UAE မှာ ၂၀၂၃ ခုနှစ်အတွင်း ရေနံမဟုတ်ဘဲ အခြားကုန်သွယ်မှုမှ ဒေါ်လာ ၉၅၃ ဘီလျံအထိ စံချိန်တင်ရရှိ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၉
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှာ ၂၀၂၃ ခုနှစ်အတွင်း ရေနံမဟုတ်တဲ့ ကုန်သွယ်မှုမှ ၃.၅ ထရီလီယံ dirhams (ဒေါ်လာ ၉၅၂.၉၃ ဘီလျံ)ထိ စံချိန်တင် ရရှိခဲ့တယ်လို့ ဝန်ကြီးချုပ် ရစ်ခ်မိုဟာမက်ဘင်ရာရှီအယ်လ်မက်ခ်တန် က တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ရေနံ မဟုတ်တဲ့ ကုန်ပစ္စည်းများ ကုန်သွယ်မှုဟာ ၂၀၂၂ ခုနှစ်ကထက် ၁၂.၆ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး ကုန်စည်နဲ့ ဝန်ဆောင်မှုတင်ပို့မှုကလည်း ၁ ထရီလီယံ dirhams ကို ကျော်လွန်သွားခဲ့ကာ စံချိန်သစ် တင်ခဲ့တယ်လို့ နိုင်ငံခြားကုန်သွယ်မှုဝန်ကြီး သာနီအယ်လ်ဇီယူဒီ က သီးခြား လူမှုမီဒီယာပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှစကာ ပင်လယ်ကွေ့ရေနံတင်ပို့တဲ့ နိုင်ငံ UAE ဟာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များ (CEPAs) ခေါ် နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွေကို စတင်ခဲ့ပြီး ဝင်ငွေရင်းမြစ်တွေနဲ့ စီးပွားရေးကဏ္ဍများ ကွဲပြားစေဖို့ ရည်ရွယ်ကြိုးပမ်းအားထုတ်မှုများ အားကောင်းလာခဲ့ပါတယ်။
ရေနံ မဟုတ်တဲ့ စီးပွားရေး ကဏ္ဍဟာ ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း စုစုပေါင်း GDP တိုးတက်မှုနှုန်း ယခင် ၃.၇ ရာခိုင်နှုန်း နဲ့ နှိုင်းယှဉ်ရင် ၆ ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့ပါတယ်။
UAE ဟာ ၎င်းရဲ့ပထမဆုံး CEPA မိတ်ဖက်အိန္ဒိယနဲ့ ကုန်သွယ်မှုဟာ ယမန်နှစ်အတွင်း ၄ ရာခိုင်နှုန်း ဝန်းကျင်တိုးတက်ခဲ့ပြီး တူရကီနဲ့ ကုန်သွယ်မှု နှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။
ရေနံ မဟုတ်ဘဲ တိုးချဲ့ဝန်ဆောင်မှုပေးတဲ့ ကဏ္ဍတွေမှာ ခရီးသွားနဲ့ ခရီးသွားလာရေး၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ၊ ငွေကြေးဝန်ဆောင်မှုနဲ့ ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုများ ပါဝင်ပြီး အဓိက ရေနံ မဟုတ်တဲ့ ပို့ကုန်များမှာ ရွှေ၊ အလူမီနီယမ်၊ လက်ဝတ်ရတနာများ၊ ကြေးနီဝါယာကြိုးများနဲ့ အီသလင်းပိုလီမာများ ပါဝင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ကျွန်းအနီးတွင် ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော
RELATED POSTS
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
07 Nov 2024 | စီးပွားရေး,ပြည်တွင်း