QR Code စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်မည့် YBS ယာဉ်အစီးရေ (၂၃ဝဝ) ကျော်အထိ တိုးချဲ့သွားမည်
စော (NSS) - ဖေဖော်ဝါရီ ၁
ရန်ကုန်မြို့၌ ပြေးဆွဲနေသည့် YBS ယာဉ်များမှ ယာဉ်အစီးရေ(၂၃ဝဝ)ကျော်တွင် QR Code စနစ်ကိုအသုံးပြု၍ ယာဉ်စီးခများ ပေးချေနိုင်ရန်ဆောင်ရွက် နေကြောင်း ASTI မှ Chief Operating Officer ကိုကျော်သိန်းက NP News ကိုပြောသည်။
YBS စီးနင်းသူခရီးသည်များအတွက် ယာဉ်စီးခများကို QR Code ဖြင့် ပေးချေနိုင်သည့် Application အား ပြီးခဲ့သည့် (ဇန်နဝါရီလ ၈ ရက်)တွင် စတင်မိတ်ဆက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်အထိ ယာဉ်လိုင်းပေါင်း (၅၆)လိုင်းမှ အစီးရေပေါင်း (၂၃၀၉)စီးတို့တွင် ယာဉ်စီးခများ ပေးချေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ QR Code အသုံးပြုပုံနှင့် ပတ်သက်၍ ပညာပေးအစီအစဉ်များကိုလည်း Facebook အပြင် အခြားသော လူမှုကွန်ယက်စာမျက်နှာပေါ်များ၌ အသိပညာပေး လျက်ရှိကြောင်း သိရသည်။
“ပညာပေး ဗွီဒီယိုတွေ စီစဉ်နေပါတယ်။ လူမှုကွန်ယက်တွေကနေတဆင့် ထုတ်လွှင့်တာတွေလည်းရှိတယ်။ Bank channel နဲ့ Mobile wallet တွေကနေ ငွေဖြည့်သွင်းနိုင်အောင် လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ တော် တော်များများနဲ့ဆွေးနွေးနေပါတယ်”ဟု Chief Operating Officer ကိုကျော်သိန်းကပြောသည်။
အဆိုပါ QR Code အသုံးပြုနိုင်သည့် ယာဉ်လိုင်းများတွင် YBS (13) ,YBS (55) ,YBS (57) ,YBS (63) ,YBS (42) ,YBS(65) ,YBS (22) ,YBS (64) ,YBS (111) ,YBS (133) ,YBS (134) ,YBS (84) ,YBS (135) ,YBS (142) ,YBS (130) ,YBS (136) ,YBS (138) ,YBS (139) ,YBS (39) နှင့် YBS (21) တို့ပါဝင်ကြောင်းသိရသည်။
ထို့ပြင် YBS (131) ,YBS (80) ,YBS (81) ,YBS (132) ,YBS (85) ,YBS (76) ,YBS (27) ,YBS (66) ,YBS (79) ,YBS (12) ,YBS (14) ,YBS (25) ,YBS (117) ,YBS (30) ,YBS (38) ,YBS (128) ,YBS (100) ,YBS (103) ,YBS (19)နှင့် YBS (40)တို့တွင်လည်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် MP YPS+ Application အား Register လုပ်ပြီး QR Code ကို အသုံးပြုသူ (၂၀၀ဝ)ကျော် ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကိုင်လမ်းစဥ် ချုပ်ငြိမ်းရန် ဆောင်ရွက်မည်ဟု တပ်ချုပ်ပြော
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ