ရွေးကောက်ပွဲဆိုင်ရာဆန္ဒပြပွဲများမတိုင်မီ ရဲနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်(၂)သောင်းကျော်ကို အိန္ဒိယအစိုးရဖြန့်ကြက်ချထား
Pika (NSS) - အောက်တိုဘာလ ၁၀
မဲစာရင်းဆိုင်ရာမမှန်ကန်မှုများရှိသည် ဆိုသည့်စွပ်စွဲချက်များနှင့်အတူ ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌကို ရာထူးမှနုတ်ထွက်ပေးရန်တောင်းဆိုသည့် စီစဉ်ထားသောဆန္ဒပြပွဲများမလုပ်မီ တစ်ရက်အလိုတွင် အိန္ဒိယမြို့တော် တစ်ဝန်း၌ ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို အစိုးရကဖြန့်ကြက်ချထားခဲ့ ကြောင်းသိရသည်။ မဲစာရင်းတွင် ထပ်နေ သော သို့မဟုတ် အရည်အချင်းမပြည့်မီသော မဲဆန္ဒရှင်များကို ဖယ်ရှားပစ်ရန်ရည်ရွယ်သည်ဟုဆိုကာ အိန္ဒိယရွေး ကောက်ပွဲကော်မရှင် (နဃှု)ကပြုလုပ်နေသည့် မဲစာရင်းပြန်လည်စိစစ်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ နှင့် ပတ်သက်ပြီး ယခုလအတွင်း ဆန္ဒပြပွဲများဖြစ်ပေါ် လာခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းစဉ်သည် ဝန်ကြီးချုပ်မိုဒီ၏ အာဏာရ ဘာရာတီယာဂျာနာတာပါတီ(BJP)ကို အကျိုးဖြစ်ထွန်း စေမည့် အပြင် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်ကိုလည်းဆုံးရှုံးစေနိုင်ကြောင်း အတိုက်အခံပါ တီများနှင့်ဝေဖန်သူများက စွပ်စွဲပြော ဆိုထားကြသည်။ နယူးဒေလီမြို့အပါအဝင် နေရာအသီးသီး၌ လမ်းမပေါ်ထွက်ကာဆန္ဒပြမှုများဖြစ်ပွားနေပြီး ၎င်းတို့တွင် အိန္ဒိယ၏အဓိကအတိုက်အခံပါတီဖြစ်သော ကွန်ကရက်ပါတီမှ ထိပ်တန်းခေါင်းဆာင်များလည်း ပါဝင် လှုပ်ရှားလျက်ရှိ ကြောင်း သိရသည်။

ထို့ပြင် လူငယ်များဦးဆောင်သည့် Cockroach Janta Party(CJP) လှုပ်ရှားမှုအဖွဲ့ အပါအ ဝင်ဆန္ဒပြသူများက အောက်တိုဘာလ(၁၀) ရက်တွင် နယူးဒေလီမြို့၌ စုဝေးဆန္ဒပြမှုများလုပ်ဆောင်ရန် တောင်းဆိုလျက်ရှိကြောင်းလည်း သိရသည်။ လွှတ်တော်အတွင်း အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ နှင့် အခြားအတိုက်အခံခေါင်းဆောင်များကလည်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်(ECI)ဥက္ကဋ္ဌ Gyanesh Kumar နှင့်ပတ်သက်ပြီး တိုင်ကြားမှုများ လုပ်ဆောင်ရန်အတွက် သမ္မတ Droupadi Murmu နှင့် တွေ့ဆုံသွားနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။
ရွေးကောက်ပွဲများကျင်းပရေးအတွက် တာဝန်ယူဆောင်ရွက်သည့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာအဖွဲ့အစည်းဖြစ်သော Droupadi Murmu က မဲစာရင်းဆိုင်ရာမမှန်ကန်မှုများရှိနေသည်ဆိုသည့် စွပ်စွဲချက်များ အားလုံးကို ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
အောက်တိုဘာလ(၁၀)ရက်တွင်ဖြစ်လာမည့် ဆန္ဒပြပွဲများမတိုင်မီ နယူးဒေလီမြို့တွင် ရဲတပ်ဖွဲ့ ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်(၂၀ဝဝဝ)ကျော်ကို အစိုးရက ဖြန့်ကြက်ချထားလိုက်ပြီဖြစ်ကြောင်း Press Trust of India သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်ဘက်ဆရာဝန်ဟောင်းကို ကွပ်မျက်မှု အမေရိကန်က တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
