Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ရေယာဉ်(၅)စီး တပ်တော်ဝင်ခဲ့ပြီး ရေယာဉ်ကိုယ်ထည်ဒီဇိုင်းများကို ကိုယ်ပျောက်နည်းပညာဖြင့်ပါ တည်ဆောက်နိုင်ပြီဟု တပ်မတော်(ရေ) ထုတ်ဖော်အသိပေး

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၅

စစ်ရေယာဉ်(၅)စီး တပ်တော်ဝင်ခဲ့ပြီး စစ်ရေယာဉ်ကိုယ်ထည်ဒီဇိုင်းများကို ကိုယ်ပျောက်နည်းပညာဖြင့်ပါ တည်ဆောက်နိုင်ပြီဖြစ်ကြောင်း တပ်မတော် (ရေ)က ထုတ်ဖော်အသိပေးထားသည်။

ရန်ကုန်မြို့၌ ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါကဲ့သို့ ထည့်သွင်းကာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

၎င်းအခမ်းအနားတွင် တပ်မတော်(ရေ)မှ ထုတ်လုပ်ထားသည့် အမြန်သွားကင်းလှည့်ရေယာဉ် (၂)စီး၊ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ် (၂)စီးနှင့် ရေသယ်ရေယာဉ်တစ်စီး တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။ ထိုသို့တပ်တော်ဝင်ခဲ့သော ရေယာဉ်များအနက် Super Dvora အမြန်သွားကင်းလှည့်ရေယာဉ်နှစ်စီးသည် ပြည်ပမှ နည်းပညာလွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ) မှ အင်ဂျင်နီယာများဖြင့် နည်းပညာမြင့်တည်ဆောက်ထားသည့် စစ်ရေယာဉ်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် အမြန်သွားကင်းလှည့်ရေယာဉ်သည် ရေမိုင် (၄ဝ) ကျော် မြန်နှုန်းမြင့်ခုတ်မောင်းနိုင်ပြီး ရန်သူ့ရေတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်နိုင်သည့် တာဝန်များကိုပါ ထမ်းဆောင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ်နှစ်စီးသည် တပ်မတော် (ရေ)အတွက် ပဉ္စမနှင့် ဆဋ္ဌမမြောက်ဖြစ်ကြောင်း သိရသည်။

၎င်းအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်ရန်အတွက် စစ်ရေယာဉ် အသင့်ဖြစ်မှု၊ လက်နက်နှင့် လက် နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုတို့ဖြင့် ပြည့်စုံရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ခြိမ်းခြောက်မှုများကို တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိရန် ဖရီးဂိတ်စစ်ရေယာဉ်မှအစ မြစ်တွင်းအမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်များကိုပါ အမျိုးအစားစုံလင်စွာ စီမံဆောင်ရွက်ပေးထားပြီး ရေယာဉ်ကိုယ်ထည်ဒီဇိုင်းများကိုလည်း ကိုယ်ပျောက်နည်း ပညာ(Stealth Technology) ဒီဇိုင်းအထိ အဆင့်ဆင့်ပြောင်းလဲခဲ့ကာ ကိုယ်တိုင်တည်ဆောက်လာနိုင်ပြီဖြစ်ကြောင်း ၎င်းက ထုတ်ဖော်အသိပေးထားသည်။

လက်ရှိတွင် တပ်မတော်(ရေ)၌ ရေငုပ်သင်္ဘောနှစ်စီး ပိုင်ဆိုင်ထားပြီး ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ်များကိုလည်း လက်ဝယ် ပိုင်ဆိုင်ထားကြောင်း သိရသည်။


zawgyi version










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ရေယာဉ်(၅)စီး တပ်တော်ဝင်ခဲ့ပြီး ရေယာဉ်ကိုယ်ထည်ဒီဇိုင်းများကို ကိုယ်ပျောက်နည်းပညာဖြင့်ပါ တည်ဆောက်နိုင်ပြီဟု တပ်မတော်(ရေ) ထုတ်ဖော်အသိပေး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved