Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆော်ဒီအာရေဗျနိုင်ငံမှာ တည်ဆောက်နေဆဲဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး မျဉ်းဖြောင့်ပုံစံ စမတ်မြို့ (The Line) အကြောင်း

Pika (NSS) - မတ် ၂၁

ဆော်ဒီအာရေဗျနိုင်ငံ တဗက်ပြည်နယ် မြို့ပြဧရိယာအသစ်ဖြစ်သည့် နီယွန်တွင်တည်ဆောက်နေဆဲဖြစ်သော The Line ပရောဂျက်သည် ကားများ၊ လမ်းများ (သို့မဟုတ်) ကာဗွန်ထုတ်လွှတ်မှုမရှိစေရန် ဒီဇိုင်းထုတ်ထားသည့် မျဉ်းဖြောင့်ပုံစံစမတ်မြို့ တစ်မြို့ဖြစ်သည်။

(၁၇၀) ကီလိုမီတာ (၁၀၅ မိုင်ကျော်) ရှည်လျားသည့် စမတ်မြို့သည် မြို့ပြဧရိယာအသစ်ဖြစ်သော နီယွန်၏ ကြေညာထားသည့်ဒေသ(၉)ခုအနက်မှ တစ်ခုဖြစ်ပြီး Saudi Vision 2030  ပရောဂျက်၏ တစ်စိတ်တစ် ပိုင်း ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် The Line ပရောဂျက်သည် အလုပ်အကိုင်ပေါင်း (၄၆၀ဝဝဝ)ခန့် ဖန်တီး ပေးနိုင်မည်ဖြစ်ပြီး၊ နိုင်ငံ GDP သို့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၄၈)ဘီလျံ ထည့်ပေါင်းပေးနိုင်မည်ဟု ဆော်ဒီအာရေဗျအစိုးရက ပြောထားသည်။


ထို့ပြင် The Line ပရောဂျက်ကို မြို့ပြ ဧရိယာအသစ်ဖြစ်သောနီယွန်(အမေရိကန်ဒေါ်လာ (၅၀ဝ)ဘီလျံ ပရောဂျက်) ၏ ပထမဆုံးသောဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်လာရန်စီစဉ်ထားကြောင်းသိရသည်။ အဆိုပါ စမတ် မြို့တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ လက်ရှိလူဦးရေ (၃၅ ဒသမ ၅) သန်း၏ (၂၅)ရာခိုင် နှုန်းဖြစ်သော လူ(၉)သန်း နေထိုင်နိုင်မည်ဟု ခန့်မှန်းထားကြသည်။ The Line ပရောဂျက်၏ အရှည်တစ်လျှောက်လုံးတွင် တူးဖော်ခြင်း လုပ်ငန်းများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည်။

The Line ပရောဂျက်သည် (၁၇၀)ကီလို မီတာရှည်လျားပြီး မြို့ပြဧရိယာအသစ်ဖြစ်သော နီယွန် အတွင်းရှိ သဘာဝတရား၏(၉၅)ရာခိုင်နှုန်းကိုထိန်းသိမ်းထားမည်ဖြစ်သည်။ ထို့ပြင် အဆိုပါပရောဂျက်သည် တဗက်မြို့မှ ပင်လယ်နီအထိ ရှည်လျားကြောင်းသိရသည်။ အဆိုပါစမတ်မြို့တွင် လူ (၉)သန်း နေထိုင်နိုင်ရန် ရည်ရွယ်ထားပြီး တစ်စတုရန်းကီလိုမီတာလျှင် ပျမ်းမျှလူဦးရေ(၂၆၀ဝဝဝ)ရှိမည်ဖြစ်သည်။ နှိုင်းယှဉ်ကြည့် မည်ဆိုပါက ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး မြို့တော်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တစ်စတုရန်းကီလိုမီ တာလျှင် လူဦးရေ (၄၄၀ဝဝ)ရှိကြောင်းသိရသည်။

The Line ပရောဂျက်သည် ၎င်း၏ အရှည်တစ်လျှောက်လုံးတွင် မှန်များဖြင့်တည်ဆောက်ထားသော အဆောက် အအုံနှစ်ခုပါဝင်မည့် မြို့ပြစီမံကိန်းတစ်ခုလည်းဖြစ်သည်။ မှန်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံ နှစ်ခု၏ စုစုပေါင်းအကျယ်မှာ(၂၀ဝ)မီတာ (၆၅၆ ပေကျော်) ရှိကာ အမြင့်မှာ(၅၀ဝ)မီတာ (ပေ ၁၆၄၀ ကျော်) ရှိမည် ဖြစ်သည်။ အဆိုပါမှန် အဆောက်အအုံ နှစ်ခုသည် Abraj Al-Bait နာရီမျှော်စင်နှင့် အဆိုပြုထားသော Jeddah မျှော်စင်တို့ပြီးလျှင် ဆော်ဒီအာရေးဗျနိုင်ငံ၏ တတိယမြောက် အမြင့်ဆုံးအဆောက်အအုံဖြစ်လာမည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့်ကမ္ဘာပေါ်တွင် (၁၂)ခုမြောက် အမြင့်ဆုံးအဆောက်အအုံဖြစ်လာမည်ဖြစ်သည်။


အဆိုပါစမတ်မြို့ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အပြည့်အဝစွမ်းအင်ပေးနိုင်ရန် အစီအစဉ်ရေးဆွဲ ထားကြောင်း လည်း သိရသည်။ အဆိုပါပရောဂျက်တွင် အလွှာ(၃)ခုပါဝင်မည်ဖြစ်ပြီး နေထိုင်သူများ သွားလာရေးအတွက် မျက်နှာပြင်အလွှာတစ်ခု၊ အခြေခံအဆောက်အအုံများအတွက် မြေအောက်အလွှာတစ်ခုနှင့် သယ် ယူပို့ဆောင်ရေး အတွက် နောက်ထပ်မြေအောက်အလွှာတစ်ခုတို့ဖြစ်သည်။ ထို့ပြင် AI နည်းပညာဖြင့် မြို့တော်ကို စောင့်ကြည့်မည် ဖြစ်ပြီး ၎င်း၏နိုင်ငံသားများအတွက် နေ့စဉ်ဘဝတိုးတက်စေမည့် နည်းလမ်းများကို ရှာဖွေ ရန် ကြိုတင်ခန့်မှန်းမှုများ နှင့်ဒေတာပုံစံများကို အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

နေထိုင်သူများအနေဖြင့်လည်း ဒေတာအချက်အလက်များပေးပို့ခြင်းအတွက်အခကြေးငွေ ပေးဆောင် ရမည်ဖြစ်သည်။ အဆိုပါ ပရောဂျက် အတွက်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ(၁၀ဝ)ဘီလျံမှ (၂၀ဝ) ဘီ လျံကြားရှိမည်ဟု ခန့်မှန်းထားကြသလို အချို့က အမေရိကန်ဒေါ်လာ(၁)ထရီလီယံအထိ ကုန်ကျမည်ဟု ခန့်မှန်း ထားကြသည်။


The Line ပရောဂျက်အတွက် အစီအစဉ်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ဆော်ဒီ အာရေဗျ အိမ်ရှေ့စံမင်းသား Mohammed bin Salman က နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်သော တင်ဆက်မှု တစ် ခုတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါပရောဂျက်အတွက် မြေသားလုပ်ငန်း များကို ၂၀၂၁ခုနှစ် အောက်တို ဘာလတွင်စတင်ခဲ့ပြီး ပထမဆုံးနေထိုင်သူများကို ၂၀၂၄ ခုနှစ်အတွင်း ပြောင်းရွှေ့ပေးနိုင်ရန် မျှော်လင့်ထား ကြောင်း သိရသည်။

The Line ပရောဂျက်၏ ပထမအဆင့်ကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်ရန် စီစဉ်ထားကြောင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့တွင် Mohammed bin Salman က ထုတ်ပြန်ချက်တစ်ခုနှင့် ပရိုမိုးရှင်း ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ပြီးနောက် မီဒီယာအများအပြားသည် The Line ပရောဂျက်နှင့်ပတ်သက်သည့် အကြောင်းအရာများ ကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာခဲ့သည်။ ထို့ပြင် The Line ပရောဂျက်၏ ဒီဇိုင်းပိုင်း ကောင်းကျိုးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် မေးခွန်းထုတ်မှုများလည်းရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပရောဂျက်သည် တောရိုင်းတိရ စ္ဆာန်များနှင့် ငှက်များ၏ရွှေ့ပြောင်းနေထိုင်မှုအပေါ် အကျိုး သက်ရောက်မှုများရှိလာမည်ကို စိုးရိမ်မှုများလည်းရှိနေသည်။ မျဉ်းဖြောင့်ပုံစံစမတ်မြို့သည် လမ်းများ၊ ကား များ သို့မဟုတ် ဓာတ်ငွေ့ထုတ်လွှတ်မှုများ မရှိဘဲ  (၁၀ဝ)ရာခိုင်နှုန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လည်ပတ် မည်ဖြစ်သည်။ အဆိုပါမြို့သည် ပုံမှန်မြို့များနှင့်မတူဘဲ လမ်းပန်းဆက်သွယ်ရေးနှင့်အခြေခံ အဆောက်အအုံ များထက် နေထိုင်သူများ၏ ကျန်းမာရေးနှင့်ကောင်းကောင်းမွန်မွန်နေထိုင်ရေးတို့ကို ဦးစားပေးသွားမည်ဖြစ် ကြောင်းသိရသည်။ 

ထို့ပြင်နေထိုင်သူများကိုလည်း တစ်နှစ်ပတ်လုံး သဘာဝပတ်ဝန်းကျင်အတိုင်းခံစားရစေရန် လုပ် ဆောင်ပေးသွားမည်လည်းဖြစ်သည်။ နေထိုင်သူများသည် နေ့စဉ်ဘဝတွင်လိုအပ်သောအရာများကို (၅) မိနစ် ခန့် လမ်းလျှောက်ရုံဖြင့် ရရှိမည်ဖြစ်ပြီး အမြန်ရထားလမ်း တစ်ဖက်နှင့်တစ်ဖက်အဆုံးကို မိနစ် (၂၀)ဖြင့် သွား လာနိုင်မည်လည်းဖြစ်သည်။ မျဉ်းဖြောင့်ပုံစံစမတ်မြို့တွင် နေထိုင်သူများသည် ပတ်ဝန်းကျင်ရှိ သဘာဝရှုခင်း များ၊ တောင်များနှင့်ကောင်းကင်တို့ပါဝင်သည့် ရှုခင်းများကိုခံစားနိုင်မည်ဖြစ်ပြီး အခြေခံအဆောက်အအုံ များကို လျှော့ချထားခြင်းကြောင့် ကျယ်ဝန်းသောမြို့ပြပုံစံများမှလည်းရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ပြင် မလိုအပ်သော အခြေခံအဆောက်အအုံများ၊ ကားများနှင့် လမ်းများမရှိခြင်းကြောင့် စမတ်မြို့သည် ကာဗွန် သုညဖြစ်နေမည်လည်း ဖြစ်သည်။ စမတ်မြို့သည် ၎င်း၏မှုလုပ်ငန်းများအပါအဝင် (၁၀ဝ)ရာခိုင်နှုန်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လည်ပတ်မည်ဖြစ်သည်။ ထို့ပြင် စမတ်မြို့တွင်နေရောင်ခြည်၊ အရိပ်နှင့် သဘာဝ လေ ဝင်လေထွက်ကို ချိန်ညှိစေနိုင်ရန်အတွက်အကောင်းဆုံးပုံစံဖြင့်ဒီဇိုင်းဆွဲထားကြောင်းလည်းသိရသည်။ မြို့အနှံ့ တစ်ဝိုက်ရှိ စိမ်းလန်းစိုပြည်သောနေရာများသည် နေထိုင်သူများ၊ အလုပ်လုပ်ကိုင်မည့်သူများနှင့် လာရောက် လည်ပတ် သူများကို သက်သောင့်သက်သာဖြစ်စေမည်လည်းဖြစ်သည်။ Neom ကုမ္ပဏီက “ The Line ပရောဂျက်ဟာ ဒီနေ့မြို့ပြလူနေမှုဘဝမှာ လူသားမျိုးနွယ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်း ပေးမှာဖြစ်ပြီး တခြားနည်းလမ်းတွေနဲ့ နေထိုင်နိုင်မယ့် ပုံစံတစ်ခုကို ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ကျွန် တော်တို့ ကမ္ဘာကြီးရဲ့မြို့တွေ ရင်ဆိုင်နေရတဲ့ နေထိုင်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်း တွေကို လျစ်လျူရှုမထားနိုင်ပါဘူး။ ဒီအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် ဆန်းသစ်တဲ့စိတ်ကူးအကြံ ညဏ် ဖြေရှင်းချက်တွေကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ Neom ကုမ္ပဏီဟာ စမတ်မြို့ တည်ဆောက်မယ့်စိတ်ကူးကို အမှန်တကယ် ဖြစ်လာစေဖို့အတွက် ဗိသုကာပညာ၊  အင်ဂျင်နီယာနဲ့ ဆောက် လုပ်ရေးတို့မှာ ထူးချွန်တဲ့လူတွေကို ဦးဆောင်ပြီးဆက်လက်လုပ်ကိုင်နေပါတယ် ” ဟု ထုတ်ပြန်ထားသည်။           


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ တစ်နှစ်တာ EV ကား ရည်မှန်းချက်ပြည့်မီခဲ့သလား (အင်တာဗျူး)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved