Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တပ်မတော်သည် ငြိမ်းချမ်းရေးကို အလိုလားဆုံးအဖွဲ့အစည်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

မျိုးကြီး (NP News) - မတ် ၂၇

တပ်မတော်သည် ငြိမ်းချမ်းရေးကို အလိုလားဆုံး အဖွဲ့အစည်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။


၎င်းက ယနေ့(မတ်လ ၂၇ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် မိန့် ခွန်းပြောဆိုရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။


၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင် များကို တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း တပ်ချုပ်က ဆိုသည်။


“နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ပြီးထမ်းဆောင်နေတဲ့ တို့တပ်မတော်သားတွေ ဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံးအဖွဲ့အစည်းပဲ ဖြစ်တယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။


လက်ရှိတွင် NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်းမရှိသေး သည့် လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ စုစုပေါင်း (၁၀)ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း တပ်မတော်က ပြောဆိုထားသည်။


ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ငြိမ်းချမ်းရေးဆွေးနွေးရာမှာလည်း တစ်ဖက်နဲ့တစ်ဖက်သဘောထားကြီးစွာနဲ့ ဆွေးနွေးဆောင်ရွက်သွားဖို့ လိုအပ်သလို နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များနဲ့ ဖြစ်သင့်သည်များကို ချိန်ထိုးပြီး အကောင်းဆုံးဖြစ်အောင် ဆွေးနွေးအဖြေထုတ်ရမှာပဲ ဖြစ်တယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။


ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခု မဟုတ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုပြောဆိုခဲ့သည်။


တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်နိုင်ရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ပေးထားကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ်ခဲ့သည်။


သို့သော် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့ သော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးအပေါ် KNU၊ KIA၊ AA အပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ခြင်း မရှိသည်ကို တွေ့ရှိရသည်။


တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် NCA သဘောတူစာချုပ်တို့ အပေါ် အခြေခံကာ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

zawgyi version

တပ္မေတာ္သည္ ၿငိမ္းခ်မ္းေရးကို အလိုလားဆုံးအဖြဲ႕အစည္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေျပာ

မ်ိဳးႀကီး (NP News) - မတ္ ၂၇

တပ္မေတာ္သည္ ၿငိမ္းခ်မ္းေရးကို အလိုလားဆုံး အဖြဲ႕အစည္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။


၎က ယေန႔(မတ္လ ၂၇ ရက္)တြင္ ေနျပည္ေတာ္၌ က်င္းပသည့္ (၇၈)ႏွစ္ေျမာက္တပ္မေတာ္ေန႔အခမ္းအနားတြင္ မိန႔္ ခြန္းေျပာဆိုရာ၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။


၂၀၂၂ ခုႏွစ္အား ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္ သတ္မွတ္ခဲ့ၿပီး ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရး၊ ေရရွည္တည္တံ့ ခိုင္ၿမဲသည့္ ထာဝရၿငိမ္းခ်မ္းေရးတည္ေဆာက္ႏိုင္ရန္အတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ေခါင္းေဆာင္ မ်ားကို ေတြ႕ဆုံေဆြးေႏြးႏိုင္ရန္ ဖိတ္ေခၚကမ္းလွမ္းခဲ့ေၾကာင္း တပ္ခ်ဳပ္က ဆိုသည္။


“ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ေတြကို အသက္၊ ေသြး၊ ေခြၽးေတြ ေပးဆပ္ၿပီးထမ္းေဆာင္ေနတဲ့ တို႔တပ္မေတာ္သားေတြ ဟာ ၿငိမ္းခ်မ္းေရးကို အလိုလားဆုံးအဖြဲ႕အစည္းပဲ ျဖစ္တယ္” ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာသည္။


လက္ရွိတြင္ NCA လက္မွတ္ေရးထိုးၿပီးျဖစ္သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၇)ဖြဲ႕ႏွင့္ လက္မွတ္ေရးထိုးျခင္းမရွိေသး သည့္ လက္နက္ကိုင္အဖြဲ႕(၃)ဖြဲ႕ စုစုေပါင္း (၁၀)ဖြဲ႕ႏွင့္ေတြ႕ဆုံေဆြးေႏြးလ်က္ရွိၿပီး ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းစြာ ေလွ်ာက္လွမ္းႏိုင္မည့္ ရလဒ္မ်ားကို ေဖာ္ေဆာင္ႏိုင္ခဲ့ေၾကာင္း တပ္မေတာ္က ေျပာဆိုထားသည္။


ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က “ၿငိမ္းခ်မ္းေရးေဆြးေႏြးရာမွာလည္း တစ္ဖက္နဲ႔တစ္ဖက္သေဘာထားႀကီးစြာနဲ႔ ေဆြးေႏြးေဆာင္႐ြက္သြားဖို႔ လိုအပ္သလို ႏိုင္ငံေတာ္အတြက္ ျဖစ္ႏိုင္သည္မ်ားနဲ႔ ျဖစ္သင့္သည္မ်ားကို ခ်ိန္ထိုးၿပီး အေကာင္းဆုံးျဖစ္ေအာင္ ေဆြးေႏြးအေျဖထုတ္ရမွာပဲ ျဖစ္တယ္” ဟု ထည့္သြင္းေျပာဆိုခဲ့သည္။


ထို႔ျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားသည္ ႏိုင္ငံေရး၏ အစိတ္အပိုင္းတစ္ရပ္ျဖစ္ေသာ္လည္း ႏိုင္ငံေရး၏ လက္နက္တစ္ခု မဟုတ္ေၾကာင္းလည္း ၎က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။


တပ္မေတာ္အေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းသို႔ လာေရာက္ႏိုင္ေရးအတြက္ အစဥ္အၿမဲ တံခါးဖြင့္ေပးထားေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထပ္မံဖိတ္ေခၚခဲ့သည္။


သို႔ေသာ္ ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဖိတ္ေခၚခဲ့ ေသာ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးေရးအေပၚ KNU၊ KIA၊ AA အပါအဝင္ အျခားေသာ လက္နက္ကိုင္အဖြဲ႕မ်ား တက္ေရာက္ေဆြးေႏြးခဲ့ျခင္း မရွိသည္ကို ေတြ႕ရွိရသည္။


တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ႏွင့္ NCA သေဘာတူစာခ်ဳပ္တို႔ အေပၚ အေျခခံကာ ဆက္လက္ေဆာင္႐ြက္လ်က္ရွိသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငွေကျပ်သန်း (၁ဝဝဝဝ)ကျော် အကုန်အကျခံတည်ဆောက်ထားသည့် ထားဝယ်မြို့ရှိ ကမြောကင်းတံတားသစ် ဖွင့်လှစ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved