ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏အကြံပြုပြောဆိုချက်ကို ယူကရိန်းအစိုးရ ငြင်းဆန်ပယ်ချ
Pika (NSS) – မတ် ၁၁
ယူကရိန်းအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်သင့်ကြောင်း အကြံပြုပြောဆိုခဲ့သည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပြောဆိုချက်များမှာ မှားယွင်းနေကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရီ ကူလီဘာက ထုတ်ဖော်ပြောဆိုခဲ့သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အလံဖြူ၏အရေးပါမှုအကြောင်းကို ပြောဆိုကာ ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရန် ယူကရိန်းကို တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီမစ်ထရီကူလီဘာ က "အလံဖြူနဲ့ပတ်သက်လာရင် ဗာတီကန်စီးတီးနိုင်ငံရဲ့နည်းဗျူဟာကို ကျွန်တော်တို့ သိပါတယ်" ဟု ပြောခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ပုပ်ရဟန်းမင်းကြီး Pius XII လိုက်နာခဲ့သော ကြားနေရေး မူဝါဒကို ဒီမစ်ထရီကူလီဘာက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အတိတ်ကအမှားများကို ရှောင်ကြဉ်ရန်နှင့် ယူကရိန်းနှင့် ၎င်း၏ပြည်သူများကို ထောက်ခံရန် ဗာတီကန် စီးတီးကို ဒီမစ်ထရီကူလီဘာက တိုက်တွန်းခဲ့ကြောင်း သိရသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဆွစ်ဇာလန် သတင်းဌာန RSI နှင့် အင်တာဗျူးအတွင်း ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ယူကရိန်းကို ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ပြောဆိုချက်များကို ယူကရိန်းသမ္မတဇီလန်စကီးကလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ ထို့အပြင် ယူကရိန်း၏ ထောက်ခံသူအချို့ကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ပြောဆိုချက်များကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။
လတ်ဗီးယားသမ္မတ Edgars Rinkevics က "မကောင်းမှုတွေနဲ့တွေ့ရင် အဲဒါကို တိုက်ခိုက်ပြီး အနိုင်ယူရမှာပါ။ အဲဒါ မှ မကောင်းမှုတွေက အလံဖြူပြပြီး အရှုံးပေးသွားမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အတွင်းမှာ ဓါတ်ငွေ့နဲ့အရင်းအမြစ်တွေ ထုတ်ယူမယ်လို့ ဖိလစ်ပိုင်အစိုးရပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ