Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီးရီးယားနိုင်ငံအရှေ့ဘက်ပိုင်းကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့လုပ်ရပ်များကို ဆီးရီးယားအစိုးရ ပြစ်တင်ရှုတ်ချ

ဂျန်ဇက် (NP News) - မတ် ၂၇

ဆီးရီးယားနိုင်ငံအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများ ကို ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံအရှေ့ဘက်ပိုင်းရှိ Deir al-Zour ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ခြင်းအပေါ် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အခြားနိုင်ငံများကိုလည်း အမေရိကန်ရဲ့လုပ်ရပ်များကို ပြစ်တင်ရှုတ်ချမှုတွေထဲ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်တပ်ဖွဲ့တွေဟာ လိမ်ညာမှုတွေအပေါ် အခြေခံပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးရီးယားပိုင်နက်များမှာ ငြိမ်းချမ်းမှုတွေ ပြန်လည်ရရှိအောင်လုပ်ဆောင်မယ်ဆိုတဲ့ ဆီးရီးယားစစ်တပ်ရဲ့ကတိတွေကို ထိခိုက်စေခဲ့ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ 

ဆီးရီးယားအစိုးရ လိုလားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အမေရိကန်တပ်ဖွဲ့များကြား တိုက်ခိုက်မှုတွေ ရှိလာခဲ့ပြီး နောက် ဆီးရီးယာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဗြိတိန်အခြေစိုက်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က တိုက်ခိုက်မှုများကြောင့် ဆီးရီးယားအစိုးရလိုလားတဲ့တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့သလို အမေရိကန် ကန်ထရိုက်တာ တစ်ဦးနဲ့ အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုတွေရှိခဲ့ကြောင်း ဆိုပါတယ်။

ဆီးရီးယားအစိုးရလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ Deir al-Zour ဒေသရှိ al-Omar ရေနံလုပ်ကွက်များက အမေရိကန်စစ်အခြေစိုက်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း၊ အမေရိကန်က ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကို လက်တုံ့ ပြန်မှုအဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယားအစိုးရ လိုလားတဲ့လက်နက်ကိုင်အဖွဲ့တွေကို ကူညီပေးနေတဲ့ အီရန်အမျိုးသားလုံခြုံရေးကောင်စီအနေနဲ့ ဆီးရီးယားနိုင်ငံအတွင်းရှိ အကြမ်းဖက်များကို တိုက်ခိုက်ဖို့ ကူညီပေးသွားမှာဖြစ်ကြောင်း အီရန်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Keyvan Khosravi  က ပြောပါတယ်။

Zawgyi Version; 


ဂျန်ဇက် (NP News) - မတ် ၂၇









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံမှာ အတိုက်ခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီ ဦးဆောင်ပြီး နိုင်ငံတဝှမ်းဆန္ဒပြပွဲများ ပြုလုပ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved