Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်တွင်းခရီးသွားလည်ပတ်မှု ပြန်လည်မြင့်တက်လာသော်လည်း လည်ပတ်သွားလာစရာနေရာများ ယခင်ကထက် ပိုမိုရှားပါးလာဟုဆို

ယွန်း (NP News) - မတ် ၂၆


လက်ရှိတွင် ပြည်တွင်းခရီးသွားလည်ပတ်မှုသည် ပြန်လည်မြင့်တက်နေသော်လည်း သွား ရောက်လည်ပတ်စရာနေရာများ ရှားပါးလာကြောင်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောသည်။


“ကိုဗစ်မတိုင်ခင် (၂ဝ၁၉) ရဲ့ စံချိန်ကိုပြန်ယူမယ်ဆိုရင်တော့ လက်ရှိအချိန်မှာ ပြည်တွင်းခရီးသွားဟာ (၂ဝ)ရာခိုင်နှုန်းလောက်ပဲ တိုးလာသေးတယ်။ ဒီပမာဏကလည်း လည်ပတ်နိုင်တဲ့နေရာတွေ အရင်ကလိုအများကြီးမရှိတော့တဲ့အတွက် ရှိတဲ့နေရာတွေမှာပဲ ပြုံတိုးနေကြတဲ့သဘောပေါ့။ ပြောရရင်ခရီးသည်တွေကတော့ ကျပ်နေတဲ့သဘောတော့ရှိတယ်။ သွား‌ဖို့နေရာတွေက အခွင့်အလမ်းတွေနည်းသွားတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က NP News ကိုပြောသည်။


လက်ရှိတွင် ခရီးသွားများ အများဆုံးလည်ပတ်သည့် နေရာများသည် ချောင်းသာ၊ ငွေဆောင် အပါအဝင် ကမ်းခြေဒေသများနှင့် ပုဂံ၊ ပြင်ဦးလွင်၊ ကလော၊ ပင်းတယ တို့ဖြစ်ကြောင်း သိရသည်။


လတ်တလောတွင် အင်းလေဒေသသို့ ပြည်တွင်းခရီးသွားလည်ပတ်မှုသည် ယခင်ကထက် နည်းပါးနေပြီး ကလော‌‌ဒေသတွင် ခရီးသွားဝင်ရောက်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။


ထို့ပြင် ပြည်တွင်းရှိ စစ်ကိုင်း၊ မကွေး၊ ကချင်နှင့် ကရင်တို့တွင် သွားရောက်လည်ပတ်စရာနေရာများ ရှားပါးလာခြင်းကြောင့် ခရီးသွားလာရောက်မှုလည်း နည်းပါးနေကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။


“မကွေး၊ စစ်ကိုင်း၊ ကချင်တို့လို နေရာတွေမှာလည်း သိပ်မရှိတော့ဘူး။ ပြီးတော့ ကရင်ပြည်ဘက်ခြမ်းမှာဆိုလည်း လည်ပတ်နိုင်တဲ့နေရာတွေ နည်းလာတယ်။ အဲဒီလိုပြည်တွင်းမှာ သွားနိုင်တဲ့နေရာတွေ နည်းသွားတဲ့အတွက် သွားလို့ရတဲ့နေရာတွေကိုပဲ ပြုံသွားကြတဲ့သဘောဖြစ်နေတယ်။ ဒါကြောင့်မို့လို့ များတယ်လို့ထင်ရပေမယ့် တကယ်တမ်း မရှိတဲ့နေရာတွေမှာ လုံးဝမရှိတော့ဘူး ဖြစ်သွားတယ်” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။ 


အလားတူ ပြည်ပခရီးသွားများအနေဖြင့် ယခုလ(မတ်လ)အတွင်း တရုတ်ခရီးသွားများ ပိုမိုတိုးတက်ဝင်ရောက်လာခဲ့ပြီး အခြားနိုင်ငံများမှ ပြည်ပခရီးသွားများလည်း ဝင်ရောက်မှုရှိနေကြောင်း သိရသည်။


“ဧပြီမှာကတော့ အပန်း‌ဖြေခရီးသွားဝင်ရောက်မှုတွေ နည်းလာပြီပေါ့နော်။ ရုရှားတို့လို နေရာမျိုးကနေ ဝင်လာတဲ့ ခရီးသည်တွေက ပြီးခဲ့တဲ့ (၁၁)လ (၁၂)လပိုင်းထဲက‌နေ တောက် လျှောက်ဝင်လာခဲ့တယ်။ အများကြီးမဟုတ်ပေမယ့်လည်း ရာဂဏန်း‌တော့ ရှိတယ်ပေါ့။ အဲဒီခရီးသည်တွေက (၄)လပိုင်းဆို စပြီးလျော့ကျပြီပေါ့။ ပြည်တွင်းခရီးသွားတွေက (၄)လပိုင်းမှာ တက်နေတဲ့အချိန်မှာ ပြည်ပခရီးသွားက (၄)လပိုင်းမှာ စကျနေပြီပေါ့” ဟု ဦးနောင်းနောင်းဟန်က ဆက်လက်ပြောဆိုခဲ့သည်။


ထို့ကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုသည် လာမည့်ဧပြီလမှစတင်ကာ ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version

ျပည္တြင္းခရီးသြားလည္ပတ္မႈ ျပန္လည္ျမင့္တက္လာေသာ္လည္း လည္ပတ္သြားလာစရာေနရာမ်ား ယခင္ကထက္ ပိုမိုရွားပါးလာဟုဆို 


ယြန္း (NP News) - မတ္ ၂၆


လက္ရွိတြင္ ျပည္တြင္းခရီးသြားလည္ပတ္မႈသည္ ျပန္လည္ျမင့္တက္ေနေသာ္လည္း သြား ေရာက္လည္ပတ္စရာေနရာမ်ား ရွားပါးလာေၾကာင္း ျမန္မာႏိုင္ငံခရီး သြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဥကၠ႒က ေျပာသည္။


“ကိုဗစ္မတိုင္ခင္ (၂ဝ၁၉) ရဲ႕ စံခ်ိန္ကိုျပန္ယူမယ္ဆိုရင္ေတာ့ လက္ရွိအခ်ိန္မွာ ျပည္တြင္းခရီးသြားဟာ (၂ဝ)ရာခိုင္ႏႈန္းေလာက္ပဲ တိုးလာေသးတယ္။ ဒီပမာဏကလည္း လည္ပတ္ႏိုင္တဲ့ေနရာေတြ အရင္ကလိုအမ်ားႀကီးမရွိေတာ့တဲ့အတြက္ ရွိတဲ့ေနရာေတြမွာပဲ ၿပဳံတိုးေနၾကတဲ့သေဘာေပါ့။ ေျပာရရင္ခရီးသည္ေတြကေတာ့ က်ပ္ေနတဲ့သေဘာေတာ့ရွိတယ္။ သြား‌ဖို႔ေနရာေတြက အခြင့္အလမ္းေတြနည္းသြားတယ္” ဟု ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္း အဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က NP News ကိုေျပာသည္။


လက္ရွိတြင္ ခရီးသြားမ်ား အမ်ားဆုံးလည္ပတ္သည့္ ေနရာမ်ားသည္ ေခ်ာင္းသာ၊ ေငြေဆာင္ အပါအဝင္ ကမ္းေျခေဒသမ်ားႏွင့္ ပုဂံ၊ ျပင္ဦးလြင္၊ ကေလာ၊ ပင္းတယ တို႔ျဖစ္ေၾကာင္း သိရသည္။


လတ္တေလာတြင္ အင္းေလေဒသသို႔ ျပည္တြင္းခရီးသြားလည္ပတ္မႈသည္ ယခင္ကထက္ နည္းပါးေနၿပီး ကေလာ‌‌ေဒသတြင္ ခရီးသြားဝင္ေရာက္မႈ ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။


ထို႔ျပင္ ျပည္တြင္းရွိ စစ္ကိုင္း၊ မေကြး၊ ကခ်င္ႏွင့္ ကရင္တို႔တြင္ သြားေရာက္လည္ပတ္စရာေနရာမ်ား ရွားပါးလာျခင္းေၾကာင့္ ခရီးသြားလာေရာက္မႈလည္း နည္းပါးေနေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။


“မေကြး၊ စစ္ကိုင္း၊ ကခ်င္တို႔လို ေနရာေတြမွာလည္း သိပ္မရွိေတာ့ဘူး။ ၿပီးေတာ့ ကရင္ျပည္ဘက္ျခမ္းမွာဆိုလည္း လည္ပတ္ႏိုင္တဲ့ေနရာေတြ နည္းလာတယ္။ အဲဒီလိုျပည္တြင္းမွာ သြားႏိုင္တဲ့ေနရာေတြ နည္းသြားတဲ့အတြက္ သြားလို႔ရတဲ့ေနရာေတြကိုပဲ ၿပဳံသြားၾကတဲ့သေဘာျဖစ္ေနတယ္။ ဒါေၾကာင့္မို႔လို႔ မ်ားတယ္လို႔ထင္ရေပမယ့္ တကယ္တမ္း မရွိတဲ့ေနရာေတြမွာ လုံးဝမရွိေတာ့ဘူး ျဖစ္သြားတယ္” ဟု ဦးေနာင္းေနာင္းဟန္က ေျပာသည္။ 


အလားတူ ျပည္ပခရီးသြားမ်ားအေနျဖင့္ ယခုလ(မတ္လ)အတြင္း တ႐ုတ္ခရီးသြားမ်ား ပိုမိုတိုးတက္ဝင္ေရာက္လာခဲ့ၿပီး အျခားႏိုင္ငံမ်ားမွ ျပည္ပခရီးသြားမ်ားလည္း ဝင္ေရာက္မႈရွိေနေၾကာင္း သိရသည္။


“ဧၿပီမွာကေတာ့ အပန္း‌ေျဖခရီးသြားဝင္ေရာက္မႈေတြ နည္းလာၿပီေပါ့ေနာ္။ ႐ုရွားတို႔လို ေနရာမ်ိဳးကေန ဝင္လာတဲ့ ခရီးသည္ေတြက ၿပီးခဲ့တဲ့ (၁၁)လ (၁၂)လပိုင္းထဲက‌ေန ေတာက္ ေလွ်ာက္ဝင္လာခဲ့တယ္။ အမ်ားႀကီးမဟုတ္ေပမယ့္လည္း ရာဂဏန္း‌ေတာ့ ရွိတယ္ေပါ့။ အဲဒီခရီးသည္ေတြက (၄)လပိုင္းဆို စၿပီးေလ်ာ့က်ၿပီေပါ့။ ျပည္တြင္းခရီးသြားေတြက (၄)လပိုင္းမွာ တက္ေနတဲ့အခ်ိန္မွာ ျပည္ပခရီးသြားက (၄)လပိုင္းမွာ စက်ေနၿပီေပါ့” ဟု ဦးေနာင္းေနာင္းဟန္က ဆက္လက္ေျပာဆိုခဲ့သည္။


ထို႔ေၾကာင့္ ျပည္ပခရီးသြားဝင္ေရာက္မႈသည္ လာမည့္ဧၿပီလမွစတင္ကာ က်ဆင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား(၁)ဦး အလုပ်လုပ်နေစဉ် ရုတ်တရက်သေဆုံးမှုဖြစ်ပွား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved