ဗြိတိန်စွန့်စားခရီးသွားရဲ့ ကမ္ဘာတစ်ပတ် လမ်းလျှောက်ခရီး ၂၈ နှစ်ကြာပြီးနောက် အိမ်ပြန်ရောက်
ရောင်နီ(NSS)-အောက်တိုဘာ ၈
ဗြိတိန်နိုင်ငံသား စွန့်စားခရီးသွား ကားလ် ဘွတ်ရှ်ဘီ ဟာ ကမ္ဘာတစ်ပတ် ခြေလျင်လမ်းလျှောက်ပြီး လှည့်ပတ်မယ့် ခရီးစဉ် စတင်ခဲ့ပြီးနောက် ၂၈ နှစ်အကြာမှာ ဗြိတိန်မြေကို ပြန်လည်ခြေချနိုင်ခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် ကားလ် ဘွတ်ရှ်ဘီ ဟာ ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလမှာ အင်္ဂလန်နိုင်ငံ၊ ဟာလ် မြို့အနီး၊ ချီလီ နိုင်ငံ၊ ပွန်တာ အာရီနပ်စ် မြို့ကနေ စတင်ထွက်ခွာခဲ့ပြီး လေယာဉ်နဲ့ သင်္ဘောကို အသုံးမပြုဘဲ ကမ္ဘာတစ်ပတ် လမ်းလျှောက်မယ့် “Goliath Expedition” ခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း ဘွတ်ရှ်ဘီ ဟာ အမေရိကန်၊ မက္ကဆီကို၊ ရုရှား၊ တရုတ် အပါအဝင် နိုင်ငံအများအပြားကို ဖြတ်သန်းခဲ့ပြီး အလွန်ခက်ခဲတဲ့ ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင်တွေကို ဖြတ်ကျော်ခဲ့ရပါတယ်။ အထူးသဖြင့် ရုရှားနိုင်ငံ၊ ဘွတ်ရှ်ဘီ ကို ဖြတ်ကျော်တဲ့ ခရီးစဉ်မှာ ရေခဲပြင်ပေါ်ကနေ လမ်းလျှောက်ခဲ့ရသလို အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်ကနေ ရုရှားနိုင်ငံအထိ သွားရောက်နိုင်ဖို့ သဘာဝအခြေအနေတွေနဲ့ ဥပဒေဆိုင်ရာ အခက်အခဲတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
ဘွတ်ရှ်ဘီ ရဲ့ မူလအစီအစဉ်အရ ကမ္ဘာတစ်ပတ်ခရီးကို အချိန်တိုအတွင်း ပြီးစီးဖို့ ရည်ရွယ်ထားပေမယ့် ဗီဇာနဲ့ နယ်စပ်ဖြတ်ကျော်ခွင့်ဆိုင်ရာ ပြဿနာတွေ၊ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနဲ့ COVID-19 ကပ်ရောဂါ ကြောင့် ခရီးခဏရပ်နားရတာတွေရှိခဲ့ပြီး ခရီးစဉ်ဟာ ၂၈ နှစ်အထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ခရီးစဉ်အတွင်း အမေရိကတိုက်တစ်လျှောက် ဖြတ်သန်းခဲ့ပြီး အလွန်ခက်ခဲတဲ့ ဒါရီယန် ဂက်ပ် ကို ဖြတ်ကျော်ခဲ့သလို အလက်စကာ ကနေ ရုရှားအထိရှည်တဲ့ ဘဲရင်း စထရိတ် ကိုလည်း ခြေလျင်ဖြတ်သန်းခဲ့ပါတယ်။ ဒါအပြင် ကက်စ်ပီယန်ပင်လယ် ကိုလည်း ရေကူးဖြတ်ကျော်ခဲ့ပြီး စုစုပေါင်း နိုင်ငံ ၂၉ နိုင်ငံကို ဖြတ်သန်းကာ ကီလိုမီတာ ၅၀,၀၀၀ ခန့် ခရီးနှင်ခဲ့ပါတယ်။
အဲဒီနောက် နောက်ဆုံးအဆင့်အနေနဲ့ ပြင်သစ် ဘက်ကနေ English Channel ကို ရေကူးဖြတ်ကျော်ခဲ့ပြီး အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းမှာ ဗြိတိန်နိုင်ငံ၊ ဒိုဗာ မြို့အနီးရှိ ရှိတ်စပီးယား ဘိချ် ကို ရောက်ရှိခဲ့ပါတယ်။ ဘွတ်ရှ်ဘီ ဟာ ဒီခရီးစဉ်အတွက် ကမ္ဘာတစ်ပတ် လမ်းလျှောက် ခရီးတွေထဲမှာ အရှည်ကြာဆုံးနဲ့ အခက်ခဲဆုံး ခရီးစဉ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိရစ္ဆာန်အရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများကို လိုက်နာမှု မရှိပါက လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်
RELATED POSTS
07 Nov 2026 | ခရီးသွား,ပြည်တွင်း
05 Nov 2026 | ခရီးသွား,ပြည်တွင်း
03 Nov 2026 | ခရီးသွား,ပြည်တွင်း
