Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဇာတ်ကောင်သစ်များနှင့်အတူ ဆင်နွှဲသွားမည့် ခေတ်သစ် စစ်အေးတိုက်ပွဲ (ဘာသာပြန်ဆောင်းပါး)

ALynn (NSS) - မတ် ၇ 

၂၀ ရာစု စစ်အေးတိုက်ပွဲသည် ကမ္ဘာ့ထိပ်တန်း ပင်လယ်ပိုင်နက်အကြီးဆုံးသူနှင့် ကုန်းမြေအစိုးရ သူတို့အကြား ပထဝီနိုင်ငံရေးထိပ်တိုက်တွေ့ဆုံမှု ကြီးဖြစ်ခဲ့သည်။ အဆိုပါ ဒွိဝင်ရိုးအခင်းအ ကျင်းတွင် ကမ္ဘာကြီးကို စိုးမိုးခြယ်လှယ်နိုင်ရေးအတွက် ပင်လယ် ပိုင်နက်အများစုကိုအစိုးရသော အမေရိကန်နှင့် ယူရေးရှ ကုန်း မြေပါဝါကို ပိုင်ဆိုင်ထားသော ဆိုဗီယက်တို့အကြား အားပြိုင်မှုကြီးပင်ဖြစ်သည်။ 

နေတိုး နှင့် ဝါဆောအကြား ရန်လိုမှုများနှင့်အတူ ဥရောပသည် အမေရိကန်နှင့် ဆိုဗီယက်တို့၏အားပြိုင်ရာ ဗဟိုချက်မဖြစ်ခဲ့ပြီး တတိယကမ္ဘာ့နိုင်ငံများကမူကြား ခံပဋိပက္ခများနှင့်အတူ ၎င်းတို့၏ လွှမ်းမိုးခြယ်လှယ် ခံများဖြစ်ခဲ့သည်။ စီအိုင်အေနှင့်ကေဂျီဘီ၏ ကြိုးကိုင်စီမံမှုဖြင့်သူလျှိုလုပ်ခြင်း၊ သံတမန်ရေးရာလျှို့ဝှက် ကြံစည်ခြင်း၊လုပ်ကြံသတ်ဖြတ်ခြင်းများအပြင် အရှေ့ အလယ်ပိုင်း၊အာဖရိက၊အာရှ၊လက်တင်အမေရိကနှင့် ကာရေဘီယန်ဒေသတို့တွင် လက်နက်ကိုင်စစ်သွေးကြွများ၊ ပြည်တွင်းစစ်များကို ဖန်တီးခဲ့ကြသည်။ ထိုကဲ့သို့ စူပါပါဝါနှစ်နိုင်ငံအကြားပြိုင်ဆိုင်မှုသည် ကမ္ဘာအနှံ့အပြား ဆုတ်ယုတ်မှုများ၊တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အနေအထားများကိုသာ သက်ရောက်စေခဲ့သည်။ 

 စစ်အေးလွန်ကာလကိုမူ ဧကဝင်ရိုးကမ္ဘာဟု ယူဆကြပြီး အမေရိကန်တစ်နိုင်ငံတည်း၏ ကြီးစိုးမှုအောက်တွင် လစ်ဘရယ်ဒီမိုကရေစီ၊ဈေးကွက်စနစ် နှင့် လူ့အခွင့်အရေးအယူအဆများ ကျယ်ကျယ်ပြန့် ပြန့် ထွန်းကား လာလိမ့်မည်ဟု ပညာရှင်များက မျှော် မှန်းခဲ့ကြသည်။ သို့သော် ပရမ်းပတာနှင့် မင်းမဲ့ဆန်မှုများ၊ နာတာ ရှည်စစ်ပွဲများ၊ အကြမ်းဖက်မှုများဖြင့် ကမ္ဘာကြီးကတည်ငြိမ်အေးချမ်းမှုတို့ ပျောက်ဆုံးဆဲပင်ဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံတည်းကပဲ ကြီးစိုးနေသည့် ပိုနေမြဲကျားနေမြဲအခြေအနေထက်စာလျှင် အင်အားကြီး နိုင်ငံသစ်များ ပေါ်ပေါက်ရေး အယူအဆများ ကြီးစိုးလာခဲ့သည်။ သို့ဖြစ်၍ ယနေ့ခေတ်သည် တဖြည်း ဖြည်း ဗဟုဝင်ရိုးကမ္ဘာဆီ တက်လှမ်းလျက်ရှိ နေပြီး အနာဂတ်တွင် ကမ္ဘာအားမျှခြေ ချိန်ခွင်လျှာ အပြောင်းအလဲဖြစ် စေမည့် အခြေအနေသုံးရပ်ရှိနေသည်။ 


ဆိုဗီယက်ခေတ်လွန် ရုရှား

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားခြင်းကြောင့် ရုရှားကို ဥရောပ၏ ဗဟိုချက်မကို ကာကွယ်နိုင်မည့် ကြားခံဇုန် ပျောက်ဆုံးသွားစေသည်။ ယူဂိုဆလားဗီးယားပြိုကွဲခြင်း၊ နေတိုး၏အရှေ့ဘက်ဆီသို့ ချဲ့ထွင်လာခြင်း၊ အမေရိကန်နှင့် နေတိုးတို့၏ ကြိုးကိုင်ခြယ် လှယ်မှုဖြင့် “အရောင်တော်လှန်ရေးများ”ပေါ်ပေါက်လာခြင်းတို့သည် ဆိုဗီယက်ခေတ်လွန် ရုရှားအတွက် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည့်အသွင် ဆောင်လာခဲ့သည်။ ထိုခြိမ်းခြောက်မှုများကို ရုရှားက စစ်အင်အားသုံး၍ တုံ့ပြန်မှုများဆောင်ရွက်ခဲ့သည်။ ယင်းတို့တွင် ဂျော်ဂျီယာ၊ ကာဇက်စတန်၊ ယူကရိန်း တို့၌ စစ်အင်အားသုံးခြင်းများအပြင် နျူကလီးယား အင်အားပြသခြင်းနှင့် ပေါင်းစပ် စစ်ပွဲတို့အထိ ပါဝင် နေသည်။ ရုရှားသည် အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာအောင် စွမ်းဆောင်နေသော်လည်း ၎င်း၏ ရည်မှန်းချက်များမှာ အကန့်အ သတ်ဖြင့်သာရှိခဲ့သည်။ ရုရှားသည် အရှေ့ဥရောပ၊ ဘော့လ်တစ်၊ ကော့ကေးဆပ်နှင့် ဗဟိုအာရှတို့တွင် လွှမ်းမိုးကြီးစိုးနိုင်ရန် အားထုတ်ခဲ့သော်လည်း အမေရိကန်နှင့် နေတိုးတို့၏ လွှမ်းမိုးနိုင်စွမ်းကို တန်ပြန်ရန်မူ မစွမ်းသာခဲ့ပါ။ ထို့ပြင် ရုရှား၏ ဖွံ့ဖြိုးတိုး တက်မှုပုံစံ၊ စံနှုန်းများ၊ ယဉ်ကျေးမှု နှင့် အယူအဆများသည် ခေတ်သစ်ကမ္ဘာ့စံချိန်များနှင့် လိုက်လျောညီထွေမှုမရှိဘဲ ဖြစ်နေသည်။ ဤတွင် အနောက်အုပ်စု၏ အယူအဆများကမူ ကမ္ဘာတစ်ဝန်း ကို ဖြန့်ကြက်နိုင်သည်အထိ အားကောင်းနေပါသည်။

 မျက်မှောက်ခေတ်တွင် ရုရှားက ယူကရိန်း၏ မဟာဗျူဟာကျ အရေးပါမှုကို ဖယ်ရှားဖို့အတွက် ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားလျက်ရှိသော စစ်ပွဲကြီးသည် ရုရှား၏ အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်နေသည်။ အမေရိကန်တို့အတွက်မူ ထိုစစ်ပွဲသည် ရုရှားကို အားနည်းယုတ်လျော့စေဖို့ အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့ပြီး ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ရုရှားကိုအလဲထိုးဖို့ ကြိုးပမ်းခဲ့ ကြသည်။ သို့သော် ပဋိပက္ခ၏ ရလဒ်သည် ယူကရိန်း ကို ရုရှား၏ လက်အောက်ခံအဖြစ်ရပ်တည်မလား သို့မဟုတ် အပြိုလဲခံမလားဟူသည့် အခြေအနေမျိုးကိုသာ ဦးတည်နေပြီး အဆုံးသတ်မည့် အနေအထားလည်း မရှိချေ။ ရုရှား၏ သယံဇာတကြွယ်ဝမှု၊ ဖျက်အား ပြင်းလက်နက်များ၊ နည်းပညာနှင့် ထောက်လှမ်းရေး ကျွမ်းကျင်မှုများသည် အမေရိကန်အတွက် စိန်ခေါ်မှု တစ်ခုဖြစ်လာသည်။ ထို့ပြင် ရုရှားသည် ဥရောပ၏ Rimland ကို ကာကွယ်နိုင်ရေး အမေရိကန်နှင့် အနောက်အုပ်စုကို အစွမ်းကုန် တားဆီးတုံ့ပြန်သွားမည့်အနေအထားတွင် ရှိနေသည့်အတွက် မျက်မှောက်ခေတ်စစ်အေးတိုက်ပွဲတွင် အလားအလာရှိသည့် ဇာတ်ကောင်ဖြစ်လာနိုင်သည်။


အရှေ့အလယ်ပိုင်းဒေသအတွင်း အင်အားကြီးထွား လာသော အီရန်

အရှေ့အလယ်ပိုင်းသည် ကုန်သွယ်ရေးလမ်း ကြောင်းနှင့် နယ်ချဲ့တို့ ကျက်စားရာဒေသ ဖြစ်ခဲ့သည့် အတွက် အင်အားကြီးနိုင်ငံများ မျက်စိကျရာအချက်အချာလည်းဖြစ်သည်။ ထို့ပြင် ဒေသတွင်း အင်အား တောင့်တင်း သော နိုင်ငံများကလည်း ၎င်းတို့၏ အာဏာကို ဖြန့်ကြက်ရန် ကြိုးပမ်းလျက်ရှိကြသည်။ ယခု အီရန်တစ်ဖြစ်လဲ ပါရှားသည် ဂရိ၊ ရောမနှင့် ဘိုင်ဇန်တိုင်းတို့ကို တိုက်ခိုက်၍ နယ်မြေချဲ့ထွင် ဩဇာလွှမ်းမိုးခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ဥရောပအင်ပါယာ ကြီးထွားလာခြင်းနှင့်အတူ ပြည် တွင်းရေးပြဿနာများကြောင့် ပါရှားသည် ထင်သလောက် အရေးမပါတော့ချေ။ အထူးသဖြင့် ယူကေနှင့်ရုရှားတို့၏ အရှေ့အာရှစင်္ကြံလမ်းများအပေါ် ပထဝီနိုင်ငံရေးအရကြီးစိုးရန် ကြိုးပမ်းသည့် ကစားပွဲများတွင် အီရန်က အရာမရောက်ခဲ့ချေ။ ၂၀ ရာစုတွင် အီရန်သည် ခေတ်နောက်ကျကျန်ခဲ့ပြီး ရေနံကြွယ်ဝမှုကသာ ၎င်းကိုတောင့်ခံပေးထားနိုင်ခဲ့သည်။ ပြည်သူကြိုက် ဝန်ကြီးချုပ် မိုဟာမက်မိုဆာဒေးကို စီအိုင်အေက ဖြုတ်ချခဲ့ပြီးနောက် အမေရိကန်အပေါ် အီရန် ပြည်သူများ မနှစ်မြို့ကြပေ။ ထို့နောက်ပိုင်းမှစ၍ အီရန်သည် အမေရိကန်တို့ ကျော ထောက်နောက်ခံပြုထားသည့် တူရကီ၊ အစ္စရေးတို့နှင့် ပခုံးချင်းယှဉ်နိုင်အောင် ကြိုးပမ်းလာခဲ့ပြီး ဒေသတွင်းလွှမ်းမိုးမှုရရှိအောင်စွမ်းဆောင်ခဲ့သည်။ အီရန်-အီရတ်စစ်ပွဲမှစ၍ ဖရိုဖရဲအခြေအနေကိုပင် အီရန်သည် ဒေသတွင်းခြယ်လှယ်ဖို့ အခွင့်အလမ်းအဖြစ် အသုံးချနိုင်ခဲ့သည်။ 

    ထိုအခွင့်အလမ်းမှတစ်ဆင့် ရှီယိုက်မွတ်စလင်တို့၏ လွှမ်းမိုးမှုကျယ်ပြန့်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ အထူးသဖြင့် ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်၊ ဟူသီကဲ့သို့ စစ်သွေးကြွများ၏ ပံ့ပိုးမှုဖြင့် ဟောမုတ်ဇ်ရေလက် ကြားမှ ဖြတ်သန်းသွားလာလျက်ရှိသော ပင်လယ် ရေကြောင်းကို ပိတ်ဆို့ခြင်းဖြင့်လည်းကောင်း၊ ၎င်း၏ ရေကြောင်း တပ်ဖွဲ့ Quds force ၏ စစ်ဆင်ရေးများဖြင့်လည်းကောင်း၊ Levant၊ မက်ဆိုပိုတေးမီးယား၊ ပါရှန်ပင်လယ် ကွေ့နှင့် ဗဟိုအာရှတို့တွင် ၎င်း၏ ဩဇာကိုဖြန့်ကြက်တည် ဆောက်နိုင်ခဲ့သည်။ ထို့ပြင် အမေရိကန်၏ အရှေ့အလယ်ပိုင်းမူဝါဒထဲတွင် ရှိနေသည့် ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့ကိုလည်း ခြိမ်းခြောက်လာခဲ့ပြီး ဒေသတွင်း အမေရိကန်မုန်းတီးရေးကို မီးစထိုးပေးခဲ့သည်။ ယနေ့ခေတ်တွင် ဖြစ်ပွားလျက်ရှိသော အစ္စရေး-ဟားမတ်စ်စစ်ပွဲတွင် အစ္စရေးကို အထောက်အပံ့ပေးခြင်းဖြင့် အမေရိကန်၏ပါဝင်ပတ်သက်မှုသည် ၎င်း၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေပါသည်။ ထို့ပြင် အစ္စရေး-ဟားမတ်စ်စစ်ပွဲ၏ ရိုက်ခတ်မှုသည် အာရပ်ကမ္ဘာကိုပါ တုန်လှုပ်လာစေပြီး အီရန်အတွက် အကျိုးအမြတ်မှာမူ ၎င်း၏ ရန်သူများကို အားနည်းယုတ်လျော့စေဖို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ပါသည်။ ဤသို့ဖြင့် အရှေ့ အလယ်ပိုင်းရှိ အီရန်၏ အင်အားကြီးထွားလာမှုသည် ကမ္ဘာ့အခင်းအကျင်းကိုပါ အပြောင်းအလဲဖြစ်စေနိုင်ပြီး ခေတ်သစ်စစ်အေးတိုက်ပွဲတွင် ပါဝင်လာနိုင်သည့် အင်အားစုတစ်ရပ်လည်းဖြစ်လာနိုင်သည်။     

   

အင်ဒိုပစိဖိတ်ဒေသနှင့်အတူ တရုတ်

  တရုတ်သည် ၎င်း၏ကြွယ်ဝချမ်းသာမှု၊ ထွန်းကားသော ယဉ်ကျေးမှု၊ ဆန်းသစ်တီထွင်မှုများ ကြောင့် နှစ်ပေါင်းများစွာတိုင် သမိုင်းဝင်ကျော်ကြားသော အင်ပါယာနိုင်ငံဖြစ်ခဲ့သည်။ ၎င်းသည် အရှေ့ ဖျားဒေသ၊ ဗဟိုအာရှနှင့် အင်ဒိုချိုင်းနားတို့ကို လွှမ်းမိုး နိုင်ခဲ့သည်။ သို့သော် ၁၉ ရာစုနှင့် ၂၀ ရာစုများတွင် ဗြိတိန်၊ ဂျပန်နှင့် ရုရှားတို့၏ စွက်ဖက်မှုဖြင့် ပြည်တွင်း မငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တန့်နေခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ မဟာခုန်ပျံကျော်လွှားစီမံကိန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေးများက တရုတ်အတွက် အဆိုးရွားဆုံးရလဒ်များ ကိုသာ ဦးတည်စေသည်။ ထို့နောက် ၈၀ ခုနှစ်များရောက်မှ တိန့်ရှောင်ဖိန်၏ လက်တွေ့ကျသောပြုပြင် ပြောင်းလဲမှုများဖြင့် တရုတ် က နာလန်ထနိုင်ခဲ့သည်။ 

 ဂျာမန်ပညာရှင် ဗိုလ်ချုပ် Karl Haushofer က အင်ဒိုပစိဖိတ်ဒေသသည် ကမ္ဘာ့ပထဝီနိုင်ငံရေး အတွက် အချက်အချာဆွဲငင်အားတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စစ်အေးကာလအတွင်း ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့တောင်အာရှရှိ စစ်ရေးပဋိပက္ခများမှတစ်ဆင့် အမေရိကန်သည် အာရှ  Rimland   နိုင်ငံများဖြစ်သည့် ဂျပန်၊ ဖိလစ်ပိုင်၊ တောင် ကိုရီးယားနှင့် ထိုင်းတို့တွင် ခြေကုပ်ရယူလာနိုင်ခဲ့သည်။ ထို့ပြင် တရုတ်-ဆိုဗီယက်အကွဲအပြဲနောက်ပိုင်း ဟင်နရီကင်ဆင်ဂျာနှင့် ချူအင်လိုင်းတို့၏ ကြိုးကိုင်မှုဖြင့် တရုတ်နှင့် အမေရိကန်အကြား အစေးကပ်ခဲ့သည်။ ထို့နောက် အရင်းရှင်စီးပွားရေးစနစ်ကို စတင်ခဲ့သည့်အတွက် တရုတ်၏ စက်မှုကဏ္ဍ၊ နည်းပညာဆန်းသစ်မှု၊ ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးတို့တွင် များစွာဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ဤသို့ဖြင့် တရုတ်သည် ကုန်ထုတ်စွမ်းအားစုမြင့်မားစွာဖြင့် ကမ္ဘာ့ဈေးကွက်၏ လိုအပ်ချက်များကို ဖြည့်တင်းနိုင် လာပြီး  GDP  ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်လာခဲ့သည်။ 

ထိုကဲ့သို့ အမေရိကန်နှင့် ပခုံးချင်းယှဉ်လာနိုင်သောတရုတ်သည် အာရှဒေသတွင်းတွင် ဩဇာဖြန့်ကျက်နိုင် ရန်ကြိုးပမ်းလာခဲ့သည်။ သို့သော် တရုတ် သည် စစ်အင်အားကို အသုံးမပြုဘဲ စီးပွားရေးဖြင့်သာ ခြယ်လှယ်နိုင်ရန်ဆောင်ရွက်ခဲ့သည်။ BRI နှင့် RECP ကဲ့သို့ စီမံကိန်းများဖြင့်သာ တစ်ကမ္ဘာလုံးကို ဖြန့် ကျက်နိုင်ရန် ရည်ရွယ်ခဲ့သည်။ ထို့ပြင် တရုတ်သည် ထိပ်တိုက်တွေ့ဆုံမှုများအတွက်လည်း စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။ အမေရိ ကန်သည် တရုတ်တို့ ပင်လယ်ရေကြောင်း လွှမ်းမိုးမှုမရှိ စေရေး နိုင်ငံတကာရေကြောင်းလမ်းများတွင် Five Eyes, AUKUS နှင့်  Quad ကဲ့သို့ မဟာမိတ်များ နှင့်အတူ ကြီးစိုးထားပါသည်။ 

 အာရှဒေသတွင်းတွင် အင်အားကြီးနိုင်ငံများက ခြယ်လှယ်ရန်ကြိုးပမ်းအားထုတ်မှုများကြောင့် တင်းမာမှု များရှိနေသော်လည်း မျဉ်းနီကိုမကျော်သေးသည့်အတွက် ထိပ်တိုက်တွေ့ ဆုံမှုများအထိတော့ အရှိန်မလွန် သေးပါ။ တရုတ်-အိန္ဒိယ နယ်စပ်တင်းမာမှု၊ မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှုများ၊ ဂျပန်၏ စစ်အင်အားပြန်လည် တည်ဆောက်မှု၊ အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲနှင့် တောင်တရုတ်ပင်လယ်ပြင် အတွင်းရေပိုင်နက်အငြင်းပွားမှုများက ဒေသတွင်းအားပြိုင်မှုများ၏ ပုံရိပ်များပင်ဖြစ်သည်။ ဤအခြေအနေတွင် ကြီးထွားလာသော တရုတ်နှင့် ပါဝါလျော့ကျလာသော အမေရိကန်တို့အကြား အန္တရာယ်ဖြစ်ဖွယ်အနေအထားကို ဦးတည်မသွားဖို့သာ မျှော်လင့်ရပါသည်။ ထို့ကြောင့် တရုတ်နှင့် အမေရိကန်တို့ အနေဖြင့် Thucydides’ Trap ကို ရှောင်လွှဲနိုင်မည် လား စောင့်ကြည့်ရဦး မည်ဖြစ်သည်။ 

စစ်အေးတိုက်ပွဲ ဗားရှင်း ၂.ဝ သည် ယခင်နှင့်မတူ  ဒွိဝင်ရိုးပုံစံမဟုတ်တော့ဘဲ ဗဟုကမ္ဘာပုံစံ ဖန်တီးမည့် အင်အားစုအသစ်များပါဝင်လာမည် ဖြစ်သည်။ ခေတ်သစ်စစ်အေးတိုက်ပွဲကို ဆင်နွှဲမည့်နိုင်ငံများမှာ တရုတ်၊ ရုရှားနှင့် အီရန်တို့ဖြစ်ပြီး ကမ္ဘာ့အခင်းအကျင်းအလှည့်အပြောင်းအတွက် မဟာဗျူဟာမြောက်မိတ်ဖက် နိုင်ငံများလည်း ဖြစ်လာမည်ဖြစ်သည်။ ယင်းသုံးနိုင်ငံသည် အမေရိကန်၏ ဩဇာကို စိန်ခေါ်သွားမည်ဖြစ်ပြီး ခေတ်သစ်စစ်အေးတိုက်ပွဲ၏ ရလဒ်များကို မူခန့်မှန်းရခက်နေပါသေးသည်။ လက်ရှိ ယှဉ်ပြိုင်မှုတွင် ဇာတ်ကောင်များ များပြားလာသလို နျူကလီးယားအန္တရာယ်များ၊ ပါဝါပြကွက်များဖြင့် ရောယှက် လျက်ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ ဇာတ်ကောင်သစ်များနှင့် ဆင်နွှဲသွားမည့် ခေတ်သစ်စစ်အေးတိုက် ပွဲသည် ကမ္ဘာကြီးကို ဟန်ချက်ညီညီ ထိန်းကျောင်းသွားနိုင်မည်လားကို စောင့်ကြည့်သွားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်စစ်တပ်၏အသုံးစရိတ်များကို ယူကရိန်းသို့ပေးပို့ရန် သမ္မတဂျိုးဘိုင်ဒန်က စဉ်းစားနေကြောင်း ဘလွန်းဘတ် ဖော်ပြ

RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved