွှတ်မည် ဟု ပြောဆိုခဲ့ခြင်းအပေါ် သမ္မတပူတင်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလာခြင်း ဖြစ်သည်။ 

ဂျာမနီ ဝန်ကြီးချုပ် အိုလက်စခိုးလ်နှင့် အမေရိကန်အဆင့်မြင့်အရာရှိများက သမ္မတ မက်ခရွန် ၏ ပြောဆိုချက်နှင့်ပတ်သက် ဖြစ်နိုင်ခြေမရှိကြောင်း ပြောဆိုကာ ချက်ချင်းပယ်ချခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံ က အခြားဥရောပနိုင်ငံများထိပါ ပဋိပက္ခပြန့်ပွားလာစေရန် ဖန်တီးနေသည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက် ၍ အဓိပ္ပါယ်မဲ့ပြောဆိုချက်ဖြစ်ကြောင်း သမ္မတပူတင်က ပယ်ချခဲ့သည်။ ယူကရိန်းစစ်ပွဲတွင် နိုင်ငံခြားတပ်ဖွဲ့ များ ပါဝင်လာပါက ကြေကွဲစရာအကျိုးဆက်များ ကြုံတွေ့ရမည်ဖြစ်ကြောင်းလည်း သမ္မတပူတင်က ထပ်လောင်းပြောဆိုခဲ့သည်။ 

ရုရှားအနေဖြင့် နျူကလီးယားလက်နက်များအသုံးပြုရန် ပြင်ဆင်နေသည့် အရိပ်လက္ခဏာများ မမြင် တွေ့ရသော်လည်း သမ္မတပူတင်၏ မှတ်ချက်စကားမှာ တာဝန်မဲ့ရာကျကြောင်း၊ ဂရုတစိုက်ဖြင့် ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

ပေါက်ကြားလာသည့် လျှို့ဝှက်စာများအရ ရုရှားတို့တွင်ရှိသည့် နည်းဗျူဟာ နျူကလီးယားလက် နက်မှာ လူသိရှင်ကြားထုတ်ပြန်ထားသည်ထက် နည်းသည်ဟု  Financial Times တွင် ဖော်ပြသည်။ ရုရှားတို့၏ နည်းဗျူဟာနျူကလီးယားလက်နက်များသည် စစ်မြေပြင်တွင်အသုံးပြုရန်ရည်ရွယ်ထုတ်လုပ် ထားခြင်းဖြစ်ပြီး တိုက်ချင်းပစ်ဒုံးကျည်များတွင် တပ်ဆင်ပစ်နိုင်သည့်ထိပ်ဖူးများစသည့် မဟာဗျူဟာနျူကလီးယား လက်နက် များထက်အရွယ်အစားငယ်သည်။ မည်သို့ဖြစ်စေ နည်းဗျူဟာနျူကလီးယား လက်နက်များသည် ဂျပန်မြိုကြီး များဖြစ်သည့် ဟာရိုရှီးမားနှင့်နဂါဆာကီတို့အပေါ်တွင် အမေရိကန်တို့ကျချခဲ့သည့် လက်နက်များထက် စွမ်း ဆောင်ရည် မြင့်မားမည်မှာ သေချာသည်။ 

ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားချိန်မှစ၍ ရုရှား နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့သည်။ ၁၉၆၂ ခုနှစ်ကျူ ဘားမစ်ဆိုင်းအကျပ်အတည်း နောက်ပိုင်းတွင် အဆိုးဆုံး အခြေအနေ တစ်ခုပင် ဖြစ်သည်။ သမ္မတပူတင်သည် ယခင်ကလည်း နေတိုးနှင့် ရုရှားကြားတိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှု အန္တရာယ်နှင့်ပတ်သက်၍ နျူကလီးယားလက်နက် အသုံးပြုမည်ဟု ထုတ်ဖော် ပြောဆိုခဲ့ဘူးသည်။ ရုရှားတွင် အနောက်နိုင်ငံများရှိ ပစ်မှတ်များအား တိုက်ခိုက်နိုင်သည့်လက်နက်များရှိကြောင်း၊ ခြိမ်းခြောက်ရုံမဟုတ်ဘဲ အားလုံးပျက်သုန်းသွားနိုင်သည်ကို အနောက်နိုင်ငံများ နားလည်ရန်လိုကြောင်း သမ္မတပူတင်က ပြောဆိုခဲ့ ဖူးသည်။ ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ၂၀၂၄ ခု နှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပ မည်ဖြစ်ရာ ရွေးကောက်ပွဲမတိုင်မီတွင် သမ္မတပူတင်က နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားခဲ့သည်။ သမ္မတပူတင်သည် သမ္မတအဖြစ် ပြန်လည်ရွေး ကောက်ခံရရန် သေချာသလောက်ဖြစ်နေပြီး နောက်ထပ် ခြောက်နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာတွင်အကြီးဆုံး ဖြစ်သည့် နျူကလီးယား လက်နက်တိုက်အား ခေတ်မီအောင် ဆောင်ရွက်သွားမည်ဟု သမ္မတ ပူတင်က ကြွေးကြော်ခဲ့သည်။ မဟာဗျူဟာ နျူကလီးယားတပ်ဖွဲ့များအနေဖြင့် အသင့်အနေအထားတွင် ရှိကြောင်း လည်း ပြောဆိုခဲ့သည်။ မျိုးဆက်သစ် ဟိုက်ပါဆိုးနစ် နျူကလီးယားလက်နက်များရှိနေပြီဆိုသည်ကိုမူ ၂၀၁၈ ခုနှစ်ကတည်းက ထုတ်ပြထားပြီး ဖြစ်သည်။ အနောက်နိုင်ငံမှ နိုင်ငံရေးသမားများအနေဖြင့် နာဇီဂျာမနီ အဒေါ့ဟစ်တလာနှင့် ပြင်သစ်စစ်ဘုရင် ဟုဆိုသည့် နပိုလီယံတို့ ရုရှားအားနိုင်အောင် မတိုက်နိုင်ခဲ့သည့် အတိတ်ကာလကို ပြန်ပြီးသတိပြုမိစေကြောင်းလည်း သမ္မတပူတင်က အကြံပြုပြောဆိုခဲ့သည်။

ယခုအချိန်ဆိုလျင် ဖြစ်လာမည့် အကျိုးဆက်များမှာ များစွာကြေကွဲစရာ ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်ပွဲသည် ကာတွန်းတစ်ကွက်ဟု ထင်နေကြကြောင်း၊ အနောက်နိုင်ငံရေးသမားများသည် အမှန်တကယ် စစ်ပွဲအား မေ့နေကြကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်သုံးစုခန့်က ရုရှားတို့ကြုံခဲ့ရသည့် လုံခြုံရေး စိန်ခေါ်မှုမျိုးအား ကြုံတွေ့ဖူးခြင်းမရှိကြကြောင်းလည်း သမ္မတပူတင်က ပြောဆိုခဲ့သည်။ 

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် နျူကလီးယား မဟာဗျူဟာတည်ငြိမ်ရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ဆွေးနွေးရန် လမ်းဖွင့်ခဲ့ကြောင်း၊ သို့သော် အမေရိကန်ဘက်က စိတ်ဝင်စားခြင်းမရှိဘဲ ရုရှားအပေါ်မှားယွင်း သည့် စွပ်စွဲချက်များဖြင့်သာ တုံ့ပြန်ခဲ့ကြောင်း ရုရှားနိုင်ငံက အာကာသတွင် နျူကလီးယား လက်နက်များ တပ်ဆင်နေသည့် သံသယဖြစ်ဖွယ်ရာများတွေ့ရှိရကြောင်း ပြောဆိုချက်အား ရည်ညွန်းပြီး ပြောဆိုခဲ့သည်။ အာကာသတွင် နျူကလီးယား လက်နက်များတပ်ဆင်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ ရုရှားအနေဖြင့် အာကာသ နည်းပညာတွင် အမေရိကန်နှင့် တန်းတူ ဖွံ့ဖြိုးတိုးတက်ကြောင်းလည်း သမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုထားသည်။ 

နည်းဗျူဟာ နျူကလီးယားလက်နက် 

နည်းဗျူဟာ နျူကလီးယားလက်နက်ဆိုသည်မှာ တာတိုသာပစ်ခတ်နိုင်ပြီး ပြင်းထန်မှုအား လျှော့ချ ထားသည့် နျူကလီးယားလက်နက်အမျိုးအစားဟု ဆိုသည်။ တစ်နည်းအားဖြင့် တာဝေးပစ် သဘောထက် စစ်မြေပြင်တစ်ခု အကျယ်အဝန်းအတွင်းမှာပင် သုံးနိုင်သည့် အသေးစားဗုံး၊ လက်နက်ကြီး ကျည်၊ ဒုံးကျည် စသည့်လက်နက်များတွင် နျူကလီးယား ထည့်သွင်းပစ်ခတ်နိုင်ခြင်းအား ဆိုလိုခြင်း ဖြစ်သည်။ ရုရှားတွင် နည်းဗျူဟာ နျူကလီးယားလက်နက်ထိပ်ဖူး ၂၀ဝ၀ ခန့်ရှိမည်ဟု နျူကလီးယားသိပ္ပံပညာရှင်များ၏ လေ့လာမှုတစ်ခုကဆိုသည်။ ရုရှား တို့တွင် နည်းဗျူဟာ နျူကလီးယားလက်နက်အမျိုးအစား နှစ်မျိုး ရှိသည်ဟု သိရသည်။ ပထမတစ်မျိုးမှာ ကာလီဘာ ဒုံးကျည်  SS-N- 30 လက်နက်ဖြစ်ပြီး အဆိုပါစနစ်သည် ရေငုပ်သင်္ဘောများနှင့် ရေပေါ်သွား သင်္ဘောများက လှမ်းပစ်နိုင်သည့်လက်နက်ဖြစ်ပြီး အသေးစား နျူကလီးယားလက်နက်ထိပ်ဖူးများထည့်သွင်းပစ်ခတ်နိုင်သည့် လက်နက်လည်းဖြစ်သည်။ ကလီဘာ ဒုံးကျည်စနစ်သည် အဝေးထိန်းခရုစ်ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကုန်းပြင်နှင့်ရေပြင်ပစ် လက်နက်လည်းဖြစ်သည်။ ရုရှားအနေဖြင့် ယူကရိန်းစစ်ပွဲတွင် ကလီဘာဒုံးကျည်စနစ်အား ထည့်သွင်း အသုံးပြုပစ်ခတ်နေသော်လည်း နျူကလီးယား ထိပ်ဖူးတပ်ဆင်ပစ်ခတ်ခြင်းမျိုး မရှိသေးပါ။ အသေးစား နျူကလီးယားထိပ်ဖူး ထည့်သွင်းပစ်ခတ်နိုင်သည့်အခြားလက်နက်အမျိုးအစားတစ်ခုမှာ Iskander M(SS-26) ဒုံးကျည်လက်နက်ဖြစ်သည်။ 

အဆိုပါ ဒုံးကျည်သည် မြေပြင်ပစ်မှတ်ကို သာ ပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၄၀ဝ မှ ၅၀ဝ အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့်လက်နက်ဖြစ်သည်။ အီရန် နျူကလီးယားပြဿနာ နျူကလီးယားလက်နက်များ အကြောင်းပြောကြမည်ဆိုပါက အီရန်နှင့်မြောက် ကို ရီးယား နိုင်ငံတို့အကြောင်းလည်း ချန်ထား၍မရနိုင်ပါ။ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ငါးနိုင်ငံတို့ရဲ့ ဆွေးနွေးပွဲ များသည် ရပ်နားလိုက် ပြန်စလိုက်နှင့် ယနေ့အထိ အတောမသတ်နိုင်သေးပါ။ 

အီရန်နှင့် အမေရိကန်တို့သည် ၂၀၁၅ ခုနှစ်က နျူကလီးယားအရေးနှင့်ပတ်သက်၍ သဘောတူညီ ချက်တစ်ရပ် ရရှိခဲ့ကြသည်။ အဆိုပါသဘောတူညီချက်တွင် အီရန်ဘက်က နျူကလီးယားအစီအစဉ်များ ရပ်တန့် ရမည်ဖြစ်သကဲ့သို့ အမေရိကန်ဘက်ကလည်း ပိတ်ဆို့အရေးယူထားမှုများအား ဖယ်ရှားပေးရမည် ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့် တက်လာချိန်တွင် ၂၀၁၅ ခုနှစ် သဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ်တွင်လည်း ရေနံရောင်းဝယ်မှု အပါအဝင် စီးပွားရေးပိတ်ဆို့မှုများ ပြန်လည် ချမှတ်ခဲ့သည်။ အီရန်ဘက်ကလည်း နျူကလီးယား လုပ်ငန်းစဉ်များဆက်လက်လုပ်ဆောင်ခဲ့ပြီး ယူရေနီယံသန့်စင်မှု ၆၀ ရာခိုင်နှုန်းလောက်အထိ ရောက်ရှိကာ လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်နားထိ ပိုမိုနီးစပ်လာခဲ့သည်။ အီရန်သမ္မတ အီဗရာ ဟမ်ရာစီကမူ နျူကလီးယားအစီအစဉ်များမရပ်ဆိုင်းမီ စီးပွားရေးပိတ်ဆို့ထားမှုများ အားလုံးဖယ်ရှားပေးရန် တောင်းဆိုထားသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကမူ ၂၀၁၅ ခုနှစ် သဘောတူ ညီချက်ပြန်လည်အသင်းဝင်စေလိုပုံရသည်။ သို့သော် အစ္စရေးနိုင်ငံ၏ရပ်တည်ချက်မှာ ၂၀၁၅ ခုနှစ် သဘော တူညီချက်အား လက်မခံဘဲ လိုအပ်ပါက ကိုယ့်အစီအစဉ်နှင့်ကိုယ်လုပ်ဆောင် သွားမည်ဟု ထုတ်ပြော ထားသည်။ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်ကနေ နှုတ်ထွက်ပြီး နောက်ပိုင်းတွင် အမေရိကန်အစိုးရက အီရန်နိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် အရေးကြီးသည့် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများ အပေါ်တင်းကျပ်သည့်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ နောက်ဆုံးထွက်ပေါ်လာသည့်သတင်းများအရ အီရန်နိုင်ငံ ၏ နျူကလီးယားအစီအစဉ်သည် ပွင့်လင်းမြင်သာမှု မရှိဟု နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ အကြီး အကဲက ထုတ်ပြောထားသည်။ 

နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ထားသည့် ရုရှား 

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နှင့် ချုပ်ဆိုထားသည့်မဟာဗျူဟာ နျူကလီးယား လက်နက်များ ကန့်သတ်ရေးစာချုပ်(New START)အား ဆိုင်းငံ့ကြောင်း သမ္မတပူတင်က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း က ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှားအနေဖြင့် စာချုပ်မှနှုတ်ထွက်ခြင်းမဟုတ်ကြောင်း၊ သို့သော် အမေရိကန် နှင့်ရုရှားကြား သဘောတူထားသည့်လက်နက် ထိန်းချုပ်ရေး ကိစ္စများအား ဆိုင်းငံ့ကြောင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရုရှားနှင့် အမေရိကန်တို့သည် ကမ္ဘာ့နျူကလီးယားလက်နက် အားလုံး၏ ၉၀ ရာခိုင်နှုန်းအား ပိုင်ဆိုင်ထားကြသည့်နိုင်ငံများဖြစ်သည်။ ရုရှားနျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom အနေဖြင့် လိုအပ်ပါက နျူကလီးယားလက်နက် စမ်းသပ်ရန် အဆင်သင့် ပြင်ထားရမည်ဟု သမ္မတပူတင်ကပြောဆိုခဲ့သည်။ New START စာချုပ်အား ၂၀၁၀ ခုနှစ်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံ  Prague(ပရပ်ဂ်) မြို့တွင်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒန် တက်လာပြီးနောက်ပိုင်းတွင် ၅ နှစ်သက်တမ်း ထပ်မံတိုးခဲ့ခြင်းဖြစ်သည်။ 

ရုရှားသည် ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက်အများဆုံးရှိသည့်နိုင်ငံဖြစ်ကြောင်း ပညာ ရှင်များက ခန့်မှန်းပြောဆိုထားသည်။ Stockholm Institute Peace Research Institute or SIPRI ၏ ၂၀၂၃ ခုနှစ် အစောပိုင်း ထုတ်ပြန်ချက်အရ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံ (၉)နိုင်ငံရှိပြီး နျူကလီးယား လက် နက်ပိုင်ဆိုင်မှုမှာ ရုရှားနိုင်ငံတွင် ၅၈၈၉၊ အမေရိကန်တွင် ၅၂၄၄၊ တရုတ်တွင် ၄၁၀၊ ပြင်သစ်တွင် ၂၉၀၊ ဗြိတိန်တွင် ၂၂၅၊ ပါကစ္စတန်တွင် ၁၇၀၊ အိန္ဒိယတွင် ၁၆၄၊ အစ္စရေးနိုင်ငံတွင် ၉၀ နှင့် မြောက်ကိုရီးယားတွင် ၃၀ အသီးသီးပိုင်ဆိုင်ထားကြသည်။ 

နေတိုးအဖွဲ့ဝင်များဖြစ်ကြသည့် ပြင်သစ် နှင့် ဗြိတိန် နှစ်နိုင်ငံ ပေါင်းလျင်ပင် ရုရှား၏ တစ်ဝက်ပင် မရှိသည်ကို တွေ့နိုင်မည်ဖြစ်သည်။ နေတိုးအဖွဲ့ ဝင်နိုင်ငံများသည် နျူကလီးယားလက်နက် လျှော့ချရေးနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံအား စေ့စပ်ညှိနှိုင်းလာခြင်းနှင့် ပတ်သက်၍  “ ကျွန်တော်တို့မှာ နေတိုး အဖွဲ့ဝင်နိုင်ငံ တွေထက် လက်နက်တွေပိုရှိတာ သူတို့သိတယ်လေ၊ ဒါကြောင့် သူတို့က စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ခေါ် နေကြတာ၊ သူတို့နဲ့အတူ ငရဲသွားရအောင်လို့လေ ”၂၀၂၃ ခုနှစ်က St Petersburg တွင် ကျင်းပခဲ့သည့်   International Economic Forum တစ်ခု တွင် သတင်းထောက်များအား ပြောဆိုခဲ့ဖူးသည်။ 

ရုရှားသည် ယူကရိန်းနှင့် စစ်တိုက်နေ သည်ဟု ဆိုသော်လည်း အမှန်စင်စစ်မှာ အမေရိကန် ဦးဆောင်သည့် နေတိုးစစ်မဟာမိတ်အုပ်စုနှင့် စစ်တိုက်နေရခြင်းဖြစ်သည်။ ယူကရိန်းစစ်ပွဲမှာ ၂ နှစ် ပြည့် မြောက်ခဲ့ပြီဖြစ်ရာ သမားရိုးကျစစ်ပွဲအပေါ် ရုရှား တို့၏ စစ်တိုက်နိုင်စွမ်းအပေါ် သက်သေပြခဲ့ပြီးဖြစ်သည်။ သို့သော် နေတိုးတပ်ဖွဲ့ဝင်များ ယူကရိန်းသို့ စေလွှတ်မည်ဆိုပါက နျူကလီးယား လက်နက်အသုံးပြုမည်ဟု တုံ့ပြန်လိုက်ခြင်းသည် ရုရှားအနေဖြင့် နည်းဗျူဟာလက်နက်များဖြင့် တုံ့ပြန်တိုက်ခိုက်နေရုံဖြင့် မလုံလောက် သည့်အတွက် မဟာဗျူဟာလက်နက်များပါ ထုတ်သုံးတော့မည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ 

သို့သော် နျူကလီးယားစစ်ပွဲ ဖြစ်လာပါက အနိုင်ရရှိသူ ရှိမည်မဟုတ်ကြောင်း၊ အဆိုပါ စစ်ပွဲမျိုးကို စလည်းမစတင် သင့်ကြောင်း သမ္မတပူတင်က ထုတ်ပြောထားဖူးသည်။ နိုင်သူမရှိသည့် စစ်ပွဲမျိုးကို ရုရှား လည်း တိုက်လိုမည်မဟုတ်ပါ။ သို့သော်လည်း ရွေးချယ်စရာမရှိသည့် အခြေအနေတစ်ခုရောက်လာလျင်မူ မသုံးဟုလည်း မဆိုနိုင်ပါ။


Ref ; EuroNews, Armscontrol, ForeignPolicy,Reuters            

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကြည့်ပါက တပ်မတော်အကြောင်း သိရှိ၍ စစ်သားများအပေါ် စာနာသွားနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ပြော

RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved