ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို
ဂျန်ဇက် (NSS) - အောက်တိုဘာလ ၁၁
ယူကရိန်းဘဏ္ဍာရေးဝန်ကြီးဌာန၏အချက် အလက်များအရ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနသည် (၂၀၂၇) ခုနှစ်အတွက် အမေရိကန်ဒေါ်လာ (၁၇၅)ဘီလျံခန့်တောင်းခံထားသော်လည်း အစိုးရ၏ မူကြမ်းဘတ်ဂျက်တွင် ကာကွယ် ရေးအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ (၁၀၈) ဒသမ (၃) ဘီလျံ သာ ခွဲဝေသတ်မှတ်ပေးခဲ့ကြောင်းသိရသည်။
ယူကရိန်း၏ကိုယ်ပိုင်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၇၁ ဒသမ ၇)ဘီလျံသာရှိပြီး ပြည်တွင်း အစိုးရငွေ ချေးစာချုပ်များမှ ရရှိသည့်ငွေ၊ နိုင်ငံပိုင် ပစ္စည်းများ ပုဂ္ဂလိကပိုင်ပြုလုပ်ရောင်းချခြင်းမှရရှိ သည့်ငွေနှင့် ထောက်ပံ့ငွေများ ကိုပါ ထည့်တွက်လျှင် ပင် စုစုပေါင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၈၂ ဒသမ ၉)ဘီလျံသာရှိကြောင်းသိရသည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနတောင်း ခံထားသည့်ပမာဏသည် နိုင်ငံ၏ စုစုပေါင်းဝင်ငွေ ထက် နှစ်ဆ ကျော်ပိုမိုများပြားနေသည်။ စစ်မှုထမ်းများအား လစာနှင့်အခြားပေးချေမှုများအတွက် အမေရိ ကန်ဒေါ်လာ (၂၅)ဘီလျံ သာသုံးစွဲရန်လျာထားပြီး ကျန်ငွေများကို လက်နက်များနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ဝယ်ယူရေးအတွက် သတ်မှတ် ထားကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယူကရိန်း၏ (၂၀၂၇)ခုနှစ် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)ကို အမေရိကန် ဒေါ်လာ(၂၅၅)ဘီလျံ ခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း စက်တင်ဘာလအတွင်း သတ္တုလုပ်ငန်းကဏ္ဍ ဆုံးရှုံးမှုနှင့် နောက်ဆက်တွဲဆုံး ရှုံးမှုများကို အဆိုပါ ခန့်မှန်းချက်တွင် ထည့်သွင်းတွက်ချက်ထား ခြင်းမရှိသောကြောင့် အမှန်တကယ် GDP ပမာဏ သည် ခန့်မှန်းထားသည် ထက်နည်းပါး နိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါအခြေနေတွင် ကာကွယ် ရေးဝန်ကြီးဌာန တောင်းခံထားသည့် ငွေပမာဏသည် နိုင်ငံ GDP ၏ (၆၆) ရာခိုင်နှုန်းခန့်နှင့် ညီမျှနေ ကြောင်းသိရသည်။ ယူကရိန်းအစိုးရက ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ (၁၀၈ ဒသမ ၃) ဘီလျံ အထိကန့်သတ် သတ်မှတ်ထားသည့်တိုင် ယူကရိန်း၏ ဘတ်ဂျက်တွင် လိုငွေပြမှု ဆက်လက်ရှိနေမည်ဖြစ် ကြောင်းသိရသည်။
နိုင်ငံတော်ကြွေးမြီများအတွက် အတိုးနှင့် အခြားပေးချေမှုများအပြင် ပြည်တွင်းချေးငွေဆိုင်ရာ အသုံးစရိတ်များ ကိုပါထည့်တွက်ပါက ယူကရိန်းနိုင်ငံ၏ စုစုပေါင်းအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၁၇၉)ဘီလျံအထိ ရှိလာမည် ဖြစ်သည်။ ယူကရိန်းက အနောက်နိုင်ငံများ၏အကူအညီဖြင့်ဖြည့်ဆည်းရန် စီစဉ်ထားသည့် အမှန်တကယ်ဘတ်ဂျက်လို ငွေမှာ အမေရိကန်ဒေါ်လာ (၉၆)ဘီလျံရှိပြီး အဆိုပါပမာဏသည် နိုင်ငံ GDP ၏ (၃၇) ရာခိုင်နှုန်းနှင့်ညီမျှသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားခရီးစဉ်အပြီး မြန်မာအတွက် အာဆီယံတံခါးပေါက်ပွင့်ရန် သေချာလုနီးပါးရှိလာ
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
