Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရောင်းရဆုံးဗြိတိန်ဝတ္ထုရေးဆရာ ဂျက်ဖရီအာချာကွယ်လွန်

Pika (NSS) - အောက်တိုဘာလ ၁၀

အရောင်းရဆုံးစာအုပ်များရေးသားခဲ့သည့် ဗြိတိန်စာရေးဆရာဂျက်ဖရီအာချာသည် အသက် (၈၆)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဂျက်ဖရီအာချာသည် ၎င်း၏ နောက်ဆုံး ဝတ္ထုဖြစ်သော “Adam And Eve” စာအုပ်ကို ကမ္ဘာတစ်ဝန်းဖြန့်ချိမှုများမလုပ်ဆောင်မီ တစ်ရက်အလိုတွင် နေအိမ်၌ ရုတ်တရက်နှင့် ငြိမ်းချမ်းစွာကွယ်လွန် သွားခဲ့ကြောင်း ထုတ်ဝေသူ ဟာပါကော်လင်က ပြောကြားခဲ့သည်။

ဂျက်ဖရီအာချာ၏ ရောင်းရဆုံးစာအုပ်ဖြစ်သော “Kane And Abel” စာအုပ်သည် သမ္မာကျမ်း စာအရ အမည်ပေး ထားသော ဇာတ်ကောင်နှစ်ဦးအကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်သလို အရှုပ်တော်ပုံများဖြင့်ဝန်း ရံခံခဲ့ရသည့် နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သော ဂျက်ဖရီအာချာ၏ ပရော်ဖက်ရှင်နယ် ဘဝမှာ အောင်မြင်မှုနှင့်မငြိမ်မသက်ဖြစ်မှုများကြားတွင် အတက်အကျများရှိခဲ့ပြီး ထောင်ချခံရသည့်ကာလအတွင်းတွင် ပင် စာရေးသားခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေးလောကသို့ ပြန်လည်ဝင် ရောက်ခဲ့ကြောင်း သိရသည်။


ဂျက်ဖရီအာချာ၏ စာပေရေးသားမှုခရီးစဉ်သည် ဆယ်စုနှစ်(၅)ခုကြာမြင့်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အမှားအယွင်း အချို့ကြောင့်ကြုံတွေ့ခဲ့ရသည့် ငွေကြေးဆိုင်ရာဆုံးရှုံးမှုများမှ ပြန်လည်နာလန်ထူနိုင်စေရန် အထောက်အကူဖြစ်ခဲ့သည်။ ဂျက်ဖရီအာချာ၏ ပထမဆုံးဝတ္ထုဖြစ်သော ‘Not A Penny More, Not A Penny Less’ကို (၁၉၇၆)ခုနှစ်တွင် စတင်ထုတ် ဝေခဲ့ပြီး ယင်းစာအုပ်က ဒေဝါလီခံရလုနီးပါးဖြစ်ခဲ့ရသည့် ၎င်း၏ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံရေးသားထားခြင်းဖြစ် ကြောင်းလည်းသိရသည်။ ဟာပါ ကော်လင်၏အဆိုအရ ဂျက်ဖရီအာချာသည် ဗြိတိန် Sunday Times ၏ အရောင်းရဆုံး စာအုပ်စာရင်းတွင် အချိန်(၁၄)နှစ်နှင့်(၅)လကြာ၊ The New York Times ၏ အရောင်းရဆုံးစာအုပ်စာရင်းတွင် အချိန် (၅)နှစ်ကျော်ကြာပါဝင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် စာအုပ်အုပ်ရေ သန်း(၃၀ဝ)ကျော် ရောင်းချခဲ့ရကြောင်း သိရသည်။ ထို့ပြင် Adam And Eve စာအုပ်က ၎င်းရေးသားခဲ့သည့်စာအုပ်အားလုံးထဲတွင် စိတ်ကျေ နပ်မှုအများဆုံးရရှိစေသည့် လက်ရာတစ်ခုဖြစ်ကြောင်း ဂျက်ဖရီအာချာကပြောကြားခဲ့သည်။ ဂျက်ဖရီအာချာ ကွယ်လွန်ချိန်တွင် နှစ်ပေါင်း(၆၀)ကြာ လက်တွဲခဲ့သော ဇနီးဖြစ်သူဒိန်းမေရီ အာချာ၊ သားနှစ်ဦး၊ မြေးမနှစ်ဦး နှင့် မြေး(၃)ဦးတို့ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်သည့် လက်နက်အသစ်ကို တောင်ကိုရီးယားစမ်းသပ်

RECENT POSTS
ဖားကန့်တွင် KIA က လူသစ်စုခြင်းကို တပ်မတော်နှင့် ပြည်သူ့စစ်ပါ လုပ်ဆောင်ကြောင်း ပုံမှားရိုက်ဝါဒဖြန့်နေဟုဆို
09 Nov 2026
မင်္ဂလာဈေးသစ်ကြီးတည်ဆောက်ရေးတွင် ကျပ် (၆၈) ဘီလျံဖြင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကျပ်ဘီလျံ (၂၀ဝ) ကျော် ကုန်ကျခဲ့
09 Nov 2026
(၅)နှစ်ကျော်ကာလအတွင်း ဓမ္မစကူးကျောင်းပေါင်း (၅၅၀ဝ) ကျော် ပျောက်ကွယ်
09 Nov 2026
ဇင်းကျိုက်တွင် ရေခဲသေတ္တာ Safeguard မီးလောင်ရာမှတဆင့် နေအိမ် (၃) လုံး မီးလောင်
09 Nov 2026
PJ သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်နှင့်မိသားစုလွှဲပို့ငွေ အထောက်အထားများကို ယနေ့မှစ၍ ပူးတွဲတင်ပြရမည်
09 Nov 2026
​စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေး ပြည်နယ်ဝန်ကြီးချုပ် မှာကြား
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
​ဆွေးနွေးပွဲများ တိုးတက်မှုရှိပါက အီရန်ကို တိုက်ခိုက်ရန် အမိန့်ပေးရန်အလားလာနည်းဟု သမ္မတထရမ့်ပြော
09 Nov 2026
APEC ထိပ်သီးအစည်းဝေးတွင် တရုတ်၊ ရုရှားသမ္မတတို့နှင့်တွေ့ဆုံမည်ဟု အမေရိကန်သမ္မတပြော
09 Nov 2026
အီရန်နဲ့ကိစ္စတွေက မပြီးပြတ်သေးဘူးလို့ အစ္စရေး ခြိမ်းခြောက်
09 Nov 2026
ရော်ဘာစက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများနှင့် စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တိုက်တွန်း
09 Nov 2026
အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးမြို့ကြီးဖြစ်လာ
09 Nov 2026
အီဂျစ်နိုင်ငံက (၁၂) နှစ်ကြာပိတ်ထားတဲ့ လစ်ဗျားနိုင်ငံ၊ ထရီပိုလီမြို့ရှိ သံရုံးကို ပြန်လည်ဖွင့်လှစ်
09 Nov 2026
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိတစ်ဦးရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရ
09 Nov 2026
အသက်(၇၀)ကျော် အဘွားအို (၈) ဦးပါဝင်တဲ့ ကိုရီးယား Trot ဂီတအဖွဲ့ စတင်ပွဲဦးထွက်လာ
09 Nov 2026
အမေရိကန်တိရစ္ဆာန်ဥယျာဉ်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံနှစ်ကောင်ကို အများပြည်သူကြည့်ရှုနိုင်ဖို့ စတင်ပြသ
09 Nov 2026
အော်စကာဆုရ ချီလီရုပ်ရှင်ဒါရိုက်တာ ဆီဘက်စတီယန်လီလီယို အသက် (၅၂) နှစ်အရွယ်မှာ ကွယ်လွန်
09 Nov 2026
Google အမှုဆောင် ဒေါ်နယ်ဟယ်ရီဆန် SpaceX ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်
09 Nov 2026
Nvidia ရှယ်ယာဈေးနှုန်း ကျဆင်းမှုကြောင့် ဂျင်ဆင်ဟွမ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၁၀) ဦးစာရင်းမှ ထွက်ခွာ
09 Nov 2026
အီဂျစ်မှာ ရထားနှစ်စီးတိုက်မိပြီး အနည်းဆုံးလူ(၇)ဦးသေဆုံးကာ အခြားလူ(၁၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိ
09 Nov 2026
FOLLOW US

Copyright © News Services Station | All Right Reserved