မန္တလေး - ပြင်ဦးလွင်လမ်း ပေါ် က (၁၆) မိုင် စစ်ဆေးရေးဂိတ် ကို ပိတ်သိမ်း
ပီယ (NSS) - အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး - ပြင်ဦးလွင်လမ်း၊ ကျောက်ချောကျေးရွာရှိ (၁၆)မိုင် စစ်ဆေးရေးဂိတ် ကို ပိတ်သိမ်းထားကြောင်း မြင်ရသည်ဟု မန္တလေးမြို့ခံ များထံ NSS က မေးမြန်းထားချက်များအရ သိရသည်။
ယင်းဂိတ် သည် မန္တလေး အဝင်း၊ အထွက် အတွက် စစ်ဆေးခံရသော ဂိတ်ကြီး တစ်ဂိတ် ဖြစ်သည်။
“ဖျက်လိုက်ပြီ။ မနေ့ က စဖျက်တာ ဖြစ်ဖို့များတယ်။ မနေ့က ပြန်လာတော့ ဖျက်ပြီးသွားပြီ။ အခုက အတက် ရော၊ အဆင်းရော ဖျက်ထားတာ။ လူတော့ မရှိတော့ဘူး။ အဆောက်အအုံတွေ ရှိတယ်။ ပစ္စည်းတွေ သိမ်း ထားတာပေါ့” ဟု မန္တလေး - ပြင်ဦးလွင် လမ်း ကို ပုံမှန် အသုံးပြုသူ မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။
နယ်မြေ အခြေအနေ အေးချမ်းသည့် ပိတ်လိုက်ခြင်း ဖြစ်မည်ဟု ထင်မြင်မိကြောင်း ၎င်းက ဆိုသည်။
“အဓိကတော့ လိုင်းကားနဲ့ ကုန်တင်ကားကို စစ်တာပေါ့။ အိမ်စီးကားကတော့ မှန်ချမောင်းရတယ်” ဟု ယခင် ဂိတ်ရှိခဲ့စဉ် က အခြေအနေကို ၎င်းက ရှင်းပြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေကုက္ကိုလ်နယ်မြေအတွင်း ဒုတိယပိုင်းအနေဖြင့် တရားမဝင်အဆောက်အအုံ(၆၀)ကျော်ကို ဆက်လက် ဖြိုချလျက်ရှိ
RELATED POSTS
07 Nov 2026 | ခရီးသွား,ပြည်တွင်း
05 Nov 2026 | ခရီးသွား,ပြည်တွင်း
03 Nov 2026 | ခရီးသွား,ပြည်တွင်း
