ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း အီရန်အစိုးရပြော
ဂျန်ဇက် (NSS) - အောက်တိုဘာလ ၁၀
အီရန်နိုင်ငံအနေဖြင့် ယူရေနီယံသန့်စင်မှုကို စွန့်လွှတ်မည်မဟုတ်သလို၊ ၎င်း၏ ယူရေနီယံများကိုလည်း လွှဲ ပြောင်းပေးမည်မဟုတ်ကြောင်း အီရန်၏ အဏုမြူစွမ်းအင်အဖွဲ့အကြီးအကဲ မိုဟာမက်အက်စ လာမီ(Mohammad Eslami) က ထုတ်ဖော်ပြောဆို လိုက်သည်။
အမေရိကန်အစိုးရက စစ်ပွဲအဆုံးသတ်ရန် အတွက် အီရန်အနေဖြင့် ၎င်းတို့၏ သန့်စင်ထားသည့် ယူရေနီယံနှင့် နျူကလီးယားအစီအစဉ်များကို လျှော့ချရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ရက်ပိုင်းအကြာတွင် အီရန် ဘက်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
အီရန်နိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ အက်စလာမီက အီရန်၏ နျူကလီးယားစက် ရုံများကို ဆန့်ကျင်သည့် အမေရိကန်၏ခြိမ်းခြောက်မှု အသစ်များကို “ထူးဆန်းသည့်အရာမဟုတ်ကြောင်း၊ သန့်စင်မှုလုပ်ငန်းစဉ် ဆိုသည်မှာ နျူကလီးယားဖြစ်စဉ် တစ်ခု၏ ခွဲထုတ်၍မရသောအစိတ်အပိုင်းတစ်ခု” ဖြစ်ကြောင်းပြောသည်။

အီရန်နှင့်အမေရိကန်နိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲကိုအဆုံးသတ်ရန်နှင့် ကမ္ဘာ့စွမ်းအင် သယ် ယူပို့ဆောင်ရေး အတွက် အလွန်အရေးပါသော ရေလက်ကြားတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်ရည်ရွယ် လျက် အီရန်နှင့်အမေရိကန်တို့ အပြန်အလှန်အဆိုပြုချက်များ ဖလှယ်ခဲ့ရာ အမေရိကန်ဘက်က အီရန်ကို ယူရေနီယံ သန့်စင်မှု များလျှော့ချရန်တောင်းဆိုခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်နှင့် အမေရိကန်နိုင်ငံ ကြားရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ပါအချက်များကို အမေရိကန်ဘက်က လိုက်နာမည့် အခြေ အနေများပြည့်မီပါက ဟော်မုဇ်ရေလက်ကြားက ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။
အီရန်နိုင်ငံ အဏုမြူစွမ်းအင်အေဂျင်စီအ ကြီးအကဲ အက်စလာမီက “သန့်စင်မှုဆိုတာ နျူကလီးယားဖြစ်စဉ်ရဲ့ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့ စွန့်လွှတ်မှာမဟုတ်ပါဘူး။ လုပ်ငန်းစဉ်ရဲ့ အစမှတ် တောင်မရှိဘဲနဲ့ ကိုယ့်မှာ နျူကလီးယားစက်မှုလုပ်ငန်းရှိတယ်လို့ ဘယ်လို ပြောလို့ရမလဲ။ နျူကလီးယားစက်မှုလုပ်ငန်း ဆိုတာ သိပ္ပံနဲ့နည်းပညာရဲ့တွန်းအားတစ်ခုပါပဲ”ဟုပြော သည်။
အမေရိကန်၊ အစ္စရေးနှင့် အနောက်အုပ်စုနိုင်ငံများက အီရန်သည် နျူကလီးယားလက်နက် ရရှိစေရန်ကြိုး ပမ်းနေပြီး သန့်စင်ထားသည့် ယူရေနီယံ (၆၀)ရာခိုင်နှုန်းခန့်ရှိနေကြောင်း စွပ်စွဲထားသည်။ နျူကလီးယားလက်နက် ထုတ်လုပ်ရန်အတွက် သန့်စင်ထားသည့် ယူရေနီယံ(၉၀)ရာခိုင်နှုန်းကျော် လို အပ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ(၁ဝ)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
