နှစ်ပေါင်း ၈၂၀၀ သက်တမ်းရှိ ဂူပန်းချီကားများကို တောင်အမေရိကမှာ တွေ့ရှိ
ရောင်နီ (NSS) - မတ် ၉
အာဂျင်တီးနားနိုင်ငံ၊ ပါတာဂိုနီးယားမှာ နှစ်ပေါင်း ၈၂၀၀ ခန့်က ရေးသားခဲ့တဲ့ ဂူပန်းချီတွေကို ရှေးဟောင်းသုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ်လ ၈ ရက်က သတင်းတွေမှာ တွေ့ရှိရပါတယ်။
မြို့တော် ဘရူနိုအေးရိစ်ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၁၁၀၀ (၆၈၄ မိုင်)အကွာ နီကွမ်ပြည်နယ်မှာရှိတဲ့ ၆၃၀ စတုရန်းမီတာ (၆,၇၈၁ စတုရန်းပေ) ကျယ်ဝန်းတဲ့ Huenul 1 လှိုဏ်ဂူမှာ နှောင်းခေတ်လူတွေ ရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း ၈၉၅ ခုကို အာဂျင်တီးနားနဲ့ ချီလီရှေးဟောင်း သုတေသနပညာရှင်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မီးသွေးနဲ့ ရေးဆွဲထားတယ်လို့ယူဆရပြီး ၎င်းဟာ တောင်အမေရိကမှာတွေ့ရှိရသမျှ ဂူပန်းချီတွေထဲမှာ အစောဆုံးဖြစ်မယ်လို့ အဆိုပါတွေ့ရှိမှုအကြောင်း ရေးသားသူ ဒေါက် တာ ဂွာဒါလပ်ပ်ရိုမီရိုဗီလာနျူဗာက ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနား ရှေးဟောင်းသုတေသနပညာရှင်က အဆိုပါပန်းချီကားတွေဟာ နှစ်ပေါင်း ၈၀၀၀ ခန့်က စတင်ရေးသားခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရှာဖွေတွေ့ရှိမှုဟာ အကြမ်းဖျင်းအားဖြင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၇,၀၀၀ မှ ၅,၀၀၀ ကာလများအတွင်း အလယ်ပိုင်း Holocene မှာ နေထိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အနုပညာစွမ်းရည်နဲ့ ယဉ်ကျေးမှုကူးလူးဆက်ဆံမှုဆိုင်ရာ အထောက်အထားနဲ့ ရာသီဥတု အခြေအနေကို သက်သေပြနေတယ်လို့ ၎င်းတို့ကဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသကိုကူညီရန် ရေကြောင်းစင်္ကြံတည်ဆောက်မှုတွင် ဗြိတိန်က ပူးပေါင်းပါဝင်မည်
RELATED POSTS
08 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
08 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
07 Nov 2024 | ဗဟုသုတ,ပြည်တွင်း
01 Nov 2024 | ဗဟုသုတ,ပြည်တွင်း