နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငယ်တန်းစာရေးရာထူး ၂၀ အတွက် အလုပ်ခေါ်ယူ
ကျော် (NSS) - နိုဝင်ဘာ ၃
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေးရာထူး ၂၀ အတွက် အလုပ်ခေါ်ယူလျက်ရှိပြီး အလုပ်လျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက်အား နိုဝင်ဘာလ ၃၀ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ အငယ်တန်းစာရေးရာထူးအတွက် လျှောက်လွှာပုံစံအား နိုင်ငံခြားရေးဝန်ကြီးဌာန၏ Website နှင့် Facebook Page တို့တွင်ရယူ၍ ရုံးချိန်အတွင်း၌ နေပြည်တော်၊ ရုံးအမှတ်(၉)၊နိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ လူကိုယ်တိုင်(သို့မဟုတ်)ကိုယ်စား လာရောက်လျှောက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။
ထို့ပြင် Online မှလျှောက်ထားလိုသူများအနေဖြင့် https://forms.gle/cSqZdmiWFxNfygvK6 တွင် လျှောက်လွှာပုံစံများဖြည့်သွင်း၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများသည် မြန်မာနိုင်ငံသား ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့(အထူးပြုဘာသာရပ်များ)၊ ဥပဒေဘွဲ့၊ နိုင်ငံခြားဘာသာဘွဲ့များ၊ စီးပွားရေးဘွဲ့များ၊ ကွန်ပျူတာဘွဲ့များရရှိသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
လာရောက်လျှောက်ထားသူများအနက် ရိုးရိုးဘွဲ့ရရှိသူများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် အသက်(၂၇)နှစ်ထက်မကြီးသူများဖြစ်ရမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်းခန့်ဝန်ထမ်း)(သို့မဟုတ်) မဟာဘွဲ့ရပြီးပါက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်၌ အသက်(၃၂) နှစ်ထက်မကျော်ရန်လိုကြောင်း အသိပေးထားသည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အငယ်တန်းစာရေးရာထူးရရှိသူများအနေဖြင့် ဝန်ကြီးဌာန၌ အနည်းဆုံး(၁)နှစ်တာဝန်ထမ်းဆောင်မည်ဟု ကတိခံဝန်ချက်ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတတို့အား အရည်အချင်းစစ်ရေးဖြေစာမေးပွဲအား ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်သူများကို စိတ်အခြေ အနေနှင့်လူတွေ့စစ်ဆေးခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရေးဖြေစာ မေးပွဲဖြေဆိုမည့် ရက်နှင့်ဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန website နှင့် Facebook Page တို့တွင် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံ၏ အဓိကပြဿနာသည် အကျင့်ပျက်ခြစားမှုဖြစ်ကြောင်း ယူကရိန်းနိုင်ငံသားထက်ဝက်ကျော်ယုံကြည်နေ
RELATED POSTS
02 Oct 2024 | အထွေထွေ,ပြည်တွင်း
01 Oct 2024 | အထွေထွေ,နိုင်ငံတကာ