အဖွားက မြေးကိုချီပြီးကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရကာ မြေးဖြစ်သူ (၂)နှစ်အရွယ်ကလေးငယ်မှာ ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - မတ် ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အဖွားက မြေးကိုချီပြီးကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရကာ မြေးဖြစ်သူ (၂)နှစ်အရွယ် ကလေးငယ်မှာ ပွဲချင်း ပြီးသေဆုံးသွားခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ယနေ့(မတ်လ ၁၃ ရက်)၊ နံနက် ၇နာရီခွဲအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေး အဝေးပြေးလမ်းမကြီးပေါ်၊ ဝယ်ကလီကျေးရွာ ကျောက်ခွဲစက်အနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကလေးကို ချီပြီး ကားလမ်းဖြတ်ကူးတာမှာဖြစ်တာပေါ့။ သူတို့က လမ်းရဲ့ ဘယ်ဘက်ခြမ်းကနေညာဘက်ကို ဖြတ်ကူးတာ။ အဲဒီအချိန်မှာ ကားကဝင်တိုက်ပြီး ကလေးကိုကြိတ်မိတာ။ ဝင်တိုက်တဲ့ကားက ထင်းတင်တဲ့ကားပါ။ ယူဆရတာတော့ ကားလမ်းတစ်ဖတ်ခြမ်းက ဈေးဆိုင်ကို သွားတာမှာ ဖြစ်တာ”ဟု စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၂)နှစ်အရွယ်ကလေးငယ်သည် ကားကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်း၏အဖွားဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကလေးက ခေါင်းကိုကြိတ်မိတဲ့ပုံစံပေါ့၊။ လူကြီးက ပွန်းပဲ့လောက်ပဲ။ ကလေးက (၂)နှစ်ဝန်းကျင် ယောက်ျားလေးပါ။ အရင်တုန်းက ဒီဘက်လမ်းမှာတော့ ခဏခဏဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။
သေဆုံးသူကလေးငယ်၏ အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူကို စေတ နာရှင်လူမှုကယ်ဆယ်ရေးအသင်းက သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားတွင် ငါးဖမ်းသင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၂)ဦးသေဆုံးကာ (၂၂)ဦးပျောက်ဆုံးနေ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း