လစ်ဗျားနိုင်ငံရေးအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခုလား
ALynn (NSS) - မတ် ၁၇
နှစ်အတန်ကြာ တိုက်ပွဲများ နှင့် စစ်ပွဲများ အပြီးတွင် လစ်ဗျားသည် နိုင်ငံရေးအရ တိုးတက်မှုများကို ရှာဖွေလိုပုံရ သည်။ ပြည်တွင်းသတင်းစာ Libya Observer ၏ အဆိုအရ လစ်ဗျား အဆင့်မြင့်နိုင်ငံရေးသမားများသည် ညီညွတ်သောအစိုးရနှင့် ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးပွဲအတွက် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ကိုင်ရိုတွင် တွေ့ဆုံ ခဲ့ကြသည်။
အာရပ်အဖွဲ့ချုပ်က စီစဉ် ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ လစ်ဗျားသမ္မတ Mohamed Yunus al-Menfi လည်း တက်ရောက်ခဲ့သည်။ အခြားပါဝင်သူများမှာ အစိုးရအတိုက်အခံအဖြစ် သတ်မှတ်ခံထားရသော သြဇာကြီး သည့် အောက်လွှတ်တော်ဥက္ကဋ္ဌ Aguila Saleh နှင့် ဗဟိုကောင်စီဥက္ကဋ္ဌ Mohammed Takala တို့ဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းနှင့် လစ်ဗျားရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးမစ်ရှင်အား ပံ့ပိုးကူညီရန် ၎င်းညှိနှိုင်းရေးအဖွဲ့မှ တောင်းဆိုခဲ့သည်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက လစ်ဗျား၏ သမ္မတရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက် ပွဲများ ကျင်းပရန် ရည်ရွယ်ချက်အား ထောက်ခံအားပေးခဲ့သည်။
သို့သော်လည်း လေ့လာသူများက ယခုအချိန်အထိ ဤအဆင့်များသည် ကြေညာချက်များသာဖြစ်ကြောင်း ထောက်ပြကြသည်။ အိမ်နီးချင်း တူနီးရှားရှိ ဂျာမန် Friedrich Ebert ဖောင်ဒေးရှင်း၏ လစ်ဗျားရုံးအကြီးအကဲ Salam Said က "စစ်မှန်သော အောင်မြင်မှုများ အပေါ် သံသယဝင်မိပါကြောင်း၊ ၂၀၂၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့သည် ညီညွတ်သည့်အစိုးရတောင်မှ စီစဉ်ထားပြီးသား ရွေးကောက်ပွဲများကို ကျင်းပဖို့ အောင်မြင်မှုမရခဲ့ကြောင်း” ပြောသည်။
၎င်း၏ အမြင်အရ ပြည်နယ်နှင့် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားပြုသူများသည် သီအိုရီအရ ညီညွတ်သော အစိုးရ တစ်ရပ်ပေါ်ပေါက်ဖို့ မျှော်မှန်းကြသည်။ သို့သော် လက်တွေ့တွင် ၎င်းတို့သည် မူလရရှိပြီးသား ၎င်းတို့၏ ရာထူး များကို ထိခိုက်စေနိုင်သောကြောင့် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲတွေကို လေးနက်စွာ စိတ်ဝင်စားမှုမရှိကြောင်း သုံးသပ်ကြသည်။
လစ်ဗျားပြည်သူများသည် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှစ၍ ရွေးကောက်ပွဲများအပေါ် စိတ်ပျက် အားလျော့နေကြ ပြီဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင်များသည်လည်း ပြည်သူ့အကျိုးထက် အာဏာရ ရေးကိုသာ အားထုတ်နေကြသည်။ စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ဆူဒန်တွင် ကမ္ဘာ့အကြီးဆုံး အိုးမဲ့အိမ်မဲ့ အကျပ်အတည်း ဆိုက်ရောက်ခဲ့ရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ဝ သန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ဂျာ၊ မာလီနှင့် ဘာကီနာဖာဆိုတို့တွင် အာဏာသိမ်းမှုများကြောင့် ဆူဒန်အကျပ်အတည်းသည် ပိုမိုဆိုးရွား လာခဲ့သည်။ လစ်ဗျားတွင် နိုင်ငံရေးအပြောင်းအလဲများကို ဆောင်ရွက်လိုသော်လည်း ယနေ့အထိ ရွေးကောက်ပွဲ ဥပဒေနှင့်ပတ်သက်၍ သဘောတူညီမှုမရကြသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် မူးယစ်ဆေးဝါးတရားမဝင်ရောင်းချမှုနှင့်ပတ်သက်ပြီး Meta ကုမ္ပဏီ စုံစမ်းစစ်ဆေးခံနေရ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ