Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
AA ၏ တိုက်ပွဲနည်းဗျူဟာနှင့် ကုလသမဂ္ဂအစီရင်ခံစာ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - မတ် ၆

ဒီအတိုင်း ငုတ်တုပ်ထိုင်အသတ်ခံနေမယ့်အစား လက်နက်ကိုင်ဆောင်ပြီး စစ်အစိုးရကို ရှေ့တန်းမှာ တိုက်ခိုက်ဖို့ ရက္ခိုင့်တပ် (AA) နဲ့ အတူ ပူးပေါင်းသင့်တယ်လို့ ဘင်္ဂါလီလူငယ်များက စိတ်ကူးနေပါတယ်။ အဲဒီသဘောထားဟာ ဘင်္ဂါလီလူ့အဖွဲ့အစည်းအတွင်း AA တပ်များ ဝင်ရောက်လာမှုကို တားဆီးရန် ဘူးသီးတောင် နဲ့ စစ်တွေမြို့နယ်များရှိ ဘင်္ဂါလီကျေးရွာနေ အမျိုးသားများကို (စစ်သင်တန်း) ပေးဖို့ ဖေဖော်ဝါရီ ၁၆ ရက်မှာ မြန်မာစစ်တပ်က ကျေးရွာ ခေါင်းဆောင်များထံ ကမ်းလှမ်းကြောင်း၊ AA တို့ရဲ့လတ်တလော ဗျူဟာမြောက်အောင်ပွဲတွေဟာ တပ်မတော် အတွက် ခေါင်းခဲစရာဖြစ်လာပြီး ပဋိပက္ခများ ပိုမိုရှုတ်ထွေးလာတော့မှာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီး နောက် ရခိုင်မြောက်ပိုင်းဘင်္ဂါလီတို့အကြား ပျံ့နှံ့လာခြင်းဖြစ်တယ်လို့ “ရှေဖာ_ရာမန်” က ဒါကာထရိုင်ဗြွန်း သတင်းစာမှာ ယမန်နေ့ ရေးသားပါတယ်။


လန်ဒန်အခြေစိုက် ဘင်္ဂါင်္လီလူမျိုး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ရှေဖာရာမန်က ဆက်လက်ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နစကအစိုးရရဲ့စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းခြင်းနောက် ထပ်ချပ်မကွာ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းကိစ္စကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှု သိသိသာသာတိုးမြင့်လာကြောင်း၊ ဥပဒေအရ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသား များနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးတို့အနေနဲ့ စစ်မှုထမ်းရန် အရည်အချင်းပြည့်မီနေတယ်လို့ ဆိုလိုရာ ရောက်ပါတယ်။

စစ်ဘက်အကျိုးစီးပွားအတွက် အရပ်သားများအပေါ် တမင်ရည်ရွယ်ခြယ်လှယ်ခြင်းဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနဲ့ လူ့အခွင့်အရေးမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်ပါတယ်။ AA လုပ်ဆောင်ချက်တွေဟာ ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီအသိုက်အဝန်းအတွက် ကြီးမားတဲ့ဒုက္ခနဲ့ ဆုံးရှုံးနစ်နာမှု များဖြစ်စေခဲ့ပြီး သူတို့ရဲ့မရေရာဖြစ်နှင့်ပြီး အခြေအနေများကိုလည်း ပိုမိုဆိုးရွားစေခဲ့ပါတယ်။

တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံတကာအသိုက်အဝန်းတို့ အပါအဝင် မြန်မာနိုင်ငံ ပဋိပက္ခများမှာ ပါဝင်ပတ်သက်နေသူ အင်အားစုအားလုံးတို့အနေနဲ့ အရပ်သားများအပေါ် အကာအကွယ်ပေးရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေခံမူများကို လိုက်နာဖို့ အရေးကြီးပါတယ်။ လူသားဒိုင်းများအဖြစ် ၎င်း အရပ်သားများကို အန္တရာယ်ဖြစ်စေလောက်တဲ့ အခြားနည်းပရိယာယ်များကို အသုံးပြုခြင်းဟာ ဘယ်လို အခြေ အနေအချိန်အခါမျိုးမှာမဆို တရားမျှတမှု မရှိပါဘူး။

အဲဒီဖြစ်စဉ်ကြောင့် မိမိတို့ရဲ့ရပ်ရွာအခွင့်အရေးနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရာမှာ ရခိုင်မြောက်ပိုင်းနေ ဘင်္ဂါလီခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနဲ့ အဖွဲ့အစည်းများအားလုံးတို့အနေနဲ့ မိမိတို့ နှစ်မြှုပ်လုပ်ကိုင်နေတဲ့ ကတိကဝတ်များအတိုင်း လိုက်နာရန် အရေးကြီးပါတယ်။ ဒီနေရာမှာ (ပုဂ္ဂလိက) ဆက်စပ်မှု (သို့မဟုတ်) နိုင်ငံရေးစေ့ဆော်မှုတို့ မပါဝင်ဘဲ လုပ်ဆောင်ချက်အားတိုင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သက်ဆိုင်သူများအဖြစ် ပါဝင်ရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြောင်းလဲဖြစ်ပေါ်လာသည်နှင့်အမျှ ရခိုင်မြောက်ပိုင်း ဘင်္ဂါလီများ အပါအဝင် လူအားလုံးတို့ရဲ့ ရပိုင်ခွင့်နဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ ဖြေရှင်းရေးကို သက်ဆိုင်သူအားလုံးတို့အနေနဲ့ မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေး မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှသာလျှင် မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဥရောပရိုဟင်ဂျာဆိုသူများ ကောင်စီမှ ဒေါက်တာ_ပရာဗီး_အမ်မီယာက AA နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို အလေးထားပြီး ရိုဟင်ဂျာအခွင့်အရေတိုက်ပွဲ မှာ အလားအလာရှိတဲ့ မဟာမိတ်အဖြစ် သဘောထားပါတယ်။ 

ဒီနေရာမှာ ဒေါက်တာ ပရာဗီး၊ နေဆန်းလွင်၊ ထွန်းခင်တို့လို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်ဟာ AA ရဲ့လုပ်ရပ်နဲ့ ခံယူချက်အတွေးအခေါ်ကြောင့် ဖြစ်ပေါ်လာတဲ့အန္တရာယ်များကို မီးမောင်းထိုးပြ ပြီး သံသယကြီးစွာ ဝေဖန်မှုများနဲ့ အတိအလင်း ကွဲလွဲနေပါတယ်။ ဘင်္ဂါလီအသိုင်းအဝန်းအကြား စည်းလုံး ညီညွတ်မှုတည်ဆောက်ဖို့အတွက် AA၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် သက်ဆိုင်သူ အသီးသီးတို့နဲ့ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ အဲ့ဒီနည်းလမ်းသည်သာ ရခိုင်ပြည်နယ်အတွင်း ရှုပ်ထွေး လှတဲ့ အရွေ့များကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုအဖြစ် ဒေါက်တာ ပရာဗီးတို့က ရှု့မြင်ပါတယ်။ 


ရှုပ်ထွေးမှုများကြောင့် စိုးရိမ်ထိတ်လန့်နေကြတဲ့ နေဆန်းလွင်၊ ရေဇာအူဒင်နဲ့ ထွန်းခင်တို့လို့ ထင်ရှားတဲ့ ရိုဟင်ဂျာဆိုသူ ပုဂ္ဂိုလ်များကတော့ ဖေဖော်ဝါရီ ၁၉ ရက် Facebook တိုက်ရိုက်အစည်းအဝေးမှာ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ် နစကရဲ့ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူမပြုရန် အရေးကြီးကြောင်း၊ စစ်တပ်ရဲ့ ဖိနှိပ်မှုနည်းပရိယာယ်ကို ဆန့်ကျင်ပြီး ရခိုင်မြောက်ပိုင်း ဘင်္ဂါလီတို့အနေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ရန် လိုအပ်ကြောင်း၊ ဘင်္ဂါလီများ ရင်ဆိုင်နေရတဲ့ သမိုင်းဝင် မတရားမှုတွေကို ပြန်ပြောင်းပြောပြပြီး တခြား တိုင်းရင်းသားများ၊ အထူးသဖြင့် ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ လိုအပ်ကြောင်း မီးမောင်းထိုး ပြခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ အပြောင်းအလဲဖြစ်စေနိုင်တဲ့ စစ်ဘက်ဆိုင်ရာအင်အားကို ခွဲခြမ်းစိတ်ဖြာပြီး တပ်မတော်ရဲ့ သြဇာအာဏာကျဆင်းလာမှု၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အမျိုးသားရေးခုခံမှု ကျယ်ပြန့်လာပုံတို့ ကို ဆွေးနွေးခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ဗျူဟာမှာ အာဏာချုပ်ကိုင်မှု အားနည်းသွားခြင်းကို ရှောင်လွှဲဖို့အတွက် ဘာသာရေးနဲ့ လူမျိုးစုများအကြား တင်းမာမှုများ တိုးမြင့်လာစေရန် ဖန်တီးနိုင်တဲ့ကိစ္စများလည်း ပါဝင်ပါတယ်။

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း AA ရဲ့ လုပ်ရပ်များကို ပြန်ပြောင်း စေ့ငုတဲ့အခါ ဇာတ်ကြောင်းဟာ ရှုပ် ထွေးသွားပါတယ်။ ရခိုင်မြောက်ပိုင်း ဘင်္ဂါလီများကို အတင်းအဓမ္မ လူစုဆောင်းမယ့် တပ်မတော်ရဲ့ မဟာဗျူဟာနဲ့ ဆက်စပ်ဆိုးရွားတဲ့အန္တရာယ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားရာဒေသများမှာ လူသားဒိုင်းများ အဖြစ် အသုံးပြုဖွယ်အလားအလာများကို သတိပေးကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဘင်္ဂါလီကျေးရွာတွေ ကို လူသားဒိုင်းများအလားတူ ဆက်လက်အသုံးပြူနေကြောင်း စွပ်စွဲခြင်းခံထားရတဲ့ AA နဲ့ ပတ်သက်ပြီးတော့ ရေငုံ နှုတ်ပိတ်လုပ်နေကြပါတယ်။ နှစ်ဖက်လုံးအပေါ် ရှုတ်ရှုံ့ချသင့်တဲ့အတွက် သူတို့ရဲ့သမာသမတ်ကျမှုနှင့် ပတ်သက် ပြီး မေးခွန်းထုတ်စရာ ကောင်းလှပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်း AA ရဲ့ နည်းဗျူဟာတွေဟာ အထူးသဖြင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ဘင်္ဂါလီကျေးရွာများအတွက် ဆိုးရွားတဲ့ အကျိုးဆက်များ ဖြစ်ပေါ် စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄- ခုနှစ် ဇန်နဝါရီလနှောင်းပိုင်း AA တိုက်ခိုက်ရေးသမားတွေဟာ မြန်မာ စစ်စခန်းအပေါ် ဗျူဟာမြောက် အသာစီးရစေရန်ရည်ရွယ်ပြီး ဖုန်ညိုလိပ် ဘင်္ဂါလီကျေးရွာအနီး တမင်နေရာယူခဲ့ပါတယ်။

AA ရဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်ထိုးစစ်များ အပါအဝင် ပြင်းထန်စွာ တုံ့ပြန်ဖို့ ဖြစ်လာတဲ့အခါ အရပ်သားများ သေဆုံးမှု၊ အိုးအိမ်များ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါ ကျေးရွာများကို လူသားဒိုင်းအဖြစ် ထိရောက်စွာ အသုံးပြုဖို့ အတွက် AA ရောက်ရှိနေခြင်းခြင်းဟာ ကြေကွဲဖွယ်ရလဒ်များကို ဖြစ်ပေါ်စေပြီး ဘင်္ဂါလီအရပ်သား တစ်ဒါဇင်ကျော် သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရရှိကာ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ နေဆန်းလွင်ရဲ့ လူမှုကွန်ရက်မှာ အဲဒီလိုဖြစ်ရပ်ပေါင်းများစွာကို ဖော်ပြထားပါတယ်။ ထူးဆန်းစွာပင် ပြောရေးဆိုခွင့်ရှိသူ သုံးဦးစလုံး ဟာ အဲဒီဖြစ်ရပ်များကို ပြန်လည်ရည်ညွှန်းဖို့ အားလုံးက လက်ရှောင်နေခဲ့ပါတယ်၊ နေဆန်းလွင် ကိုယ်တိုင် မြန်မာ စစ်တပ်က အသုံးပြုဖွယ် “လူသားဒိုင်း” နည်းပရိယာယ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပေမယ့် AA က လုပ်ဆောင်နေတဲ့ အလားတူနည်းဗျူဟာက ရည်ညွှန်းခြင်း မရှိပါဘူး။ ဒီအကြောင်း မှတ်ချက်ပေးရန် သူတို့နှစ်ဦးကို မေတ္တာရပ်ခံခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့မကြာသေးမီက BBC အင်တာဗျူးအရ မြန်မာနိုင်ငံ ရိုဟင်ဂျာဆိုသူများ အသိုင်းအဝန်းနဲ့ ပတ်ဝန်းကျင် အခြေအနေတွေက ပိုမိုရှုပ်ထွေးလာခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများရဲ့သမိုင်း၊ အထောက်အထားနဲ့သူတို့ရဲ့မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်ပုံများအတွက် ထွန်းမြတ်နိုင်ရဲ့ မှတ်ချက်တွေဟာ အငြင်းပွားဖွယ်ရာများကို မီးထိုးပေးခဲ့ပါတယ်။

“သမိုင်းဆိုင်ရာဖန်တီးမှုများနဲ့ ဇာတ်ကြောင်းများကို ရိုးသားစွာ ဝန်ခံရလိမ့်မယ်” လို့ ပြောဆိုချက်ဟာ ရိုဟင်ဂျာများ ပြောပြနေတဲ့သမိုင်းကြောင်းများဆိုတာ ဖုံးကွယ်ထားတဲ့ ဆင်ခြေဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ သူတို့ရဲ့သမိုင်းမှတ်တမ်းများဟာ လိမ်လည်ခြင်း (သို့မဟုတ်) လှည့်စားခြင်းများသာဖြစ်တယ်လို့ အဓိပ္ပာယ် ထွက်နေပါတယ်။ ဒေသတွင်း သမိုင်းဝင်တည်ရှိမှုဆိုင်ရာ ရိုဟင်ဂျာတို့ရဲ့တောင်းဆိုမှုများကို စိန်ခေါ်နေပြီး အထောက်အထားနဲ့ အခွင့်အရေးများကို ပိုမိုကျယ်ပြန့်စွာ ငြင်းဆိုနေကြောင်း အရိပ်အမြွက်ပြနေပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဆိုတာ ဌာနေတိုင်းရင်းသားများဖြစ်တယ်ဆိုတာထက် ရခိုင်ပြည်နယ်အတွင်း (နောက်မှ)ဝင်ရောက်လာသူများ သို့မဟုတ် အပြင်လူများအဖြစ် သူ့ရဲ့မှတ်ချက်တွေက သိမ်မွေ့စွာ ပုံဖော်ထားပါ တယ်။ ဒီတစ်ချက်တည်းနဲ့တင် ရိုဟင်ဂျာဆိုတာ ပြည်ပမှ ကျူးကျော်ဝင်ရောက်လာသူများဖြစ်ကြောင်း အယူအဆ ကို ထောက်ခံနေပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံသားဖြစ်ခွင့်နဲ့ ရပိုင်ခွင့်များကို ပျက်ပြားစေပါတယ်။ ထွန်းမြတ်နိုင်ရဲ့ ဘင်္ဂါလီ၊ စစ်တကောင်းနဲ့ ရိုဟင်ဂျာတို့ရဲ့ (အမျိုးသားရေး) လက္ခဏာများကို သိမ်းကြုံးပေါင်းစပ်ခြင်းဟာ ရိုဟင်ဂျာ တို့ရဲ့ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာများကို မှေးမှိန်စေပြီး သီးခြားလူမျိုးတစ်မျိုးဖြစ်ကြောင်း ငြင်းပယ်တယ်လို့ ဆိုလို ရာ ရောက်ရှိပါတယ်။

#ရခိုင်မြောက်ပိုင်း_ဘင်္ဂါလီ #ပြည်သူ့စစ်မှုထမ်းဥပဒေ #လူသားဒိုင်း #ရက္ခိုင်တပ် #ထွန်းမြတ်နိုင်


(Dhaka Tribune., 2 March 2024,” The Rohingya in the shadow of the Arakan army” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လျော်ကြေးငွေပေးရန်ကျန် ရှိနေခြင်းကြောင့် Elon Musk အား Twitter ထိပ်တန်းအမှုဆောင် အရာရှိဟောင်းများက တရားစွဲဆို

RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved