AFC U17 Women's Asian Cup ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးယူ ၁၇ အသင်းက ဂူအမ်အသင်းအား (၉)ဂိုးပြတ်ဖြင့် အနိုင်ရ
သန့်ဇင် (NSS) - အောက်တိုဘာ ၅
AFC U17 Women's Asian Cup ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးယူ ၁၇ ဘောလုံးအသင်းက ဂူအမ်အမျိုးသမီးယူ ၁၇ ဘောလုံးအသင်းအား (၉)ဂိုးပြတ်ဖြင့် အနိုင်ရရရှိခဲ့သည်။
အဆိုပါပွဲစဉ်ကို ယနေ့(အောက်တိုဘာ ၅ ရက်) ညနေ (၄) နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။


မြန်မာအမျိုးသမီးယူ ၁၇ ဘောလုံးအသင်း၏ ပွဲထွက်လူစာရင်းတွင် ဂိုးသမားအဖြစ် ကျော့ကေခိုင်၊ မြတ်မိုးစန်း၊ ကေသွယ်ငြိမ်း၊ နေမျိုးသူသူအောင်၊ စန်းစန်းထွေး၊ ရှင်းသန့်ဖြူစင်ပြုံး၊ နန်းခမ်းလွှမ်း၊ ရီရီဖြိုး၊ ဝင်းရူပါ၊ ဟန်နီဖူးဝေ၊ သက်သက်ဝေတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည်။
ပြိုင်တွင် အိမ်ကွင်းအဖြစ်လက်ခံကစားရသည့် မြန်မာအမျိုးသမီးယူ ၁၇ ဘောလုံးအသင်းက ကြံ့ခိုင်မှုနှင့် ကစားကွက်အသာတို့ဖြင့် ဂူအမ်အသင်းအား ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် (၃၀) မိနစ်က စတင်ကာ ဝင်းရူပါ၊ နန်းခမ်းလွှမ်း၊ ဟန်နီဖူးဝေ၊ ဆောင်းသဇင်ဦး၊ ရှင်းသန့်ဖြူစင်ပြုံးနှင့် နေမျိုးသူသူအောင်တို့၏ သွင်းဂိုးများဖြင့် (၉) ဂိုးပြတ် အနိုင်ရလဒ်ကို ရရှိနိုင်ခဲ့သည်။
ယင်းပွဲစဉ်တွင် မြန်မာအမျိုးသမီးယူ ၁၇ ဘောလုံးအသင်း၏ ကစားကွက်အသာရရှိမှုနှင့်အတူ ဝင်းရူပါက Hat-trick ရရှိခဲ့သည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ(၅)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
RELATED POSTS
04 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,ပြည်တွင်း
03 Nov 2026 | အားကစား,နိုင်ငံတကာ
03 Nov 2026 | အားကစား,ပြည်တွင်း
