(ICC)အကြီးအကဲနှင့် အခြားတာဝန်ရှိသူများကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် ရုရှားအစိုးရ တောင်းဆို
ဂျန်ဇက် (NSS) - အောက်တိုဘာလ ၁၁
ရုရှားနိုင်ငံရှိရှေ့နေများက နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)၏တာဝန်ရှိသူများကို ဖမ်းဆီးထိန်း သိမ်းရန်နှင့် လွှဲပြောင်းပေးအပ်ရန်အတွက် နယ်သာလန်အစိုးရနှင့်အခြားအစိုးရများထံ တိုက်တွန်းတောင်း ဆိုလိုက်ကြောင်း သိရ သည်။
မော်စကိုမြို့ရှိ ရှေ့နေချုပ်ရုံးက ကြာသပတေးနေ့တွင်ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခု၌ အဆိုပါလွှဲပြောင်း ပေးအပ်ရေး ပစ်မှတ်ထားခံရသူများတွင် ခုံရုံးဥက္ကဋ္ဌ တိုမိုကိုအပါအဝင် ICC တာဝန်ရှိသူ (၉)ဦးပါဝင်ကြောင်း ဖော်ပြ ထားသည်။ ရုရှားတရားရုံးက အဆိုပါတာဝန်ရှိသူများကို (၂၀၂၅)ခုနှစ် ဒီဇင်ဘာလတွင် အပြစ်ရှိကြောင်း အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတရားရုံးက ICC အဖွဲ့အကြီးအကဲ တာမိုကိုနှင့် အခြားတာဝန်ရှိသူများကို မျက်ကွယ်စစ် ဆေးဆုံးဖြတ်ခဲ့ပြီး (ICC) ၏ အခြားတာဝန်ရှိသူများကို ထောင်ဒဏ်(၃)နှစ်ခွဲမှ(၁၅)နှစ်အထိ ချမှတ်ခဲ့သော်လည်း ICC အဖွဲ့အကြီးအကဲကို တိကျသော ထောင် ဒဏ်အမိန့် ရှိ-မရှိဆိုသောအချက်ကို မသိသေး ကြောင်းသိရသည်။
ယူကရိန်းနိုင်ငံ၏ သိမ်းပိုက်ခံထားရသော ဒေသများမှ ကလေးငယ်များကို ရုရှားနိုင်ငံသို့ တရား မဝင်ရွှေ့ပြောင်း စေခဲ့သည်ဟုဆိုကာ သမ္မတပူတင်သည် စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟု ICC တရားရုံးကစွပ်စွဲထားပြီး၊ ရုရှားနိုင်ငံနှင့် ICC ကြား အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုမြင့်တက် လာခဲ့ကြောင်းသိရသည်။
(၂၀၂၃)ခုနှစ် မတ်လတွင် ICC က သမ္မတပူတင်နှင့် အခြားတာဝန်ရှိသူတစ်ဦးကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားအာဏာပိုင်များကလည်း ICC တာဝန်ရှိသူများကို ဖမ်းဆီးရန်အလိုရှိသူများ စာရင်း(Wanted list)တွင် ထည့်သွင်း ခဲ့ကြောင်းသိရသည်။ ICC ၏ ရုံးချုပ်သည် သည်ဟိတ်ဂ်(The Hague)မြို့တွင်တည်ရှိသည်။ နယ်သာလန်တရား ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို NHK သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ ယေဘုယျအားဖြင့် (၂၀၂၁)ခုနှစ်ကတည်းက ရုရှားနိုင်ငံသို့ တရားခံလွှဲပြောင်းပေးအပ်ခြင်းကို ပိတ်ပင်ထား ခဲ့ကြောင်းနှင့် နိုင်ငံအနေဖြင့် ICC တရားသူကြီးများ နှင့်ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များကို ခိုင်မာစွာ ထောက်ခံအားပေးလျက်ရှိကြောင်း ပြောကြားခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နှင့်တရုတ်နိုင်ငံကြား ဆက်ဆံရေးပြန်ပြေလည်စေရန် တရုတ်ကို အမေရိကန်သမ္မတ တိုက်တွန်းတောင်းဆို
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
