လေယာဉ်လက်မှတ်များကို ဈေးမြှင့်ရောင်းချခြင်းနှင့် Fake Accounts များမှ ရောင်းချခြင်းများကို တိုင်ကြားနိုင်
ထိုက်စံ (NSS) - အောက်တိုဘာ ၆
လေယာဉ်လက်မှတ်များကို ဈေးမြှင့်ရောင်းချခြင်းနှင့် Fake Accounts များမှ ရောင်းချခြင်းများကို တိုင်ကြားနိုင်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ခ နှုန်းထားများအား သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့် နှုန်းထားဖြင့် ဝယ်ယူခဲ့ရခြင်း၊ Fake Accounts များမှတစ်ဆင့် ဝယ်ယူခဲ့ရခြင်းများရှိပါက ခရီးသည် အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ ဝယ်ယူခဲ့ရသည့် ဈေးနှုန်းနှင့် ငွေပေးချေသည့် အထောက်အထား စသည့် တိကျသည့်သတင်းအချက်အလက်များနှင့်အတူ သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။

ထို့ပြင် လေယာဉ် လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ Fake Accounts များမှတစ်ဆင့် ရောင်းချခြင်းများတွေ့ရှိရပါက မည်သူမဆိုပြစ်မှုဆိုင်ရာဥပဒေကြောင်းအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကျပ် (၁၀)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ
RELATED POSTS
07 Nov 2026 | ခရီးသွား,ပြည်တွင်း
05 Nov 2026 | ခရီးသွား,ပြည်တွင်း
03 Nov 2026 | ခရီးသွား,ပြည်တွင်း
