အစ္စရေး-ဟားမက်စ်စစ်ပွဲနှင့်စပ်လျဉ်းသည့် ကြားနာပွဲ၌ ICJ ၏ စံနှစ်ခွမူဝါဒကို ကာတာ ကန့်ကွက်ခဲ့
ALynn (NSS) - ဖေဖော်ဝါရီ ၂၄
ကာတာသံအမတ်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးထိုးစစ်များနှင့်ပတ်သက် ၍ နိုင်ငံတကာဥပဒေများကို လိုတစ်မျိုး၊ မလိုတစ်မျိုး လိုက်နာကျင့်သုံးစေသည့် ICJ ၏ စံနှစ်ခွမူဝါဒများကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
“ကလေးထောင်နှင့်ချီ သေဆုံးနေချိန်မှာ ကလေးအချို့ကိုသာ အကာအကွယ်ပေးနေတဲ့လုပ်ရပ်လိုမျိုး နိုင်ငံတကာ ဥပဒေကို တပြေးညီကျင့်သုံးခြင်းမရှိတာကို ရှုတ်ချကြောင်း၊ အစ္စရေးတို့သည် လူမျိုးရေးခွဲခြား ဆက်ဆံသည့် အုပ်ချုပ်မှုမျိုး ဖြင့် ဂျူးလူမျိုးလွှမ်းမိုးရေးကိုသာ ရှေ့တန်းတင်နေကြောင်းနှင့် အစ္စရေး ၏ ကျူးကျော်မှုများသည် တရားမဝင်ဖြစ်ပြီး ပါလက်စတိုင်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဟူသော လူအခွင့်အရေးကို ချိုးဖောက်နေကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။
အစ္စရေး-ဟားမက်စ်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ကာတာ၊ အမေရိကန်နှင့် အီဂျစ် တို့အကြား ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်လျက်ရှိနေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အစ္စရေး၏ ကျူးကျော် သိမ်းပိုက်မှုနှင့်ပတ်သက်၍ ICJ တရားရုံးရှေ့မှောက်တွင် နိုင်ငံပေါင်း ၅ဝ ကျော်၏ ထင်မြင်ချက်ကို ကြားနာလျက် ရှိသည်။ တရားသူကြီး ၁၅ ဦးပါ ICJ အဖွဲ့အား "အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု၊ လွှမ်းမိုးခြယ်လှယ်မှု၊ ဂျေရုဆလင် မြို့တော်၏ ဖြစ်တည်မှုနှင့် တရားရုံး၏ ခွဲခြားဆက်ဆံသည့်အစီအမံများကို ပြန်လည်သုံးသပ်ရန်” တောင်းဆိုထား ကြသည်။
ဖေဖော်ဝါရီလ ၂၃ ရက်က ကြားနာပွဲတွင် ပါကစ္စတန်၊ နော်ဝေး၊ အင်ဒိုနီးရှား၊ ယူကေနှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်တို့က ၎င်းတို့၏အမြင်များကို တရားရုံးရှေ့မှောက်တွင် ကြားနာခဲ့ကြသည်။ ပါကစ္စတန်တရားရေး ဝန်ကြီးက “အစ္စရေးက ပါလက်စတိုင်းတို့ရဲ့နယ်မြေတွေကို သိမ်းပိုက်နေတာမြင်ရတော့ လုံးဝနောက်ပြန်မလှည့် နိုင်တော့ဘူးလို့ ထင်ရပေမယ့် ၁၉၆၂ ခုနှစ်က အယ်လ်ဂျီးရီးယားကနေ ပြင်သစ်လူမျိုးတွေကိုတောင် မောင်းထုတ် ပစ်နိုင်ခဲ့တဲ့သမိုင်းကြောင်းတွေ ရှိတာကြောင့် ပြောင်းလဲရင် ဘာမဆိုဖြစ်နိုင်ကြောင်း” ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း “အစ္စရေးက ကျူးလွန်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို တားဆီးဖို့အတွက် တရားရုံးရှေ့မှောက်တွင် ရောက်ရှိနေရခြင်းဖြစ်ကြောင်း နှင့် အစ္စရေး၏ တရားမဝင်ကျူးကျော်သိမ်းပိုက်ခြင်းများကို အသိအမှတ်မပြုပေးကြဖို့” တိုက်တွန်း ခဲ့သည်။
အစ္စရေးက ICJ ၏ ကြားနာပွဲသည် ညှိနှိုင်းအဖြေရှာရမည့်ကိစ္စရပ်များကို ထိခိုက်စေနိုင်သည့်အတွက် တက်ရောက်ခြင်းမရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားအမျိုးသား သူတောင်းစားတစ်ဦး တစ်ရက်ကို စင်ကာပူဒေါ်လာ ၁၄ဝ အထိ ရရှိပြီး ပရီမီယံ SUV ကား တစ်စီး ပိုင်ဆိုင်ထား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ