ရုရှားလောင်စာဆီကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ယာယီရုတ်သိမ်းပေး
Pika (NSS) - အောက်တိုဘာ ၁၀
ကမ္ဘာတစ်ဝန်း လောင်စာဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်နေချိန်မှာပဲ ရုရှားလောင်စာဆီကုန်သွယ်မှုကို ပိတ်ဆို့အရေးယူမှုတွေကနေ ယာယီကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်အရ အမေရိကန်နိုင်ငံအပါအဝင် နေရာအသီးသီးကို ရုရှားဒီဇယ်ရောင်းချမှု၊ပို့ဆောင်မှု၊ကုန်ချမှုနဲ့တင်သွင်းမှုတို့ကို အနည်းဆုံး(၂၀၂၇)ခုနှစ် ဧပြီလ(၇)ရက်နေ့အထိ ခွင့်ပြုထားမှာဖြစ်တယ်လို့သိရပါတယ်။
ရုရှားသမ္မတပူတင်နဲ့ ဖုန်းခေါ်ဆိုမှုအပြီး အဓိကသဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အခုလိုသတင်းတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က”ရုရှားနိုင်ငံက အမေရိကန်နဲ့ကမ္ဘာ့ဈေးကွက်ကို ဒီဇယ်တန်ချိန်(၃)သိန်းကျော် ချက်ချင်းထောက်ပံ့ပေးမှာဖြစ်သလို လာမယ့်နိုဝင်ဘာလအတွင်းမှာ နောက်ထပ်တန်ချိန်(၅)သိန်းကျော်နဲ့ နောက်ပိုင်းမှာလည်း နောက်ထပ်တန်ချိန်(၁)သန်းထပ်မံပံ့ပိုးပေးသွားမှာဖြစ်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ယူကရိန်းရဲ့တာဝေးပစ်တိုက်ခိုက်မှုခြိမ်းခြောက်မှုတွေကို အဆက်မပြတ်ခံနေရတဲ့ ရုရှားရဲ့ရေနံချက်စက်ရုံတွေ အခြေအနေအပေါ်မူတည်ပြီး အချိန်တိုအတွင်းမှာ နောက်ထပ်ဒီဇယ်တန်ချိန်(၃)သန်းကို ရုရှားကပံ့ပိုးပေးသွားနိုင်ဖွယ်ရှိနေတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ဖုန်းခေါ်ဆိုမှုအပြီး ထုတ်ပြန်တဲ့ကြေညာချက်မှာ ရုရှားက အမေရိကန်နဲ့ကမ္ဘာ့ဈေးကွက်တွေကို ရေနံနဲ့ရေနံထွက်ပစ္စည်းတွေ ပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ရုရှားအစိုးရကပြောကြားခဲ့ပါတယ်။
အဲဒီလုပ်ဆောင်ချက်က ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအပေါ် အပြုသဘောဆောင်တဲ့သက်ရောက်မှုရှိစေလိမ့်မယ်ဆိုတာကို ယုံကြည်တယ်လို့လည်း ကြေညာချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မရမ်းကုန်းတွင် အရှိန်လွန် မော်တော်ယာဉ်က ဓာတ်တိုင်ကို တိုက်မိသောကြောင့် လူ (၃) ဦး သေဆုံး
RELATED POSTS
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,ပြည်တွင်း
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
09 Nov 2026 | နိုင်ငံရေး,နိုင်ငံတကာ
