Pasir Ris၊ Sembawang ကမ်းခြေမှာ ရေထဲ ဘတ်တီးရီးယား ပါဝင်မှုမြင့်မားနေတာကြောင့် ရေကူးခွင့် ပိတ်ပင်ထား
ရောင်နီ (NSS) - ဇန်နဝါရီ ၆
စင်ကာပူရှိ နာမည်ကြီး အပန်းဖြေကမ်းခြေ Pasir Ris သဲသောင်ပြင်နဲ့ Sembawang Park ဥယျာဉ်ထဲမှ ရေတွေမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုအန္တရာယ်ဖြစ်စေတဲ့ Enterococcus ဘတ်တီးရီးယားတွေ တွေ့ရတာ ကြောင့် ကမ်းခြေတွေမှာ ရေကူးခြင်းမပြုဖို့ National Environment Agency (NEA) က အကြံပေးထားပါတယ်။
လှိုင်းဘုတ်စီးခြင်း၊ လေလှိုင်းစီးခြင်းနဲ့ ရေငုပ်လေ့ကျင့်ခြင်းလို အခြားရေကို အဓိကထိတွေ့ရတဲ့ လှုပ်ရှားမှုတွေကို လည်း တားမြစ်ထားပါတယ်။ ဒါပေမယ့် ရွက်လွှင့်ခြင်း၊ ကယပ်လှေစီးခြင်း၊ ကနူးလှေစီးခြင်းတွေကိုတော့ ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ အေဂျင်စီက ဖေဖော်ဝါရီ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေဟာ စင်ကာပူရဲ့နာမည်ကြီး အပန်းဖြေကမ်းခြေ ခုနစ်ခုရဲ့ရေပြင်ကို ပုံမှန်စစ်ဆေးလျက်ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ကမ်းခြေတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့အညီ အဆင့်သတ်မှတ်ထားလေ့ရှိပြီး အဆင့်သတ်မှတ်ချက်မှာ Enterococcus ဘတ်တီးရီးယားအရေအတွက်ကိုပါ ထည့်သွင်းတွက်ချက်လေ့ရှိပါတယ်။
ဘတ်တီးရီးယားတွေဟာ ရေအရည်အသွေး ညံ့ဖျင်းခြင်း၊ မြောင်းဟောင်းများမှ အသေးစားယိုစိမ့်မှုရှိခြင်း၊ အသေးစား မိလ္လာသန့်စင်တဲ့စက်ရုံများမှ စွန့်ပစ်မှုများ စီးဝင်နေခြင်း စတာတွေကြောင့် ပေါက်ဖွားလာလေ့ရှိပါ တယ်။
အဆိုပါဘတ်တီးရီးယားတွေကို လူ အပါအဝင် သွေးနွေးသတ္တဝါတွေရဲ့အစာအိမ်အူလမ်းကြောင်းတွေမှာ တွေ့ရလေ့ ရှိပါတယ်။ NEA ဟာ အမျိုးသားရေအေဂျင်စီ PUB၊ အမျိုးသားဥယျာဉ်များဘုတ်အဖွဲ့ နဲ့ Singapore Food Agency လို အခြားအေဂျင်စီတွေနဲ့ပူးပေါင်းလုပ်ဆောင်နေပြီး ဘက်တီးရီးယားတွေဖြစ်ပေါ်စေတဲ့ရင်းမြစ်တွေကို စုံစမ်း စစ်ဆေးနေပါတယ်။ အခြားကမ်းခြေ ငါးခုဖြစ်တဲ့ East Coast Park၊ Changi၊ Punggol၊ Seletar Island ၊ Sentosa Island တို့ကတော့ ကောင်းမွန်တဲ့ အဆင့်သတ်မှတ်ချက်ကို ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော် အဆိုတော်တေလာဆွစ်ဖ် Midnights အယ်လ်ဘမ်နဲ့ ဂရမ်မီဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု ရရှိ
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ