Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တတစ်ပတ်အလိုမှာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနဲ့ဇနီးဖြစ်သူတို့ နိုင်ငံရေးလှုပ်ရှားခွင့် ၁ဝ နှစ် ပိတ်ပင်ခံရ

Htay Oung (NP News) - ဖေဖော်ဝါရီ ၁

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနဲ့ ဇနီးဖြစ်သူ ဘူရှာရာ_ဘီဘီတို့ဟာ နိုင်ငံ့ဘဏ္ဍာများကို  တရားမဝင် ထုခွဲရောင်းချမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရကြောင်း၊ နှစ်ဦးစလုံးအပေါ် စီရင်ချက် ချမှတ်ရာမှာ အများသူငှာ ရာထူးတာဝန်ထမ်းဆောင်ခွင့် ၁ဝ နှစ် ပိတ်ပင်ခြင်းလည်း ပါဝင်ကြောင်း အင်မရန်ခန်းရဲ့ “ပါကစ္စတန်_တာရစ်_အီး_အင်ဆာ့ဖ်” (ပါကစ္စတန် တရားမျှတမှုလှုပ်ရှားရေးပါတီက ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၃၁ ရက်မှာ ပြောဆိုတယ်လို့ ရိုက်တာသတင်းအေဂျင်စီက ဇန်နဝါရီလ ၃၁ ရက်မှာပဲ ရေးသားဖော်ပြခဲ့ပါတယ်။ 


အသက် ၅၁ နှစ်အရွယ် ဘူရှာရာဘီဘီဟာ အင်မရန်ခန်းရဲ့တတိယမြောက် အိမ်ထောင်ဘက်ဖြစ်ပြီး ဝန်ကြီးချုပ် မဖြစ်မီ ၆ လအလိုမှာ လက်ထပ်ခဲ့သူဖြစ်ပါတယ်။ ပန်ဂျပ်ပြည်နယ် ရှေးရိုးဆန်တဲ့ နိုင်ငံရေးသြဇာကြီး မြေပိုင်ရှင် မျိုးရိုးဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ ခရစ်ကက်အားကစားကြယ်ပွင့် နိုင်ငံရေးသမား အင်မရန်ခန်းတည်ထောင်ခဲ့တဲ့ PTI ပါတီဟာ ပါကစ္စတန်နိုင်ငံမှာ လူကြိုက်အများဆုံးဖြစ်ပြီး ပြည်တွင်းပြည်ပ ပါတီဝင် ၁ဝ သန်းကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံရေးပါတီများအနက် တစ်ခုဖြစ်ပါတယ်။ PTI ပါတီခေါင်းဆောင် အင်မရန်ခန်းဟာ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ် အထိ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ပါကစ္စတန်အမျိုးသားလွှတ်တော်မှာ အမတ်ဦးရေ အများဆုံး ရရှိခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းဟာ နိုင်ငံတော်လျှို့ဝှက်ချက်များကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းဖြင့် ပြစ်မှုကျူးလွန်ကြောင်း အစ္စလာမ်မာဘတ် အဂတိတိုက်ဖျက်ရေးရုံးတော်က ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ပါတယ်။ အမျိုးသားရွေးကောက်ပွဲမတိုင်မီ ရက်သတ္တ တစ်ပတ်ခန့်အလိုမှာ ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး၊ နောက်တစ်နေ့ ခန်းရဲ့ဇနီးဖြစ်သူကိုလည်း ယခုလို နှစ်ရှည် ထောင်ဒဏ်အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။

တစ်စစီ ဖျက်ဆီးခံနေရတဲ့ ပါကစ္စတန်နိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်သမိုင်းမှာ နောက်တစ်ကြိမ် ဝမ်းနည်းဖွယ်နေ့ တစ်နေ့ဖြစ်လာတယ်လို့ PTI ပါတီ မီဒီယာအဖွဲ့က ပြောပါတယ်။ အပြန်အလှန်မေးခွန်းထုတ်ခွင့် မရှိ၊ အပြီးသတ် ထုချေခွင့်မပြုတဲ့စီရင်ချက်ဟာ အနိုင်အရှုံး အဖြေပါဝင်တဲ့လုပ်ပွဲတစ်ခုဖြစ်မှန်း ထင်ရှားနေကြောင်း၊ ရယ်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက်ကိုလည်း စိန်ခေါ်ခံရလိမ့်မယ်လို့ ဆိုပါတယ်။ 

အင်မရန်ခန်းဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဥအတွင်း ရူပီးသန်း ၁၄ဝ (ကန် ဒေါ်လာ ၅ဝ၁,ဝဝဝ) ကျော် တန်ဖိုးရှိ နိုင်ငံ့ဘဏ္ဍာများ၊ နိုင်ငံပိုင် လက်ဆောင်ရတနာများကို ရောင်းချမှုတို့အတွက် လွန်ခဲ့တဲ့တဲ့နှစ် သြဂုတ်လမှာ အခြားတရားရုံး တစ်ရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ပြစ်ဒဏ်ချမှတ်ခြင်းဟာ အဲဒီအမှုများနဲ့ တစ်တွဲတည်းဖြစ်ပါတယ်။ ဒါပေမယ့် ပါကစ္စတန် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးထိပ်တန်းအဖွဲ့ဖြစ်တဲ့ အမျိုးသားတာဝန်ယူတာဝန်ခံမှုဆိုင်ရာဗျူရို (NAB) က စုံစမ်းစစ်ဆေး ပြီးနောက် ခန်းရဲ့ဇနီးဖြစ်သူကိုလည်း အမှုနဲ့ တစ်ပေါင်းတည်း စွဲချက်တင်ခဲ့ခြင်းဖြစ်ပါတယ်။

စီရင်ချက် ချမှတ်ခြင်း မှန်ကန်ကြောင်း အမည်မဖော်လိုသူ တရားလိုပြအဖွဲ့ဝင်တစ်ဦးက ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့ပါတယ်။

စောစောပိုင်း သုံးနှစ် ပြစ်ဒဏ်ကို နောက်ပိုင်းမှာ ဆိုင်းငံ့လိုက်ပေမယ့် အခြားအမှုများနဲ့ဆက်နွယ်ပြီး ခန်းဟာ အကျဉ်းထောင်အတွင်းမှာပဲ  ရှိနေပါသေးတယ်။ အင်မရန်ခန်းကတော့ နိုင်ငံတော် လက်ဆောင်တွေဆိုတာ သူ တရားဝင် ဝယ်ယူခဲ့တဲ့ပစ္စည်းများဖြစ်တယ်လို့ ပြောပါတယ်။ ခန်းရဲ့လက်ထောက်တွေဟာ အဲဒီနိုင်ငံပိုင် လက် ဆောင်ပစ္စည်းတွေကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ရောင်းချခဲ့တယ်လို့ အစိုးရတာဝန်ရှိသူများက စွပ်စွဲခဲ့ပါတယ်။

(ပထဝီနိုင်ငံရေးအရ အချက်အချာကျတဲ့ ပါကစ္စတန်ဟာ စစ်အေးကာလအတွင်း အမေရိကန်လေတပ်အခြေစိုက် စခန်းကို ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ လက်နက်အားကိုးဖြင့် စစ်အာဏာသိမ်းယူတဲ့နိုင်ငံများနဲ့ ဆေးဖော်ကြောဖက် လုပ်လေ့မရှိတဲ့ အမေရိကန်ဟာ ပါကစ္စတန် အာဏာသိမ်းဗိုလ်ချုပ်ကြီးများနဲ့ နီးကပ်စွာ ဆက်ဆံမှုရှိနေပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးအကြောင်းပြချက်နဲ့ စစ်အရာရှိများကို လေ့ကျင့်ပေးခြင်း ခေတ်မီဂျက်တိုက်လေယာဉ် အပါအဝင် အဆင့်မြင့်စစ်လက်နက်များကို ရောင်းချပေးခဲ့ပါတယ်

အစဉ်အလာမှ သွေဖီပြီး တရုတ်-ရုရှားယိမ်းတယ်ဆိုတဲ့ အင်မရန်ခန်းဟာ အမေရိကန်နိုင်ငံ ဝင်ရောက်စွက်ဖက် ကြောင်း လူအများတီးတိုး ပြောဆိုကြတဲ့ အမျိုးသားလွှတ်တော် အယုံအကြည်မရှိ အဆိုကို ရှုံးနိမ့်တဲ့အတွက် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ပေးလိုက်ရပါတယ်။ 

တောင်အာရှနိုင်ငံများအတွင်း အတိုက်အခံပါတီများ မပါ၀င်တဲ့ ရွေးကောက်ပွဲကို ဒီမိုကရေစီအကြောင်းပြချက် နဲ့ ခါးခါးသီးဆန့်ကျင်ခဲ့တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုဟာ လူကြိုက်အများဆုံး နိုင်ငံရေးခေါင်းဆောင် အင်မရန်ခန်း ကို ါကစ္စတန်လက်ရှိအစိုးရက ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကြီးဆုံး နိုင်ငံရေးပါတီကြီး ပြိုကွဲဖို့ လုပ်ဆောင်နေခြင်း များကို မမြင်ဟန်ဆောင်နေပါတယ်။    ။ သတင်းဘာသာပြန်သူ)

#ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း_အင်မရန်ခန်း #ဘူရာရာဘီဘီ #ပါကစ္စတန်_တာရစ်_အီး_အင်ဆာ့ဖ်ပါတီ

(Reuters, 31 January 2024,” Imran Khan, wife given 14-year jail term in graft case”) ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် အမေရိကန် ကုန်စည်သင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အုပ်စုပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved