အိန္ဒိယမှာ ရထားတစ်စီး မောင်းနှင်သူမပါဘဲ ကီလိုမီတာ ၇၀ ထိ ခရီးရောက်ခဲ့
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၂၆
အိန္ဒိယမှာ ကုန်တင်ရထားတစ်စီးဟာ ယာဉ်မောင်းမပါဘဲ ၇၀ ကီလိုမီတာ (၄၃.၄ မိုင်) ကျော်ထိ ခရီးနှင်ခဲ့တဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုတွေမှာ အဆိုပါ ရထားဟာ ဘူတာရုံများစွာကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်ကျော်သွားတာမြင်တွေ့ရပါတယ်။
ဂျန်မူးမှ ပန်ဂျက်ကို မောင်းနှင်နေတဲ့ အဆိုပါရထားမှ ယာဉ်မောင်းတွေဟာ ကတ်သူအာ မှာပဲ ရှိနေခဲ့ပြီး ရထားဟာ ယာဉ်မောင်း မပါဘဲ ကီလိုမီတာ ၇၀ ထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပန်ဂျက်ပြည်နယ်၊ ဟိုရီပါခရိုင်ထိ မောင်းနှင်သွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ရထားတွဲဟာ သူ့အလိုလိုရပ်တန့်သွားခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ မရှိဘူးလို့ သိရပါတယ်။
ဖြစ်ရပ်ဟာ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) ဒေသစံတော်ချိန် ၇ နာရီခွဲမှ ၉ နာရီအတွင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဆိုပါရထားနဲ့ လိုက်ပါလာတဲ့ ယာဉ်မောင်းနဲ့ အမူထမ်းတွေဟာ ကတ်သူအာမှာ လူအပြောင်းအလဲအတွက် ရထားပေါ်မှ ဆင်းပြီးနောက် အဆိုပါ ရထားက သူ့အလိုလို ရွေ့လျားခုတ်မောင်းသွားခဲ့တာပါ။
ရထားဟာ တစ်နာရီကို ကီလိုမီတာ ၁၀၀ နီးပါး အရှိန်နဲ့ ရွေ့လျားနေတာကြောင့် အရှိန်လျော့အောင် သစ်သားတုံးတွေ ချခြင်း၊ ၎င်းရဲ့ ရထားလမ်းတစ်လျှောက် လူဖြတ်သန်းသွားလာမှုတွေကို ခဏပိတ်ထားခြင်းတို့ ပြုလုပ်ခဲ့ရပါတယ်။
အခုရထားဟာ ရပ်တန့်သွားပြီဖြစ်ပေမယ့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အကြောင်းရင်း အတိအကျကို ဖော်ထုတ်ဖို့ အရာရှိတွေက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနဲ့ စစ်ဖြစ်နိုင်ခြေကိစ္စအကြောင်းပြောတဲ့ ဘင်္ဂလားဒေ့ရှ်၊ ဗိုလ်ချုပ်မှူးကြီး စစ်ရှုံးနေပြီလို့ပြောတဲ့ ထွန်းမြတ်နိုင်၊ ကလေးတက္ကသိုလ်က ဆရာ/ဆရာမတွေ PDF ဖမ်းဆီးခြင်းခံရ (၂၆-၂-၂ဝ၂၄)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း