Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်သည့် MNDAA ၏ လုပ်ရပ်သည် ရှက်ဖွယ်ဟုဆို

ထိုက်စံ (NSS) - အောက်တိုဘာ ၁၀

တရုတ်တွင် တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုမျိုးစုံကို အသိအမှတ်ပြုနေစဉ် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ်ဖျောက်ဖျက်ပစ်ခြင်းသည် MNDAA အနေဖြင့် ရှက်ဖွယ်ဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ရေရှည်အေးချမ်းရေးနှင့် လူမျိုးစုများ အတူယှဉ်တွဲနေထိုင်ရေးနှင့်စပ်လျဉ်း၍ ရှမ်းလူထုလူ့အဖွဲ့အစည်း၊ ရပ်မိရပ်ဖများနှင့် တိုင်းရင်းသား အရေးလေ့လာစောင့်ကြည့်သူများမှ MNTJP/MNDAA ထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ၏ အချက်အလက်များအရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော စစ်ရေးအပြောင်းအလဲများနောက်ပိုင်း MNTJP/MNDAA အနေဖြင့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရာ သိန္နီ (Hsenwi)၊ ကွတ်ခိုင် (Kutkai) နှင့် လားရှိုး (Lashio) မြို့နယ်များအထိ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လာခဲ့ကြောင်း အဆိုပါပေးစာတွင် ဖော်ပြထားသည်။

ထိုသို့ တိုးချဲ့ဆောင်ရွက်ခဲ့ရာ ဒေသခံစာပေများကို ဖျောက်ဖျက်ခြင်း  ရှမ်း၊ တအာင်း/ပလောင်နှင့် မြန်မာဘာသာစကားဖြင့် ရေးသားထားသော အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်များကို တစ်ဖက်သတ်ဖြုတ်ချပြီး တရုတ်စာ ဆိုင်းဘုတ်များဖြင့်သာ အစားထိုးဆောင်ရွက်နေခြင်း၊ သမိုင်းအမွေအနှစ်များကို လျစ်လျူရှုခြင်း၊ ရှမ်းစော်ဘွားများ၏ သမိုင်းဝင် နန်းတော်ဟောင်း တည်ရှိရာသိန္နီမြို့ကဲ့သို့ သမိုင်းအမွေအနှစ်နှင့် ဘာသာရေး၊ ယဉ်ကျေးမှု အထွတ်အမြတ်နေရာများကို ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့ခြင်း (သို့) အသွင်သဏ္ဌာန်ပြောင်းလဲပစ်ခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။


ထို့အတူ ပြင်ပစနစ်များ သွတ်သွင်းခြင်း  ဒေသခံတိုင်းရင်းသားများ၏ ဓလေ့ထမ်းတမ်းများနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြင်ပအုပ်ချုပ်ရေးပုံစံများ၊ ငွေကြေးသုံးစွဲမှုများနှင့် စည်ပင်သာယာရေး စည်းမျဉ်းများကို အတင်းအကျပ် သွတ်သွင်းဆောင်ရွက်နေခြင်းများသည် မဟာဗျူဟာအရ ကြီးမားသော အမှားတစ်ခုဖြစ်ပြီး ကြိုးပမ်းတည်ဆောက်နေသည့် အုပ်ချုပ်ရေးကို ခိုင်မာစေမည် မဟုတ်ဘဲ မဟာမိတ်များအကြား ယုံကြည်မှုကိုသာ ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း အဆိုပါ စာတွင် ဖော်ပြထားသည်။ 

ထို့ပြင် အောက်ခြေတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူအချို့သည် တရုတ်စာပေ၊ တရုတ်ဆိုင်းဘုတ်များ နှင့် တရုတ်ပုံစံ အုပ်ချုပ်ရေးစနစ်များကို အတင်းအကျပ်ပြဋ္ဌာန်းခြင်းသည် အိမ်နီးချင်း တရုတ်နိုင်ငံ၏ သဘောထားနှင့် ကိုက်ညီသည်ဟု ထင်မြင်ယူဆကောင်း ယူဆနိုင်သောကြောင့် လက်တွေ့ ပထဝီနိုင်ငံရေးနှင့် ပေကျင်းအစိုးရ၏ ရေရှည် မဟာဗျူဟာအရ ဤလုပ်ရပ်များသည် မလိုလားအပ်သော ဆုံးရှုံးမှုများကိုသာဖြစ်စေကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ တိုင်းရင်းသားရေးရာမူဝါဒများနှင့် ကွဲလွဲနေခြင်း တရုတ်နိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ပင် ဒေသခံတိုင်းရင်းသား ဘာသာစကားများကို တရားဝင် ရုံးသုံးစာနှင့် ဆိုင်းဘုတ်များတွင် မဖြစ်မနေ ယှဉ်တွဲဖော်ပြရမည်ဟု ဥပဒေအရ သတ်မှတ်ထားပြီး တရုတ်နိုင်ငံတွင် ဤကဲ့သို့သော တိုင်းရင်းသားရေးရာမူဝါဒများ ချမှတ်ကာယဉ်ကျေးမှုမျိုးစုံကို အသိအမှတ်ပြု အားပေးနေစဉ် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း၌ ဒေသခံ တိုင်းရင်းသားများ၏ စာပေများကို တစ်ဖက်သတ် ဖျောက်ဖျက်ပစ်ခြင်းသည် ရှက်ဖွယ်လိလိပင် ဖြစ်ကြောင်း ယင်းစာတွင် ဖော်ပြထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NCA (၁၁) နှစ်ပြည့်ဖိုရမ် ဘယ်လက်နက်ကိုင်တွေ တက်မလဲ၊ မြန်မာကို ပုံစံသစ်နဲ့ချဥ်းကပ်နေတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော၊ US ရဲ့ BL လွတ်သွားတဲ့ ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်ရဲ့သမီး၊ မြန်အောင်က မမြဆည် မကျိုးပေါက်ရေး ကြိုးစားနေတယ်လို့ ဆို၊ ဗေထိဆို ပြည်ပရောက် မြန်မာအချို့ပဲ (၁ဝ-၁ဝ-၂ဝ၂၆)

RECENT POSTS
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
တနင်္သာရီတွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ (၅၂) သန်းကျော်ရရှိ
09 Nov 2026
စစ်ဘက်ဆိုင်ရာ အာကာသယာဉ်တစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ရုရှားလွှတ်တင်
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved