Atrazine အပါအဝင် ပေါင်းသတ်ဆေး(၅)မျိုးကို (၂၀၂၅) ခုနှစ် နှစ်စပိုင်းမှစ၍ သုံးစွဲရန်တားမြစ်သွားမည်
ယွန်း (NSS) - ဖေဖော်ဝါရီ ၄
Atrazine အပါအဝင် ပေါင်းသတ်ဆေး(၅)မျိုးကို (၂၀၂၅) ခုနှစ် နှစ်စပိုင်းမှစ၍ သုံးစွဲရန်တားမြစ်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ Atrazine၊ Fomesafen၊ S-metolachlor၊ Terbuthylazine၊ Mesotrione ပေါင်းသတ်ဆေးတို့အား သုံးစွဲရန်တားမြစ်သွားမည်ဖြစ်သည်။
အဆိုပါ ပေါင်းသတ်ဆေးများ၏ အဆိပ်ရှိပစ္စည်းများ သည် Rotational Period (၄)လဖြစ်နေသဖြင့် နောက်စိုက်သီးထပ်သီးနှံအပေါ် အဟန့်အတားဖြစ်စေနိုင်ခြင်း၊ လူ့ကျန်းမာရေးအန္တရာယ်မြင့်မားစေခြင်းနှင့် မြေအောက်ရေအရင်းအမြစ်များကို ညစ်ညမ်းစေခြင်းတို့ကြောင့် လာမည့်(၂၀၂၅)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ မြန်မာနိုင်ငံတွင် သုံးစွဲရန်တားမြစ်ပိတ်ပင်သောပိုးသတ်ဆေး (Banned Pesticide) အဖြစ်သတ်မှတ်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် အထက်ပါပေါင်းသတ်ဆေးများ၏ တင်သွင်းထောက်ခံချက်ကို ယခုနှစ်(၂၀၂၄ ခုနှစ်)၊ ဇွန်လ(၁)ရက်အထိသာ ထုတ်ပေးသွားမည်ဖြစ်ပြီး ပိုးသတ်ဆေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်တွင် ဖြန့်ဖြူးရောင်း ချနေသော ပစ္စည်းများကို အပြီးရုတ်သိမ်းရန် မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ဆိုထားသည်။
လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှစ၍ မှတ်ပုံ တင်ခွင့်၊ တင်သွင်းခွင့်၊ ရောင်းချခွင့်၊ ဖော်စပ်ခွင့်၊ ပြန်ထုတ်ပိုးခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲမှုရယူရေးကို အပြီးသတ်ဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်း ဟားမက်စ်အုပ်စုခေါင်းဆောင်ပြော
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း