မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး သန်လျင်တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်
စိမ့်စမ်းရေ (NSS) - အောက်တိုဘာ ၁၀
မလေးရှားနိုင်ငံမှ သင်္ဘောဖြင့်ပြန်ခေါ်လာပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့တွင် ယာယီထားရှိသော ရခိုင်တိုင်းရင်းသားများအား ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) က နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းတို့အား ထားရှိသော သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးတွင် နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်းအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများကို နိုင်ငံတော်အပေါ် သစ္စာရှိရန်နှင့် အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အားပေးစကားပြောကြားခဲ့သည်။
ထို့ပြင် နေရပ်ပြန်ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်က အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာကိစ္စရပ်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်သူများ၏အခက်အခဲများကို နိုင်ငံတော်သမ္မတ သိရှိပါက စိတ်ကောင်းမည်မဟုတ်ဟု ကျောက်ကြီး လွှတ်တော်အမတ်ဆို
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
