Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

ပြည့်ဖြိုး (NSS) အောက်တိုဘာလ ၁၁

ယခုတစ်ပတ် မြန်မာ့စီးပွားရေးဈေးကွက်အတွင်း စက်သုံးဆီဈေးများ မြင့်မားနေဆဲဖြစ်ပြီး ရွှေနှင့်ငွေလဲ ဈေးနှုန်း များမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကွာခြားချက်အနည်းငယ်သာရှိကြောင်း လေ့လာတွေ့ရှိ ရသည်။ ရွှေဈေးကွက် အတွင်း ကမ္ဘာ့ရွှေဈေးအပြောင်း အလဲနည်းပါးခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် အတက်အကျ အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။

အောက်တိုဘာလ (၆)ရက် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် (၄၁၃၁)ဒေါ်လာဝန်းကျင်ပေါက် ဈေးရှိပြီး ပြည်တွင်းရွှေသည် အခေါက်ရွှေတစ်ကျပ် သားလျှင် သိန်း(၁၀ဝ)ကျပ်ဝန်းကျင်ဖြင့် တစ်ပတ်လုံး အတက်အကျ အနည်းငယ်သာဖြစ်ပေါ်ခဲ့သည်။ နိုင်ငံခြားငွေဈေးနှုန်းများမှာ ယခင်တစ်ပတ်ပေါက်ဈေးနှင့် ကွာခြားချက်အနည်းငယ်သာ ရှိပြီး အရောင်းအဝယ် တည်ငြိမ်နေကြောင်းသိရသည်။ 

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုကြောင့် စက်သုံးဈေး များဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ယခုတစ်ကြိမ် မြင့်တက်မှု သည် ပိုမိုကြာရှည်နိုင်ကြောင်း ခန့်မှန်းမှု များထွက်ပေါ်နေသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ပင်လယ်ပြင်နှင့်ကုန်တွင်း နှစ်ခုစလုံး အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်နေခြင်းကြောင့် ရေနံတင်ပို့မှု ကျဆင်းနေခြင်းဖြစ်သည်။ ထို့ပြင် အာရှတိုက်၏ အဓိကရေနံကုန်သွယ်သည့်တရုတ်နိုင်ငံက ပြည်ပသို့ ရေနံရောင်းချမှုများ ပိတ်ပင်ထားသဖြင့် ရေနံ စိမ်းလိုအပ် ချက်မြင့်တက်နေသည်။ 

မြန်မာနိုင်ငံသည် စက်သုံးဆီကို ပြည်ပမှအဓိက တင်သွင်းနေရသဖြင့် စင်ကာပူဈေးကွက် အပြောင်းအ လဲမရှိပါက စက်သုံးဆီဈေးများ ဆက်လက်မြင့်တက် နေမည်ဖြစ်သည်။ မကြာမီကာလအတွင်း အိမ်သုံးစား ဆီသီး နှံများထွက်ရှိလာမည်ဖြစ်ရာ ဆီစက်လုပ်ငန်းရှင်များ ဆီကြိတ်ခွဲကြမည်ဖြစ်သည်။ ပြည်တွင်း၌စိုက်ပျိုး သည့် ဆီထွက် သီးနှံပေါ်ချိန်တွင် ပြည်ပမှ စားအုန်းဆီနှင့်ဆီကြိတ်ဖတ်တင်သွင်းမှုကိုလျှော့ချပေးရန် မြန်မာ နိုင်ငံဆီစက်ပိုင်ရှင်များ အသင်း(MEOMA)က တောင်းဆိုထားကြောင်း သိရသည်။


ပြည်တွင်း စားသုံးဆီထုတ်လုပ်မှုမြှင့်တင်ရန် ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်အထိ စားအုန်းဆီသုံး စွဲမှုမှာ မြင့်မားနေဆဲဖြစ်သည်။ ပဲ၊ နှမ်း၊ ပြောင်းသီးနှံများ မကြာမီထွက်ရှိလာမည်ဖြစ်သော်လည်း ပြည်ပတင်ပို့ရန် ဈေးကွက်နည်းပါးသဖြင့် ဈေးနှုန်းများကျဆင်းနေသည်။ ပဲတီစိမ်းနှင့်မတ်ပဲသည် တရုတ်ဝယ်လက်ရရန်စောင့်စားနေရပြီး လာမည့်ပွင့် လင်းရာသီသည် ပဲစိုက်တောင်သူများအဖို့ စိန်ခေါ်မှုရှိ လာနိုင်သည်။ ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းအဝယ်ရပ်ပြီးနောက် ဈေးငြိမ်နေသည့် ပြောင်း ဈေးမှာ ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ်ကျလာသည်။ CHUBB Life အသက်အာမခံနှင့် The Central ကွန်ဒိုအရှုပ်တော်ပုံများကြောင့် အာမခံလုပ်ငန်းများအ‌ပေါ် ယုံကြည်မှုကျ ဆင်းခြင်းနှင့် အဆင်မြင့် အိမ်ရာဈေးကွက်အတွင်း သံသယကြီးထွားခြင်းများ ဈေးကွက်အတွင်းဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပြုခြင်းမှာ နှစ်အနည်းငယ်သာရှိသေးသ ဖြင့် ယခုကဲ့သို့ နိုင်ငံခြားအာမခံကုမ္ပဏီကြီးတစ်ခု ရုတ်တရက်ရပ်ဆိုင်းခြင်းသည် အခြားပုံမှန်လည်ပတ် နေသောကုမ္ပဏီများအပေါ် သက်ရောက်မှုရှိနေသည်။ ကွန်ဒိုဈေးကွက်တွင်လည်း အခန်း အချိန်မီမရခြင်းသည် ဆောက်လုပ်ရေးလောကအတွင်း နိုင်ငံခြား ဆောက်လုပ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းဆောက် လုပ်ရေးလုပ်ငန်းများကိုပါ သက်ရောက်မှုရှိနေသည်။

(ရွှေ၊  ငွေလဲနှုန်းနှင့်  စက်သုံးဆီ ဈေးကွက်)

ကမ္ဘာ့ရွှေဈေးကွက်အတွင်း အရောင်းအဝယ်ငြိမ် သက်နေသောကြောင့် လက်ရှိကာလတွင် ရွှေဈေးအတက် အကျတည်ငြိမ်နေကြောင်းသိရသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် အယ်နီညိုသက်ရောက်မှုကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် ကျန်းမာရေးကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုများ အကြီးအကျယ်လုပ်ကိုင် နေကြသဖြင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ် နည်းပါးသွားခြင်းဖြစ်သည်။ ဥရောပနိုင်ငံများတွင် ရာသီဥတုအအေးဆုံးနိုင်ငံများတွင်ပါဝင်သည့် နော်ဝေးနိုင်ငံတွင် နှင်းတောင်ကြီးများ ပထမဆုံးအကြိမ်အဖြစ် အရည်ပျော်သည်အထိ ရာသီဥတုပြောင်းလဲနေကြောင်း သိရသည်။ 

လက်ရှိဖြစ်ပေါ်နေသော စူပါအယ်နီညိုဖြစ်စဉ်သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြစ်ပေါ်နေခြင်းဖြစ်ရာ ကမ္ဘာ့ နိုင်ငံအများစုမှာ ရွှေဈေးကွက်အ‌ပေါ်   စိတ်ဝင်စားမှုကျဆင်းလာခြင်းဖြစ်သည်။ အောက်တို ဘာလ (၆)ရက် ကမ္ဘာ့ ရွှေ ဈေးမှာ တစ်အောင်စလျှင် (၄၁၃၁)ဒေါ်လာဝန်းကျင်ပေါက်ဈေးရှိပြီး ပြည်တွင်း ရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် သိန်း တစ်ရာ့ငါးသောင်း ပေါက်ဈေးဖြစ်ပေါ်နေသည်။

ပြည်တွင်း၌ စပါးပေါ်ချိန်ပဲပေါ်ချိန် ရွှေဈေးမြင့် တက်လေ့ရှိသော်လည်း လက်ရှိကာလတွင် အထွေထွေကုန် ဈေးနှုန်းမြင့်မားခြင်းနှင့် ရွှေအရောင်းအဝယ် နည်းပါးခြင်းတို့ကြောင့် ရွှေဈေးနှုန်းအပြောင်းအလဲ နည်းပါးနေနိုင်သည်။ ရွှေဝယ်ယူစုဆောင်းသူများ အနေဖြင့် လက်ရှိအချိန်သည် ရွှေစုဆောင်းရန်သင့်တော် သောအချိန်သို့ရောက်ရှိနေကြောင်း ရွှေလုပ်ငန်းရှင် များကဆိုသည်။ ရွှေအထည်လက်ဝတ်ရတနာ ဈေးကွက်အတွင်း(၁၅)ပဲရည်ရွှေ တစ်ကျပ်သားလျှင် (၉၄)သိန်း(၆၀ဝဝဝ)ကျပ်သာ ပေါက်ဈေးရှိနေခြင်းကြောင့် ရွှေထည်ဝတ်ဆင်သူများအတွက် ကောင်းမွန် သောဈေးကွက် ဖြစ်ကြောင်းသိရသည်။ 

ငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ဈေးမှာ ဈေးအမြင့်ပိုင်းတွင်တည်ငြိမ်နေပြီး အောက် တိုဘာလ (၆)ရက်ပေါက်ဈေးအရ အမေရိကန်တစ် ဒေါ်လာလျှင် (၄၄၈၅)ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရ သည်။ အမေရိကန်ဒေါ်လာ ဈေးမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက အပြောင်း အလဲအနည်းငယ်သာဖြစ်ပေါ် ခဲ့သည်။ အခြားနိုင်ငံ များ၏ငွေလဲဈေးနှုန်းများမှာ ထိုင်းတစ်ဘတ်လျှင် (၁၃၃)ကျပ်၊ တရုတ်တစ်ယွမ်လျှင် (၆၆၉)ကျပ်၊ အိန္ဒိယတစ်ရူပီးလျှင် (၄၆)ကျပ်နှင့် စင်ကာပူတစ်ဒေါ် လာလျှင် (၃၅၀၅)ကျပ် အသီးသီးပေါက်ဈေးရှိ ကြောင်းသိရသည်။ သွင်းကုန်လျှော့ချသည့်မူဝါဒများကြောင့် နိုင်ငံခြားငွေဈေးကွက်မှာ အပြောင်းအလဲ အနည်းငယ်ဖြင့် ဆက်လက် ရပ်တည် နေနိုင်သည်။ ကမ္ဘာ့ရေနံဈေးမြင့်တက်မှု အချိန်ကြာမြင့်နိုင်ကြောင်း ခန့်မှန်းချက်များထွက်ပေါ်နေရာ ပြည်တွင်း စက်သုံးဆီ ဈေးမှာ ကျဆင်းနိုင်ခြေနည်းပါးနေသည်။ ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့်စက်သုံးဆီမှာ အမြင့်ပိုင်း တွင် ဆက်လက်ရပ်တည်နေမည်ဖြစ်ပြီး ဈေးနှုန်းကျ ဆင်းရန် ပြည်တွင်း သန်လျင်ရေနံချက်စက်ရုံထုတ် စက်သုံးဆီများ ဈေးကွက်အတွင်းဝင်ရောက်လာမှသာ အပြောင်းအလဲဖြစ်ပေါ်လာနိုင်သည်။ လာမည့်ရက်များအတွင်း စက်သုံးဆီဈေး အမြင့်ပိုင်းတွင် ဆက် လက်ရပ်တည်နေမည်ဖြစ်သည်။


(ဆီထွက်သီးနှံနှင့် ပြည်တွင်းဆီစက်များ စတင်လည်ပတ်ချိန်)

လက်ရှိအချိန်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့်နေကြာများ ဈေးကွက်အတွင်းဝင်ရောက် နေပြီဖြစ် ရာ ပြည်ပမှ ဆီနှင့်ကြိတ်ဖတ်များ တင်သွင်း မှုလျှော့ချရန် တောင်းဆိုမှုများရှိနေသည်။ ပြည်ပမှ တင်သွင်းသောစား အုန်းဆီသည် ဈေးနှုန်းချိုသာခြင်းကြောင့် အခြေခံလူတန်းစားများအတွက် မရှိမဖြစ်သုံး စွဲနေရသည်။ ပြည်တွင်းမှကြိတ်ခွဲ ထုတ်လုပ်သော စားသုံးဆီများမှာ တစ်ပိဿာလျှင် အနည်းဆုံး (၁၀ဝဝဝ)ကျပ်အထက်သို့ရောက်ရှိနေရာ အခြေခံလူ တန်းစားများနှင့် စားသောက်ဆိုင်များအတွက် သုံးစွဲ ရန်မလွယ်ကူပေ။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များက စားသုံးဆီထုတ်လုပ်မှုမြှင့်တင်ရန် ကြိုးပမ်းနေ သော်လည်း လက်ရှိအချိန်တွင် ဈေးကွက်ဝယ်လိုအား နည်းပါး နေဆဲဖြစ် သည်။ 

လက်ရှိ မြန်မာနိုင်ငံအတွင်း မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်း၊ ဆီအုန်း၊ ပဲပုပ်စသည့် ဆီထွက်သီး နှံစိုက် ဧက (၉ ဒသမ ၃) သန်းကျော်ရှိပြီး ဆီတန်ချိန် (၁ ဒသမ ၁၅)သန်းခန့်ထွက်ရှိကြောင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၏ရရှိသော အချက်အလက်များအရသိရသည်။ ပြည်တွင်းသုံးစွဲမှုမြင့် တက်စေရန်အတွက် စားအုန်းဆီ တင်သွင်းခြင်းနှင့် ဆီကြိတ်ဖတ်တင်သွင်းမှုကိုလျှော့ချပေးရန် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း(MEOMA)က တောင်း ဆိုထားကြောင်းသိရသည်။

ဆီကြိတ်ဖတ်သည် တိရစ္ဆာန်အစားအစာအတွက်တင်သွင်းနေခြင်းဖြစ်ပြီး ပြည်တွင်းမှကြိတ်ခွဲ ထုတ်မှုနှင့်ချိန် ဆပြီး လျှော့ချတင်သွင်းရန်တောင်းဆို ခြင်းဖြစ်ကြောင်းသိရသည်။ စီးပွား/ကူးသန်း၏ အချက်အလက်များအရ (၂၀၂၁-၂၀၂၂) (Mini Budget)မှ (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်အထိ ပြည်တွင်း လိုအပ်ချက်အတွက် နှစ်စဉ် ပြည်ပမှ စားအုန်းဆီတန် ချိန် (၂ ဒသမ ၆၇)သန်းကျော်တင်သွင်းခဲ့ရပြီး အမေရိကန်ဒေါ်လာ (၃)ဘီလျံခန့်သုံးစွဲထားရကြောင်း သိရသည်။ လာမည့်ရက်များအတွင်း ပြည်တွင်းထုတ် စားသုံးဆီများ၏ဈေးကွက်အခြေအနေကိုဆက်လက် စောင့်ကြည့်ရ မည်ဖြစ် သည်။

(ပဲ၊ နှမ်း၊ ပြောင်း ဈေးကွက် အေးစက်နေ)

ပြည်ပသို့တင်ပို့နေသော ပဲမျိုးစုံ၊ နှမ်းနှင့်ပြောင်း တို့မှာဈေးကွက်အေးနေပြီး အဓိကအားဖြင့် တရုတ် နှင့်အိန္ဒိယ နိုင်ငံများမှ ဝယ်လက်များကျဆင်းနေခြင်းကြောင့်ဖြစ်သည်။ မတ်ပဲနှင့်ပဲတီစိမ်းတို့မှာ ပြည်ပဝယ် လက်နည်းပါးခြင်း ကြောင့် ဈေးကွက်အတွင်း ဈေးအေးနေပြီး အရောင်းအဝယ်ပါးကြောင်းသိရသည်။ ဆီထွက်သီးနှံဖြစ်သောနှမ်းမှာလည်း ပြည်တွင်းနှမ်းဆီဈေးကွက်နည်းပါးခြင်းနှင့် ဈေးနှုန်းမြင့် မားခြင်းတို့ကြောင့် ပြည်ပဝယ်လက်ကို အားထားနေရခြင်းဖြစ် သည်။ တရုတ်နိုင်ငံ၏ဝယ်လိုအားကို စောင့်နေသည့် ပဲတီစိမ်းမှာ ယခုရက်သတ္တပတ်တွင်လည်း ပြည်တွင်း၊ ပြည်ပ ဈေးငြိမ်နေသည်။ ဩစတြေးလျ ပဲတီစိမ်းဓာတ် ကြွင်းပြဿနာနှင့်အတူ မြန်မာ့ပဲတီစိမ်းကိုလည်း စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာနိုင်သည်ဆိုသည့် သုံးသပ်မှုများလည်းရှိနေသည်။ ထို့ကြောင့် အရည်အသွေးသာမက ဓာတ်ကြွင်း နည်းရန်လည်း လိုအပ်လာ ပြီဆိုသည့်ပြောဆိုမှုများရှိနေသည်။ ပဲခွဲစက်များ၏ ဝယ်လိုအား၊ သီးနှံအထွက်နှုန်း ပေါ်စိုးရိမ်မှု၊ ဈေးကွက်သို့ ကုန်အဝင်အားနည်းမှုတို့ကြောင့် အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံတစ်တန်လျှင် အမေရိကန် ဒေါ်လာ (၃၅) ဒေါ်လာ ဈေးမြင့်တက်သွားသည်။ 

ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းအ ဝယ်ရပ်ပြီးနောက် ဈေးငြိမ်နေသည့်ပြောင်းဈေးမှာ ယခုရက် သတ္တပတ်တွင် ဈေးအနည်းငယ်ကျလာသည်။ မြန်မာနိုင်ငံ၏ ပဲမျိုးစုံ၊ နှမ်းနှင့်ပြောင်းတို့၏ဈေးကွက် အပြောင်းအလဲသည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အဓိကသက်ရောက်မှုရှိနေသည်။


(CHUBB Life အသက်အာမခံလုပ်ငန်းနှင့်  The Central ကွန်ဒိုအခန်းအရောင်းအဝယ်)

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကအာမခံလုပ်ငန်းများ စတင်လုပ်ကိုင်သည်မှာ နှစ်အနည်းငယ်သာရှိသေးချိန်တွင် နိုင်ငံတကာမှ အာမခံကုမ္ပဏီကြီးတစ်ခုဖြစ်သည့် CHUBB အာမခံလုပ်ငန်းသည် (၂၀၂၅)ခုနှစ် တွင် ရုတ်တရက် ကုမ္ပဏီဘက်မှ လုပ်ငန်းရပ်ဆိုင်း ကြောင်းကြေညာခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် အသက်အာမခံထားရှိသူ နှစ်သောင်း ကျော်၏ အမေရိ ကန်ဒေါ်လာသန်း(၅၀)တန်ဖိုးရှိသောအသက်အာမခံ ငွေများဆုံးရှုံးခဲ့ရသည်။ အာမခံလုပ်ငန်းများအပေါ် အများပြည်သူ၏ယုံကြည်မှုကျဆင်းသွားခဲ့ရပြီး အာမခံလုပ်ငန်းဈေးကွက်တစ်ခု လုံးဈေးကွက်ထိခိုက်ခဲ့ကြောင်း သိရ သည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာမှ CHUBB Life အသက်အာမခံလုပ်ငန်းကို အခြားနိုင်ငံခြားလုပ် ငန်းတစ်ခုဖြင့် အစားထိုးရန်ပြင်ဆင်နေကြပြီး အာမခံငွေများကို ပြန်ထုတ်ပေးမည်မဟုတ်ကြောင်းသိရ သည်။ အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် လိုင်စင်ရရှိရန် စပေါ်ငွေများ နိုင်ငံတော်တွင်အပ်နှံထားသည်ဆိုသော်လည်း ပြဿနာများဖြစ်ပေါ် လာချိန်တွင် စပေါ်ငွေများဖြင့်ငွေပြန်မပေးနိုင်ခြင်းသည် သက်ဆိုင် ရာဦးဆောင်ခွင့်ပြုသူများ၏အားနည်းချက်ကိုတွေ့ရှိရ ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် သက်ဆိုင်ရာအားတိုက်တွန်းကြောင်း အဆိုတင် သွင်းခဲ့ပြီး လွှတ်‌တော်ကသဘောတူခဲ့ရာ အဆိုအောင်မြင်ခဲ့သည်။ 

ထူးခြားချက်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ပြည်တွင်း၌လာရောက်လုပ်ကိုင်သည့် The Central ကွန်ဒို တိုက်ခန်းများ အချိန်မီ အခန်းမအပ်နိုင်ခြင်းကြောင့် အခန်းဝယ်ယူထားသူများက ဝေဖန်မှုများဖြစ်ပေါ်နေရာ ဆောက်လုပ် ရေးလောကအတွက် စိန်ခေါ်မှုဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံ၏စီးပွားရေး မြို့တော်ရန်ကုန်တွင် ကွန်ဒိုဆောက် လုပ်ရောင်းချနေသော်လည်း အမှန်တကယ်မြေပြင်တွင် တည်ဆောက် ခြင်းရှိမရှိကို သေချာစွာမစစ်ဆေးဘဲ အခန်း ကြိုတင် ဝယ်ယူမှုများသည် အငြင်းပွားဖွယ်များဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထို့ပြင် ဆောက်လုပ်ရေးကုမ္ပဏီဘက်မှ အချိန်တိကျစွာမဆောက်လုပ်ခြင်းကြောင့် ရပ်နားထားသည့်ကွန်ဒိုအများအပြားလည်း ရှိနေသည်။

အထပ်မြင့်အဆောက်အအုံနှင့် အဆင့်မြင့်အိမ် ရာစီမံကိန်းများသည် အခန်းဝယ်ယူသူနှင့် ဆောက်လုပ် ရောင်းချ သူအကြား တိုက်ရိုက်အရောင်းအဝယ်ပြု လုပ်နေကြခြင်းဖြစ်ပြီး နှစ်ဖက်အကြားတွင် ကြားခံ အာမခံပေး မည့်အဖွဲ့ အစည်းမရှိခြင်းကြောင့် ယခုကဲ့ သို့ပြသနာများဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိတွင် The Central ကွန်ဒိုကို အထူး စုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး)က ချိပ်ပိတ်စစ်ဆေးနေပြီး ကွန်ဒိုတိုက် ခန်းရောင်းချမှုများရပ်ဆိုင်းထားသည်။ လာမည့် ရက်များအတွင်း အာမခံဈေးကွက်နှင့် ကွန်ဒိုဈေးကွက် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းတို့ကာကွယ်ရေးအသုံးစရိတ်အတွက် ဒေါ်လာ (၇၀)ဘီလျံနီးပါး လိုအပ်နေဟုဆို

RECENT POSTS
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
တနင်္သာရီတွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ (၅၂) သန်းကျော်ရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved