အမေရိကန်ရဲဌာနမှာ သက်သေအဖြစ် သိမ်းဆည်းထားတဲ့ ဆေးခြောက်များ ကြွက်ကိုက်စားသောက်သွားမှုဖြစ်ပွား
ရောင်နီ (NSS) - မတ် ၁၇
အမေရိကန်နိုင်ငံ၊ နယူးအော်လန်ရဲဌာနမှာ သက်သေအထောက်အထားအဖြစ် သိမ်းဆည်းထားတဲ့ ဆေးခြောက်များ ကြွက်ကိုက် စားသောက်မှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ဆေးခြောက်များ သိမ်းဆည်းထားတဲ့အခန်းမှာ ကြွက်များ၊ ပိုးဟပ်များနဲ့ အခြားပိုးကောင်များကိုလည်း တွေ့ရှိလာရတယ်လို့ အဆိုပါဌာနရဲ့အကြီးအကဲ ရဲအုပ်ကြီး အန်နီခရစ်ပတ်ထရစ်က မတ်လ ၁၁ ရက်မှာ ပြော ကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဌာနရဲ့ယိုယွင်းနေတဲ့၊ ပြင်ဆင်ဖို့ လိုအပ်တဲ့အခြေခံအဆောက်အဦး အခြေ အနေကို ထောက်ပြနေပါတယ်။
New Orleans City Council ရဲ့ဝက်ဘ်ဆိုဒ်အရ ရဲဌာနဟာ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးစနစ် ပြုပြင် ပြောင်းလဲရေးအပြင် ရာဇဝတ်မှုဆိုင်ရာ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးဆိုင်ရာပံ့ပိုးကူညီသူတွေ တိုးတက်စေဖို့ ကြိုးပမ်းမှုတွေကို ပေါင်းစပ်ညှိနှိုင်းပေးတဲ့ဌာနဖြစ်တယ်လို့ သိရပါတယ်။
၎င်းတို့ဟာ ၂၀၂၃ ခုနှစ်က ဌာနရဲ့အဆောက်အဦး တချို့ကို အပူဒဏ်ကြောင့် ပိတ်ခဲ့ရတာဖြစ်ပြီး ၎င်းမှတဆင့် ကြွက်နဲ့ပိုးဟပ်လို တိရစ္ဆာန်တွေ ဝင်ရောက်လာခြင်းဖြစ်မယ်လို့ ကော်မတီရဲ့ဥက္ကဋ္ဌဖြစ်သူ မစ္စတာ အိုလီဗာသော မတ်စ်က ပြောကြားခဲ့ပါတယ်။
အဆိုပါအဆောက်အဦး ညစ်ညမ်းမှုဖြစ်စဉ်ကြောင့် ရဲဌာနချုပ်ကို အခြားအဆောက်အအုံတစ်ခုဆီ ယာယီ ပြောင်းရွှေ့ဖို့အတွက် အမေရိကန်ဒေါ်လာ ၇.၆ သန်း (ဒေါ်လာ ၇.၆ သန်း) ကုန်ကျမယ့် ၁၀ နှစ် အငှားချထားရေး အဆိုပြုချက်ကို မြို့တော်ကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ပြီး အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုပ်ရှင်လောက ပျက်စီးစေမယ့် အတွင်းရေးအချို့ ၊ စစ်မှုထမ်းကိစ္စ လုပ်ငန်းရှင်တွေ စိုးရိမ်နေကြရပြီ ၊ ရဲအုပ် နေလင်းဟိန်းအား ဂုဏ်ပြုခြင်း ၊ လူသတ်အကြမ်းဖက်သမား မိုက်ကယ် ဖမ်းဆီးခံရပြီ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း