အစိုးရထိန်းချုပ်နယ်မြေတိုးလာသောကြောင့် လာမည့်ခရီးသွားရာသီအပေါ် လုပ်ငန်းရှင်များ မျှော်လင့်နေ
စော (NSS) - အောက်တိုဘာလ ၇
အစိုးရထိန်းချုပ်နယ်မြေတိုးလာသော ကြောင့် လာမည့်ခရီးသွားရာသီအပေါ် ပြည်တွင်းခရီး သွားလုပ်ငန်းရှင်များမျှော်လင့်နေကြောင်း NP News မှမေးမြန်းထားသည့်အချက် အလက်များအရ သိရသည်။
တပ်မတော်က နောင်ချို-ကျောက်မဲ-သီ ပေါဒေသများကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တစ်နှစ်ခန့်ကြာပိတ်ထားခဲ့ရသည့် တိမ်ပင်လယ်အနီး ရှိစခန်းများကို (၂၀၂၅) ခုနှစ်ပွင့်လင်းရာသီတွင် ပြန် လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် မန္တ လေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသအပြင် အခြားဒေသများသို့ လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားများ ပိုမိုဝင်ရောက်လာ စေရေး ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

“ခရီးသွားတွေအလာများရင် ကျွန်တော်တို့ ကဝမ်းသာတာပေါ့။ များဖို့လည်းမျှော်လင့်တာပေါ့”ဟု ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။ ယခု ခရီးသွားရာသီတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလက ခရီးသွားဧည့် သည်ဝင်ရောက်မှုနှုန်းထားကို မမီသေးသော်လည်း ယခင်ကာလများထက် ခရီးသွားဧည့်သည်များ ပိုမို ဝင်ရောက်လာနိုင်ကြောင်း ၎င်းကဆိုသည်။
“ပြီးခဲ့တဲ့နှစ်ထက် စာရင်တော့ နည်းနည်း Rate လေးကတက်လာမယ်လေ။ တက်လာမယ်ဆိုရင် ငဖယောင်းဘက်တွေဆိုရင် အရင်တုန်းက ပြေးရ လွှားရတာလေ။ စစ်ရှောင်ရတာပေါ့။ အခုကတော့ ငဖ ယောင်းဘက်တွေမရှောင်ရတော့ဘူးပေါ့။ စစ်မ ရှောင်ရတော့ ငြိမ်းချမ်းတဲ့သဘောဆိုတော့ အရင်က ထက်တော့ ခရီးသွားက တက်လာမှာလေ တဖြည်း ဖြည်းနဲ့ပေါ့။ သိတဲ့အတိုင်းပဲ ငြိမ်းချမ်းလေ ပိုတက်လာ လေပဲဖြစ်မှာလေ။ ခရီးသွားကများတာတော့များမှာ။ လူတွေက သိပ်ပင်ပန်းနေကြပြီ။ စိတ်ပန်း၊ လူပန်း ကိုဗစ်နဲ့ကိုစစ်နဲ့ အမျိုးမျိုးအဖုံဖုံနဲ့ အပန်းဖြေစရာ ဒါပဲရှိတော့တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် သင်္ကြန်ကာလအတွင်းပြေးဆွဲ မည့် ခရီးသည်တင်ယာဉ်လိုင်းအချို့၏ ကားလက် မှတ်များ ရောင်းကုန်နေပြီဖြစ်ပြီး အချို့ယာဉ်လိုင်း များမှာ လက်မှတ်များကို ဈေးနှုန်းအတက်အကျပေါ် မူတည်၍ စောင့်ကြည့်ကာထိန်းထားကြကြောင်းသိရ သည်။ ဘုရားဖူးခရီးစဉ်များအတွင်း ခရီးသွားပြည်သူ များ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် ဘုရား ဖူးယာဉ်များနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(DPTOA)က ပြီးခဲ့သည့် စက်တင်ဘာလ(၂၁) ရက်တွင် အသိပေးထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်မတိုင်မီကာ လများ၌ ပြည်ပခရီးသွားများအပြင် ပြည်တွင်းခရီးသွား လည်ပတ်မှုများပြားခဲ့သော်လည်း ဒေသတွင်းလုံခြုံ ရေးနှင့် တည်ငြိမ်ရေးတို့အပေါ်တွင် မူတည်နေခဲ့ ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထမင်းချက်အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ ပြည့်တန်ဆာလုပ်ရန် အခန်းတွင်းပိတ်လှောင်၍ ပြန်ပေးဆွဲ ငွေကြေးတောင်းသူများအား အလုပ်နှင့်ထောင်ဒဏ်(၁၂)နှစ်ချမှတ်
RELATED POSTS
07 Nov 2026 | ခရီးသွား,ပြည်တွင်း
05 Nov 2026 | ခရီးသွား,ပြည်တွင်း
03 Nov 2026 | ခရီးသွား,ပြည်တွင်း
